Professional Authors

PoemsCorner Authors

အချစ် ကဗျာ

 

ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက်
တကယ်လို့ … ဆိုပြီးတောင်
ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး …

ချစ်သူ တကယ် ချစ် မချစ်
အချစ်က စစ် မစစ်
အတိတ် အနာဂတ်
ပန်းတိုင် ဖူးစာ
ဘ၀ နဲ့ အချစ် အကြောင်း ခွဲခြမ်း စိတ်ဖြာဖို့
သတ္တိ တွေ မရံဝံ့ ခဲ့ ပြန်ဘုး…

ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…

ချစ်သူ တည်မယ့် ကမ္ဘာမှာ
နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင်
ချစ်သူ မျက်ဝန်း အလင်း နဲ့
ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်

တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

အရမ်းကောင်းတယ်..အားပေးသွားပါတယ်..

commentinfo By: heartless girl at Oct 5, 2011
Comment #2

ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…

ချစ်သူ တည်မယ့် ကမ္ဘာမှာ
နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင်
ချစ်သူ မျက်ဝန်း အလင်း နဲ့
ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်

တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

ကောင်းလိုက်တဲ့စကားလုံးအစုအဖွဲ့ မိုက်တယ်ဗျာ

Comment #3

100% right.
really perfect.\
really maeaningful.
i wish i could let him know.

commentinfo By: ei lay at May 19, 2012
Comment #4

အရမ်းဖတ်လို့ကောင်းပါတယ်

commentinfo By: Phyo Nge at May 20, 2012
Comment #5

ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက်
တကယ်လို့ … ဆိုပြီးတောင်
ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး …
ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…
တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

အ၇မ်းကောင်းပါတယ်…

commentinfo By: ဖူးမေ at May 29, 2012
Comment #6

တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

အရမ်းကောင်းတဲ့ စာသားလေးပါ ။ အားပေးနေပါတယ်နော်။

commentinfo By: မေဦး at Jun 11, 2012
Comment #7

အားလုံးကို ကျေးဇူးတင်ပါတယ်နော်…ဘယ်သူမဆို တကယ် ချစ်မိသွားရင် ဒီလိုပဲ ခံစားရတတ်ပါတယ်…

commentinfo By: nwenyeinaye at Jun 11, 2012
Comment #8

Really really touching.

commentinfo By: ei lay at Jul 2, 2012
Comment #9

ကဗျားလေးကောင်းလိုကျွန်မ copy သွားတယ်နော်

commentinfo By: rosemoe at Jul 2, 2012
Comment #10

အရမ်းကောင်းပါတယ်

commentinfo By: loafer at Jul 9, 2012
Comment #11

extremely like
:P

commentinfo By: ei lay at Jul 10, 2012
Comment #12

nice nice nice

commentinfo By: BlueHope at Jul 12, 2012
Comment #13

yeah….I like it so :)

commentinfo By: Thwin Hmue Eain at Jul 21, 2012
Comment #14

တယ်ကဲနေကျပါလား အမိ တို့ရေ သည်လို ကွန်ထရန် ပိုရီတွေကိုမှ ခိုက်ကျတယ်လို့ဗျာ မြန်မာပြည်သားကြီး မောင်ချောနွယ်ကိုလဲ အားနာမိပါရဲ့ ….. အပ်ကြောင်းထင်လောက်အောင်ပြောနေတဲ့ မင်းခက်ရဲ ကိုလည်း အားနာမိပါရဲ့ ။ ဖတ်မိတဲ့ ဖူးဖရိုက်ဒေးကိုလည်း အားနာမိပါရဲ့

commentinfo By: fullfriday at Aug 3, 2012
Comment #15

တယ်ရမ်းသွားပါလား ကိုဖူးဖရိုင်းရေ သူလည်း ခံစားချက် ကိုယ်လည်း ခံစားချက် ညီမျှချက်ညီမှ ငါနဲ့တူမယ်လို့ထင်ရင် ရူးလိမ့်မယ်နော့ နှစ်ထပ်သင်္ဘောကြီး စီးပြီး ငေါ့တော့တော့ အရူးညည်းချင်းတွေ ဖွဲ့မနေနဲ့ ရူးလိမ့်မယ်နော့

ဒါတွေရေးလို့ ဒါတွေသီဖွဲ့သည် ဒါကိုခံစားလို့ ဒီလို စာလုံးတွေ ဖြစ်သည် ဒါကိုဟားလို့ ဒါအရသာလို့ ထင်သွားရင်တော့ အကျွန်ုပ်သင့်အား သနားလိုက်ပြီ အားနာမိပြီ

commentinfo By: BlueHope at Aug 4, 2012
Comment #16

ko fullfriday! as you know! many types of poems exist.I read all kinds of poems that can give my heart something! I never lack of respect any poetry!that’s verse poetry!that’s prose poetry! that’s post modern! that’s post post modern!I never distinguish them and I love all poems! yeah! you may have less impress about my poem! but my poem have at least one thing! HONESTY! I feel and make any poem honestly! Thanks a lot no matter what! I love this poem very much and many people like this! That’s truth whatever you say! Thank you again!

commentinfo By: nwenyeinaye at Aug 9, 2012
Comment #17

poem is so good . Ko Fullfriday ! U so proud of urself , right????

commentinfo By: shwe sin at Aug 10, 2012
Comment #18

စစ်မရောက်ခင် မြှားကုန်တယ်တဲ့လား
ကြားရတဲ့စကား နားခါးလိုက်တာ
ဓါးတစ်စင်းရဲ့သိက္ခာ လေဟုန်ကိုခွင်း အလင်းကိုဝါးမြို
အားလုံးကိုဖြိုဖျက်ပစ်မယ် ငါကိုယ်တိုင်ကြွေးကြော်လို့
စစ်တုရင်ခုံမှာပြေးလွှား ငါကိုယ်တိုင်ငါဆော့ကစားခဲ့တယ်
မထင်မှတ်တဲ့တိုက်ကွက် ရိုက်ချက်ကပြင်းလွန်းတယ်
အကြည့်တစ်ချက်နဲ့တင် စိတ်ဓာတ်တွေယိုင်လဲ
ခိုင်မြဲတယ်ဆိုတဲ့နှလုံးသား ဓါးပါးပါးတစ်လက်နဲ့အမွန်းခံခဲ့
ပြန်လှန်ဖို့စိတ်မကူးပါဘူး မင်းရှေ့မှာဒူးထောက်
ရုးလောက်တဲ့အပြုံတွေကိုတမ်းတ မမှန်းဆချင်တော့တဲ့ငါ့နိဂုံး
အရုးသမားလုံးလုံးဖြစ်ခဲ့ရတာတောင် အမှောင်ကျနေတဲ့မင်းနှသားအတွက်
ငါ့ကိုယ်ငါလောင်ကျွမ်းလိုက်မယ် ယောင်ယမ်းပြီးသတိရမိရင်ပဲ
ငါကျေနပ်ပါပြီဟာ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

commentinfo By: မင်းချစ်သူ at Aug 11, 2012
Comment #19

တကယ်ပါ ချစ်သူရယ်
ကိုယ့်ရင်ထဲက မေတ္တာကိုခြံခတ်
သစ္စာကိုပနှံရိုက်
ဂရုဏာကိုတိုင်ထူ
မုဒိတာကိုကာရံ
အကြင်နာသံကုတင်ခင်းပြီး
အချစ်မွေ့ရာပေါင်္မှာ…………………………………………..

ပိုင်ဆိုင်ချင်မှုက ဦူတေဇထက်ပိုပါတယ်
လိုချင်မှုက ဦးနေ၀င်းထက်သာပါတယ်
မင်းတစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ချင်တာပါ……..
မင်းလေးကို ဦးသန်းရွှေလာလုရင်တောင်
ကိုယ်က ဒေါ်ကြိုင်ကြိုင်ထိတက်တိုင်ဖို့ဝန်မလေးပါဘူး
မင်းသာကိုယ့်ကိုပြန်ချစ်မယ်ဆိုရင်
ကိုယ့်ဘက်ကတက်နေတဲ့
ကုန်ဈေးနှုန်းတွေကို
ဟိုငရဲပြည်ထိသွားပြီး
ဆွဲချပေးမယ်ဆိုတာ
voa.rfa. ထဲမှာတောင်ထည့်ကြော်ငြာစရာမလိုပါဘူး
မင်းမယုံလို့မဲဆွယ်ကြည့်လိုက်ပါ
ကိုယ့်ဘက်ကကြိုတင်မဲများတယ်ဆိုတာ
ကြွံ့ဖွတ်ကြီးတောင်အရှုံးပေးသွားရမှာပါ…….

commentinfo By: မင်းချစ်သူ at Aug 11, 2012
Comment #20

Kwi..kwi.
Wow…
Comments tway ka a sone pe.
This cute meaningful Poem is really preety.

commentinfo By: ei lay at Aug 11, 2012
Comment #21

ကဗျာလေးတွေကြိုက်တယ်ဗျာ ….

commentinfo By: အလင်းရိုင်း at Aug 12, 2012
Comment #22

တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

commentinfo By: mayoo at Aug 12, 2012
Comment #23

တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

အရမ်းကြိုက်တယ် ။ အားပေးသွားပါတယ်နော်

commentinfo By: mayoo at Aug 12, 2012
Comment #24

ကျွန်တော် က ဟောသည်ကော်နာလေးမှာ အသက်ဝင်စေချင်တာ နဲ့ပြောမိတာပါဗျ ။ အသုံးအနှုန်း မတတ်ရင်လဲ မြန်မာလိုပဲ အရင်ဦးဆုံး တောင်းပန်ပါရစေဗျာ ။ တစ်စုံတစ်ယောက်ရဲ့ လွှမ်းမိုးမှု တွေကို တော်လှန်ဖို့ အဲဒီ တစ်စုံတစ်ယောက်နဲ့ပဲ အဆင်ပြေပြေနေထိုင်ဖို့၊ ဥပါဒန်အစွဲ တွေနဲ့ ဟောသည် ဘ၀ကို ရရှိလာကတည်းက ဖူးဖရိုက်ဒေးတစ်ယောက် အရာအားလုံးကို ခုခံကာကွယ်ရင်း နေထိုင်လာခဲ့ပါတယ် ။ကဗျာမှ မဟုတ်ပါဘူး အရာအားလုံးမှာ ဖြစ်တည်မှုတွေ ရှိနေတာပဲလေ ။ ဒါလည်းဟုတ်ပါလေ ။ အဲ.. ယန်းပေါဆတ် ၀ါဒီ တော့ ကျွန်တော် မဟုတ်ဘူးနော်ဗျ ။ အပေါ်က ကဗျာ မှာလည်း ဖြစ်တည်မှု ရှိနေတာပဲ ဒါလည်း လက်ခံပါတယ် ။ အများကြိုက်တိုင်း ဟုတ်နေတာတော့ မဟုတ်ဘူးဗျ ဒါကိုလည်း အားလုံးသိကြမှာပါ ။ ကျွန်တော်တို့ အားလုံးဝိုင်း ညွှန်းနေတဲ့ အရာထက် ကိုယ့်ကိုကိုယ်လည်း လေးစားမှု ရှိရပါလိမ့်မယ် ။ အရင်တုန်းက comment မှာ ကျွန်တော်က ‘ကြိုက်တယ်’ လို့ရေးလိုက်ရင် လည်း ဒါက လွယ်ပါတယ်လေ ။အသက်မ၀င်တဲ့ ရှင်သန်မှုဆိုတာ ဘာလဲ ဟောဒီcomment ဆိုတဲ့ ဝေါဟာရဆိုတာ ကရောဘာလဲ ။ ‘မင်းဘာပဲပြောပြော ဒါအမှန်တရားပဲ လို့တော့’ ကျွန်တော် မပြောရဲ ပါဘူး ။ အမှန်တရား ဆိုတာဘာလဲခင်ဗျ အဲဒါကို ကျွန်တော်လည်း သိချင်နေပါတယ်ဗျ …… ကိုယ်ရည်ကိုယ်သွေးတွေ နဲ့ လူသားအားလုံး ရှင်သန်နိုင်ကြပါစေ ခင်ဗျာ ။

commentinfo By: fullfriday at Aug 12, 2012
Comment #25

အရမ်းကိုကောင်းပါတယ်ဗျာ
တကယ်ကို ကောင်းတာပဲ…
မားမားခေါက်ဆွဲပဲဖြစ်ဖြစ်.. YKKOကကြေးအိုးပဲဆိုဆို….
သောက်ချလိုက်ဖို့ ပဲ လို ပါတယ်…

အားလုံး ကို ကျေးဇူးတင်ကြောင်းပြောဖို့ …
ကျွန်တော်လည်း ကြိုးစားလိုက်ပါဦးမယ်…nwenyeinayeနဲ့ blue hope တို့ ရေ..

commentinfo By:ုအုတ်ခဲ at Aug 15, 2012
Comment #26

ကိုဖူးဖရိုင်းရေ…ကျွန်မက စွန့်ဦးတီထွင်သူ မဟုတ်ဖူးလေ….ကျွန်မက စာဖတ်ဝါသနာပါတယ်…ကဗျာတွေ ကြိုက်တယ် ဖတ်တယ်…ဖတ်ပါများတော့ ရေးချင်လာတယ် ဒါကြောင့်ရေးတယ် ကျွန်မ ၁၅ နှစ်သမီးကတည်းက ကဗျာရေးတယ် အခု ၂၇ နှစ်ရှိပြီ ဆိုလိုတဲ့ သဘောက ကဗျာရေးတဲ့ သူ တွေဟာ အနည်းနဲ့ အများတော့ ကိုယ်အဖတ်များတဲ့ ကဗျာ ဆရာ ရဲ့လွှမ်းမိုးမှုကိုခံကြရတာပဲလေ…ကျွန်မက စကားပြေ ကဗျာတွေ ကြိုက်တယ် ဒါကြောင့် အဲလိုပုံစံမျိုးရေးဖြစ်တာပဲ…အခု ကျွန်မသိပါတယ် အားလုံးစကားပြေကဗျာကို ငြီးငွေ့နေကြပြီ…အသစ်အသစ်တွေ တောင်းတကြတယ် ကဗျာရေးတာဟာ အတတ်ပညာလို့ ပြောနေကြပြီ…ဒါပေမဲ့ ကဗျာရေးတာဟာ အတတ်ပညာဆိုရင် သင်လို့ ရသလား…ဒါလေးတစ်ခုတော့ ကျွန်မ မေးကြည့်ချင်တယ် ကျွန်မ အသံကိုပဲ အဓိကားထားဖွဲ့တဲ့ ကဗျာတွေ ကဗျာဖတ်တဲ့ သူ တွေးချင်တာတွေးလို့ ၇အောင် ဖွင့်ထားတဲ့ ကဗျာပုံစံမျိုးတွေ ကျွန်မ လေး စားပါတယ်….ဒါပေမဲ့ ကျွန်မက စကားပြေ ကဗျာကို ကြိုက်တယ် အတွေးပါတဲ့ ကဗျာမျိုးကို ကြိုက်တယ်…ကဗျာရဲ့ အဓိက အချက်က ကဗျာပုံစံ မဟုတ်ဘူးလို့ ကျွန်မထင်တယ်…ဥပမာ သူတည်းတစ်ယောက် ကောင်းဖို့ ရောက်မူ ကဗျာမျိုး ဒီလို ပုံစံကဗျာမျိုးတွေ အများကြီး ရှိတဲ့ ထဲကမှဘာကြောင့် ဒီကဗျာ ထင်ကျန်နေခဲ့လဲ အကြောင်းအရာကြောင့်လို့ ကျွန်မထင်တယ်လေ…သူလောကဓံ ကို ဘယ်လိုရင် ဆိုင်သွားတယ် ဆိုတဲ့ အကြောင်းအရာ ဖတ်ရတဲ့ သူကို လှိုက်လှိုက်လှဲ လှဲ ခံစားသွားရစေတဲ့ အကြောင်းအရာ…ဒါကြောင့်လို့ကျွန်မထင်တယ်…

commentinfo By: nwenyeinaye at Aug 20, 2012
Comment #27

အခု ကဗျာပုံစံ အသစ်သစ်တွေ ဘယ်လိုပဲရှိရှိ သူတည်းတစ်ယောက်ကဗျာကိုလည်း လေးစားနေရတာပဲ မဟုတ်လား ကျွန်မက အဲလို trend မျိုးပဲ သွားချင်ပါတယ်…နောက် ကျွန်မ ကို ဖူးဖရိုင်း၇ဲ့ comment ကို ဖတ်ရတဲ့ အခါ မှာစိတ်တော်တော် ဆိုးသွားတယ် ကောင်းတယ် ဆိုတဲ့ ဟာမျိုးပဲ ကျွန်မလိုချင်တာ မဟုတ်ပါဘူး…ဒါပေ မဲ့ နောက်ဆုံးတစ်ကြောင်း ဖတ်မိလို့ ကိုယ့်ကို အားနာ သွားတယ် ဆိုတဲ့ စာမျိုးဟာ ကျွန်မကို တော်တော်လေး ထိခိုက်သွားစေပါတယ်….အပြု သဘောဆောင်တဲ့ ပုံစံမျိုးလေး ဆို ကျွန်မလက်ခံပါတယ်…ကျွန်တော်ငြီးငွေ့နေပြီ အသစ်လိုချင်ပါတယ် ဆိုရင် ဖြစ်တယ်မဟုတ်လား နောက်ပြီး ကျွန်မကဗျာ ၂၅ ပုဒ် တင်ထားပါတယ် အားလုံးရှင် ဖတ်မိပြီးပြီလား ကျွန် မကဗျာပုံစံတွေ မတူတာမျိုးတွေ ရှိပါတယ်….နောက် ဒီကဗျာဟာ ကျွန်မ ၁၉ နှစ်တုန်း က ရေးထားတဲ့ ကဗျာ အချစ်ကို ကိုးကွယ်နေတဲ့ အချိန်မှာ အချစ်ကို အရမ်းကိုးကွယ်ထားတဲ့ ကဗျာ မျိုး ဒါကြောင့် ခေါင်းစဉ်တောင် အချစ်ကဗျာလို့ ပေးထားတာပါ…အခု ကျွန်မ အဲလိုမျိုးမရေးတတ်တော့ဘူး…လေ ရှင် မျှော်လင့်ထားတာမျိုး မပါသွားတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး…ကျွန်မ အကြောင်းအရာမျိုးစုံ ကို ကဗျာရေးပါတယ်…

commentinfo By: nwenyeinaye at Aug 20, 2012
Comment #28

Great!!!!!!!!!!!!!!

commentinfo By: sitayenyein at Aug 20, 2012
Comment #29

:)
:)
:)

commentinfo By: ei lay at Aug 20, 2012
Comment #30

စစ်အေးတိုက်ပွဲတွေလည်း…စိတ်မ၀င်စားတော့ပါဘူး
ငါကိုယ့်ငါ ငါဖြစ်ကြောင်း သက်သေပြရ …. ကြိုးစားရနဲ့ …..

ကျွန်တော်လည်း၂နှစ်သားလောက်ကတည်းက လမ်းစလျှောက်တာပါပဲ..
အခုလည်းဒီပုံစံပါပဲ….
ဒီလိုပဲပေါ့ဗျာ…နော်…

ကဲ ကိုဖူးဖရိုင်းရေ…
ကျွန်တော်လည်းအနတ္တ မို့ …
သည်းသာခံပါတော့ဗျာ…

commentinfo By: အုတ်ခဲ at Aug 24, 2012
Comment #31

နာကျင်စိတ်ဆိုး တတ်တာကလည်း ကောင်းမွန်သော ခုခံခြင်းနေပါလိမ့်မယ်။ လွယ်ကူခွင့်လွှတ် တတ်ခြင်းက ပိုကောင်းမွန်သော အလေ့အထပဲ နေပါလိမ့်မယ် အဲဒါဟာလည်း ကျွန်တော့်ရဲ့ အချစ်ကဗျာ ဆိုလည်း ဖြစ်နိုင်ပါလိမ့်မယ်

commentinfo By: fullfriday at Aug 24, 2012
Comment #32

စာပေ၀ါသနာရှင် အချင်းချင်း ဒီလိုဖြစ်နေရင် ကျွန်မတို့လို ၀ါသနာတွေကို ဖော်ထုတ်နိုင်ဖို့ အဟန့်အတားဖြစ်မယ်ထင်မိပါတယ် .. ကဗျာဆိုတာ ရင်ထဲကလာတာပါ .. အပြုသဘောနှင့် ဝေဖန်ပေးဖို့တောင်းဆိုချင်ပါတယ် .. ဒီစာတွေကို ဖတ်မိပြီး ဂဏန်းတွေလိုကျွန်မတို့ဝါသနာရှင်တွေဖြစ်နေမှာစိုးမိတယ် .. ရင်ထဲရှိတာတွေကိုရေးချခွင့်ရှိရုံနှင့် ကျေနပ်မိတဲ့စိတ်ကလေးကို ဆက်အသက်ဝင်နေချင်မိတဲ့

commentinfo By: maypyo.pyomay at Sep 25, 2012
Comment #33

အချစ်
အချစ်ဆိုတာ…
နှစ်ဦးနှစ်ဖက်နားလည်သဘောတူညီနေဖို့ ပါပဲ……

commentinfo By: KaLay` at Sep 28, 2012
Comment #34

လူတိုင်းအချစ်နဲ့ မကင်းကြပါဘူး။so,ကြိုက်တယ်။

commentinfo By: KTZO at Oct 10, 2012
Comment #35

တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

commentinfo By: meso at Oct 28, 2012
Comment #36

Wow…
I m 36

commentinfo By: ei lay at Oct 28, 2012
Comment #37

ကောင်းပါတယ်ဗျာ

commentinfo By: နေသူရိန် at Oct 29, 2012
Comment #38

ဂဏန်းတွေလို ဟုတ်လားးး ။ Woolf က Joyce ရဲ့ Ulysses ကို မျိုးမအောင် တဲ့ ၀တ္ထုတဲ့ မှတ်မိနေပါသေးတယ်။Crime and punishment ထဲက ရပ်ကိုနင်ကော့ ရဲ့ ပိုင်ရှင်(Fyodor) တို့ ပီရမ်းဒယ်လို တို့ ဂျွန်အပ်ဘရီ တို့ ဟာရူကီ တို့ မာဆယ် တို့တောင် ဂဏန်းဆန်ခဲ့ သေးတာပဲ၊ ၀မ်းနည်းဖို့ မရှိပါဘူးဗျာ။

commentinfo By: fullfriday at Nov 3, 2012
Comment #39

ကျွန်ပ်malaysiaက ပါ ငါချစ်တဲ့သူဟာ malaysia k.L မှာနေပါတဲ့
ဒါပေမဲ့ သူနဲ့ ဘယ်တော့မ မတွေ့ ဖြင့်ဘူ……internet ထဲကနဲ့လဲ့ မတွေ့ ဖြင့်ဘူ……..
တစ်နေရာမှာ နေပြီ…မတွေ့ ဖြင့်ခဲ့တာ….ငါအရမ်းနပ်ကျင်ခဲ့တဲ…ကွာ………………

commentinfo By: melvin at Nov 4, 2012
Comment #40

ကျွန်တော်အရမ်းမြတ်နိုးရတဲ့ကောင်မလေးတစ်ယောက်ပေါ့ …. ကျွန်တော်ကိုအကြံညဏ်လေးဝိုင်းပေးကြပါအုံးဗျာ ကျွန်တော်သူ့ကိုတော့ဖွင့်ပြောထားပါတယ် သူကမစဉ်းစားချင်ဘူးတဲ့ အိမ်ကလူးကြီးတွေပေးစားတဲ့လူဘဲယူမယ်လို့ပြောပါတယ် အဲဒါကျွန်တော်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာလေးသိချင်လို့ပါ ကူညီကျပါအုံးဗျာ….အားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေ…

commentinfo By: kyawthuya at Nov 17, 2012
Comment #41

မိုက်တယ် ..ကဗျာတွေ..ကို အားပေးသွားတယ် နော်

commentinfo By: suelay at Nov 18, 2012
Comment #42

ချစ်သူရယ်……

ကိုယ်လေ မင်းကိုသတိရတိုင်းသာ

အသက်ရှူ ခြင်းကိုရပ်တန့် ထားရမယ်ဆိုရင်

ကိုယ် နှလုံးသွေးရပ်ပြီး သေတာကြာပြီ၊

commentinfo By: Ka Lay at Nov 30, 2012
Comment #43

မာန
အရမ်းချစ်တရ်
အရမ်းချစ်တရ်နော်
ဒါပေမယ့်
မင်းက ငါ့ရဲ့ အချစ်နဲ့ မထိုက်တန်ဘူးဆိုရင်တော့
လောကမှာ ဆယ်ခါပြန်လက်ထပ်ခွင့်ရရင်တောင်
မင်းမပါစေရဘူး

commentinfo By: Ka Lay at Nov 30, 2012
Comment #44

:)

commentinfo By: ei lay at Dec 1, 2012
Comment #45

so goog!

commentinfo By: saiwan at Dec 1, 2012
Comment #46

ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…

commentinfo By: လေပြေ at Jan 18, 2013
Comment #47

ကြိုက်လို့ ပြန်ရှယ်ခွင့်ပေးပါနော်

commentinfo By: thaethar at Feb 15, 2013
Comment #48

be hna khar phat phat kyike hnit thet mi par de.

commentinfo By: ei lay at Feb 24, 2013
Comment #49

့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

commentinfo By: chawchaw at Mar 30, 2013
Comment #50

ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက်
တကယ်လို့ … ဆိုပြီးတောင်
ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး …

ချစ်သူ တကယ် ချစ် မချစ်
အချစ်က စစ် မစစ်
အတိတ် အနာဂတ်
ပန်းတိုင် ဖူးစာ
ဘ၀ နဲ့ အချစ် အကြောင်း ခွဲခြမ်း စိတ်ဖြာဖို့
သတ္တိ တွေ မရံဝံ့ ခဲ့ ပြန်ဘုး…

ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…

ချစ်သူ တည်မယ့် ကမ္ဘာမှာ
နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင်
ချစ်သူ မျက်ဝန်း အလင်း နဲ့
ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်

တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

commentinfo By: paingzay at May 13, 2013
Comment #51

အားပေးပါတယ်ဂျာ

commentinfo By: wai phyo at May 16, 2013
Comment #52

ကျွန်တော့်မှာ ‘ဂျွန်’ဟုခေါ်သော သူငယ်ချင်းတယောက် ရှိသည်။ သူနှင့်ကျွန်တော် သိကျွမ်းခဲ့သည် မှာ နှစ်ပေါင်း သုံးဆယ်ရှိပြီ။ သူနှင့်ကျွန်တော် ကွဲကွာနေခဲ့သည်မှာတော့ နှစ်ပေါင်းနှစ်ဆယ်ခန့် မကနိုင်။ သို့သော် သူ့ကို ကျွန်တော်မေ့လျော့ သွားခြင်းမရှိ။ သူ့ လက်တွင် ပတ်နေကျ အိန္ဒိယနိုင်ငံလုပ် သားရေကြိုးအနက်နှင့် ရွှေရောင်လက်ပတ်နာရီ ပြားပြားလေးကိုပင် ကျွန်တော်မှတ်မိ နေသေးတော့ သည်။
ဗမာစစ်စစ်တယောက် ဖြစ်သော်လည်း ဘုရားစူးရပါစေ့ ဗမာပါဗျာဟု ပြောရလောက်မည့် ထူးခြား သော သူ့ရုပ်ရည်ကြောင့် သော်လည်းကောင်း၊ သူ့နာမည်ကြောင့် သော်လည်းကောင်း၊ သူ့ကို ထူးခြားစွာ အမှတ်ရနေခြင်းမျိုး မဟုတ်မှန်း ကျွန်တော့်ဖာသာ သိနေသည်။

ကျွန်တော့် အမှတ်ရခြင်းမှာ အလွမ်းတို့ နက်နက်ရှိုင်းရှိုင်း ပါဝင်နေသည်။ သူ့ကို သတိတရ ရှိတိုင်း သူ့အညိုရောင် အသားအရေနှင့် ဖြူဖွေးသော သွားများကိုလည်းကောင်း၊ တဟားဟား ရယ်သံ သြသြကို လည်းကောင်း၊ လတ်လတ်ဆတ်ဆတ်ကြီးကို မြင်ကြားနေမိတတ်သည်။
သူသည် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တခုမှ အလွန်စာတော်သော ကျောင်းသား ဖြစ်သလို အတော့်ကို အူတူတူ အတတနိုင်သော လူထူးလူဆန်းတယောက်လည်း ဖြစ်နေပြန်သည်။
ကျွန်တော်တို့၏ လူငယ်ခေတ်သည် လမ်းသူရဲဂိုဏ်းဟုခေါ်သော ခပ်ပေပေ လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်တတ်သည့် ဓလေ့ ကုန်လုလု အချိန်လေး ဖြစ်သည်။ စိန်ဂေါ်လီဂိုဏ်း၊ ဘာဂိုဏ်းညာဂိုဏ်းတို့ ပျောက်ကွယ်စ ဖြစ်သော်လည်း စရိုက်ကြမ်းလေးများ ကျန်နေသေးသည့် အချိန်။ တရက်တွင် ‘ဂျွန်’က ရေကျော်ရပ်ကွက်ရှိ သူ့သူငယ်ချင်းများထံ သွားလည်သည်။ ထိုညက ရေကျော်တွင်ပင် သူအိပ်လိုက်ရန် ဆုံးဖြတ်သည်။ ညသန်းခေါင်ခန့်တွင် ရေကျော်ရှိ သူ့သူငယ်ချင်းများက အခြားရပ်ကွက်မှ လူငယ်များနှင့် ရန်ဖြစ်ကြသည်။ ထိုအခါ ရပ်ကွက်မတူသော လူငယ်အုပ်စု နှစ်ခု သံလမ်းကူး တံတားတခုပေါ်တွင် ချိန်းရိုက်ကြရန် ပြင်ဆင်ကြသည်။ တုတ်ဓါးကိုယ်စီ ကိုင်ဆောင်ကာ သူငယ်ချင်းများက ထိုတံတားဆီ သွားကြသောအခါ ငါလည်း လိုက်မည်ဟု ‘ဂျွန်’က လိုက်ပါ သွားခဲ့သည်။ ဓါတ်တိုင် မီးရောင်အောက် တွင် ဟိုဘက်အုပ်စုနှင့် သည်ဘက်အုပ်စု ရန်စောင်နေကြသည်။ အုပ်စုတခုနှင့် တခုကြား ဓါတ်တိုင် တတိုင် ကွာသည်။ သို့သော် တကယ်တန်း ခုတ်ထစ် ရိုက်နှက်သည့် ရန်ပွဲမဖြစ်ပဲ ဆဲဆိုပွဲ တခုအဖြစ်သာ ပွဲပြီး၍ ပြန်ခဲ့ကြသည်။ လမ်းတလျှောက်တွင် ကျန်သူများ အာပေါင်အာရင်းသန်သန်နှင့် ရန်ပွဲအကြောင်း ပြောဆိုနေကြသော်လည်း ‘ဂျွန်’က နှုတ်ဆိပ်နေသည်။ သူ တစုံတရာကို နက်နက်နဲနဲ တွေးနေပုံရသည်။ သည့်နောက် သူက သူငယ်ချင်းဘက်ကို လှည့်ကာ မေးခွန်းတခု မေးလိုက်သည်။
“ဟေ့ကောင် လဒ..ခုနတုန်းကသာ တကယ်ရန်ဖြစ်ခဲ့ရင် မင်းကိုင်ထားတဲ့ငှက်ကြီးတောင်ဓါးကို အသွားကနေ ခုတ်မှာလား.. ဓါးပြားနဲ့ ရိုက်မှာလား…”
အမေးခံရသော လဒ ခေါ် သူငယ်ချင်းမှာ ငေါင်းစင်းစင်း ဖြစ်သွားခဲ့သည်။ ထိုမေးခွန်းအတွက် အဖြေကိုသော်လည်းကောင်း၊ ထိုမေးခွန်းမျိုးကို သော်လည်းကောင်း သူ ယောင်မှားတွေးမိထားပုံမရ။
“မင်းဆိုရင်ကော” ဟု ပြန်မေးရာ၊ တုတ် ဓါးမပြောနှင့် ငှက်တောင်မွေးတချေင်းပင် လက်ထဲ ကိုင်မသွားခဲ့သော ‘ဂျွန်’ကိုယ်တိုင် ထံတွင်လည်း သူသိချင်သော ထိုအဖြေ မရှိခဲ့။
သူသည် ‘ကြည်အေး’ ကိုကြိုက်ပြီး၊ ‘ရေဆန်လမ်း’ ကို တိုက်ခိုက်ခဲ့သော သူငယ်ချင်းမျိုး ဖြစ်သည်။ သူ့ အတွေးအိမ်တို့သည် ညက်ညောပျော့ပြောင်းသလို ရှိသော်လည်း ဆုံးဖြတ်မှုတို့မှာ ဓါးသွားတခုလို ထက်မြက်မာကြောမည်မှန်း ဘယ်သူမှ ကြိုမသိခဲ့။
ကျွန်တော် ခုချိန်မှာ ဂျွန်ကို လွမ်းနေခဲ့ရပြီ။
‘ဂျွန်’ မိန်းမရပြီလား။ သားသမီး ပွါးစီပြီလား။ ဘယ်နေရာမှာ ဘာအလုပ်ကို လုပ်ကိုင်နေသည်လဲ။ အသက်ရှင်လျက်ကော ရှိသေးသည်လား။ ဘာဆိုဘာမှ ကျွန်တော် မသိ။ အဆက်အသွယ်မရှိ။ ကျွန်တော့်မှာ မမေ့မလျော့ခြင်းများသာ အပြည့်အသိပ် ရှိနေခဲ့သည်။
ကျွန်တော့် လွမ်းစိတ်တို့ အိပ်မက် ဖြစ်သွား၏။
အိပ်မက်ထဲတွင် ချောင်း ဟုခေါ်သော ရေစီးကြောင်း တခုရှိသည်။ ထိုရေတို့ ကြည်လဲ့၏။ ရေစီးအောက်တွင် ကျောက်စရစ်လုံး ဖြူဖြူညိုညိုလေးများ အပြည့်အသိပ် အိပ်စက်နေကြသည်။ ထို ရေစီးချောင်းလေးသို့ ရောက်ရန် ရေမရ၍ သွေ့ခြောက်နေသော အလားတူ ကျောက်တုံးပေါင်း များစွာကို နင်းကာ အတော်ကြာအောင် လျှောက်ခဲ့ကြရသေးသည်။ ထိုသို့ လျှောက်လာကြစဉ် ‘ဂျွန်’ က ချောင်းကျောက်ချင်း အတူတူ စိုတဲ့ကျောက်ကစို ခြောက်တဲ့ကျောက်ကခြေညက်နဲ့ သဘာဝတရားကြီး ကိုယ်တိုင်က တရားမျှတမှု မရှိဘူးဟု တွေးမနေနိုင်ကြောင်း ကျွန်တော် အာမမခံပါ။ သူသည် တရားမျှတမှုကို အရာ အားလုံးထက် ပိုချစ်တတ်သူ ဖြစ်ကြောင်းကိုတော့ ရဲရဲကြီး အာမခံပါမည်။ ထိုချောင်းကလေးသည် နယ်မြေနှစ်ခုကို ခြားထား၏။ ထိုနယ်ခြား ချောင်းလေးက သူနှင့် ကျွန်တော့်ကို ရာသက်ပန် စည်းခြား ထားမည်လား။ အိပ်မက်က ထိုအချက်ကို အတည်မပြု။ သူသည် အမြှုပ်မထွက်သော ဆပ်ပြာကို တွင်တွင်တိုက်ရင်း ရေချိုးနေသည်။ သူ့လက်က ရွှေရောင် လက်ပတ်နာရီလေးကို ချွတ်ပြီး ကျောက်တုံးလေးတတုံးပေါ် တင်ထားသည်။ ထိုနာရီသည် နေရောင်တွင် ရွှေပြောင်ပြောင် လက်နေ၏။ ထိုနာရီလေး သူ့လက်တွင် နှစ် ဘယ်လောက်ကြာအောင် နေထိုင် သွားမည်လဲ။ နာရီ ဟူသည်မှာ အချိန်ကို ကိုယ်စားပြု၏။ နာရီများက ရက်များကို စောင့်ကြပ်သည်။ ရက်များက လများ နှစ်များ ပြက္ဒဒိန်များကို စောင့်ကြပ်မည်။ အိပ်မက်သည် ကျွန်တော့်ကို သက္ကရာဇ်များနောက်ကွယ်သို့ အတင်း ပြန်တွန်းပို့၏။
ဂျွန်နှင့် ကျွန်တော်ငယ်ဘ၀သို့ ပြန်ရောက်သွားခဲ့ ပြန်ပြီ။
ထိုသက္ကရာဇ်တနှစ်က ဂျွန် အလုပ်စာမေးပွဲ တခုဖြေသည်။ ကျွန်တော် အမှတ်မမှားလျှင် ထိုအလုပ်သည် ဆေးသုတေသနလိုမျိုး အလုပ်ဖြစ်လိမ့်မည်။ စာတော်သော ကျွန်တော့်ဂျွန် ရေးဖြေတွင် အဆင့်(၁)ဖြင့် အောင်သည်။ နှုတ်ဖြေတွင်လည်း လျှောလျှောရှူရှူ။ အလုပ်ဝင်ရတော့မည်။ ဆေးစစ်ရန် တဆင့်သာ ကျန်သည်။ ဆေးအောင်လျှင် သူ့မှာ အလုပ်ရှိပြီ။ ကျွန်တော်တို့ သူငယ်ချင်းတစုထဲတွင် ပထမဆုံး အလုပ်အကိုင် ရှိသူအဖြစ် သူစာရင်း ၀င်သွားတော့မည်။ ကျွန်တော် ၀မ်းသာသည်။ ဆေးစစ်မည့်အချိန် နီးလာပြီ။ ထိုအချိန်မှာမှ ဂျွန်သည် ပန်းနာရင်ကြပ်လား၊ ဖျားနာသည်လားမသိ တခုခု ဖြစ်သည်။ ကျွန်တော်တို့ သူ ဆေးကျမှာ စိုးရိမ်နေမိသည်။ သူငယ်ချင်းများက (အမြင်အရ) ကျန်းမာရေးအကောင်းဆုံးဟု ယူဆသော ကျွန်တော့်ကို ဂျွန့်ကိုယ်စား ဆေးရုံကြီးတွင် ဆေးစစ်ခံပေးရန် တိုက်တွန်းကြသည်။ ကျွန်တော်ဆေးအောင်လျင် ဂျွန် အလုပ်ရပြီ။ ကျွန်တော်သည် ဂျွန်၏ မှတ်ပုံတင် နှင့် လေဘာကဒ်တို့ကို ယူပြီး သူ့ကိုယ်စား ဆေးရုံကြီးသို့ ပျော်ပျော်ချီတက်ခဲ့သည်။ ထိုအဖြစ်သည် လူငယ်ဘ၀၏ မဟာ စွန့်စားခန်းဖြစ်၏။
ထိုအချိန် အခိုက်အတန့်လေးတွင် ကျွန်တော်သည် ဂျွန်ဖြစ်၏။
ဂျွန်သည် ကျွန်တော် ဖြစ်၏။
သူနှင့် ကျွန်တော်သည် အသက်ဝိဥာဉ်နှစ်ခု ခန္ဓာကိုယ်နှစ်ခုဖြစ်သော်လည်း တခုတည်း ဖြစ်ခဲ့ဖူး သည့် အချိန်ခဏတာလေးသည် ထိုအချိန်လေးပင် ဖြစ်ပါသည်။
ကျွန်တော့် လုပ်ဆောင်မှုတို့သည် ရာဇ၀တ်မှုဖြင့် အရေးယူခံရနိုင်သည့် လိမ်လည်မှုတခု မြောက်နေသော်လည်း ကျွန်တော် ထိတ်လန့်မနေခဲ့။
စစ်ဆေးသည့် ဆရာဝန်က တကိုယ်လုံးချွတ်ဆိုတော့လည်း ဆယ်တန်းအောင်၍ တက္ကသိုလ် ကျောင်းတော်ကြီး တက်ရမည့် အချိန်က ဆေးစစ်ခံခဲ့ရဖူးသည့် အတွေ့အကြုံကြောင့် ရဲရဲမြန်မြန် အချွတ် ခံ ခဲ့ပြန်သည်။ အရေပြားရောဂါ၊ အူကျရောဂါတို့ အစစ်ခံခဲ့ရပြီးနောက် ကုတင်ပေါ် တက်ခိုင်းကာ အေးစက်စက် နားကြပ်ဖြင့် ဟိုထောက်သည်ထောက် စမ်းသပ်ပြန်သည်။ သည့်နောက် ရပြီဟု အခန်းပြင်ထွက်ခိုင်းသဖြင့် ပေါ့ပါးပျော်ရွှင်သောစိတ်ဖြင့် ပြန်လာခဲ့သည်။ နောက်ရက် ဆေးစစ်ချက် သွားယူတော့ နှလုံးမှာ ခိုညည်းသံ ပေါက်နေသည်ဆိုလား၊ နှလုံးအဆို့ရှင်များ သိတ်မကောင်းဆိုလား မသိတော့ပါ။ ဆေးရုံမှ ကျွန်တော့်ကို ရှင်းတော့ပြသည်။ သည့်နောက် ယခုအလုပ်နှင့် မသင့်လျော်ပါ ဟူသော မှတ်ချက်စာရွက်လေးကို လက်ခံရလိုက်သည်။ ကျွန်တော့်မျက်လုံးတို့ကို ကျွန်တော်ကိုယ်တိုင် မယုံနိုင်ခဲ့။ ကျွန်တော် ယုံခြင်း မယုံခြင်းက အရေးမကြီး။ အရေးကြီးသည်မှာ ကျွန်တော်ချစ်သော ဂျွန် ကျွန်တော့်ကြောင့် ဆေးကျကာ အလုပ်မ၀င် လိုက်ရခြင်းပင်ဖြစ်သည်။
ထိုရလဒ်ကို သွားတဖြီးဖြီး တပြုံးပြုံးနှင့် လက်ခံခဲ့သော ဂျွန်ကို ကျွန်တော်နားမလည်နိုင်ခဲ့။ ထိုအချိန်က သူ့အမေနှင့် ညီညီမများအတွက် အလွန်ခက်ခဲနေသော အချိန် ဖြစ်သည်။ အလုပ်နှင့် ၀င်ငွေ အရေးတကြီးလိုအပ်နေသော လူတယောက်က အတော်ဆိုးရွားသော ဆုံးရှုံးမှုကို ပကတိ အပြုံးဖြင့် လက်ခံနိုင်ခဲ့သည်။ ထိုစိတ်တို့ကို ကျွန်တော်အမှတ်ရနေခြင်း ဖြစ်မည်။ ထိုစိတ်တို့ကို ကျွန်တော် ချစ်နေမိခြင်း ဖြစ်မည်။
ကျွန်တော့်မှတ်ဥာဏ်တို့ မျောက်တကောင်လို ခုန်ပေါက်နေ၏။ ဂျွန်၏ အူအသော အဖြစ်တခု ခေါင်းထဲ ရောက်လာပြန်သည်။
အခန်းကြီးတခုထဲတွင် သူငယ်ချင်းများ စုနေကြရသော အချိန်ကာလတခုက ဖြစ်သည်။
တနေ့လာလည်း ဒီမျက်နှာ၊ မျက်နှာသစ်လည်း ဒီမျက်နှာ၊ အိမ်သာတက်လည်း ဒီမျက်နှာ၊ ထမင်း စားလည်း ဒီမျက်နှာ၊ အိပ်ရာဝင်လည်း ဒီမျက်နှာ၊ မမြင်ချင်လည်း ဒီမျက်နှာ၊ မြင်ချင်လည်း ဒီမျက်နှာ…၊ ကျွန်တော်တို့အတွက် မြင်နေရသော မျက်နှာများသည် ခေါက်ရိုးကြေနေပြီ။ ထို့ကြောင့် နောက်ပြောင် ခြင်း၊ မတော်မတည့် မဟုတ်က ဟုတ်က ချောက်ချပြောဆိုခြင်း များကို ကစားနည်းသစ်များသဖွယ် တီထွင်ကစားကာ နာရီများကို ရိုက်ချိုးချေဖျက် နေရသော အချိန်လည်းဖြစ်သည်။
‘မြတ်ကိုကို’ ဆိုသော သူငယ်ချင်းတယောက်က ပျင်းရိဖွယ် နေ့ခင်းတခုကို အပြောင်အပျက် စကားဖြင့် စဖြိုခွင်းသည်။
“ကိုယ်တို့ စမ်းချောင်းက ရေခဲပေါက်ဆီ ရောင်းတဲ့အသည်တွေက ဆန်းတယ်မောင်၊ ရေခဲပေါက်ဆီ လေးတွေကို ဗန်းထဲစီထည့်ပြီး၊ ဟောဒီက ရေခဲပေါက်ဆီ စားကြဦးမလားရှင် လို့ အော်ရောင်း လည် ရောင်းတာဗျ မယုံမရှိနဲ့”
လေသံအေးအေး မင်သေသေနဲ့ အတည်ပေါက် လုပ်ချလိုက်သည်။ အကြောသိသူများကတော့ ပြုံးစိစိမျက်နှာများကို မျက်နှာပိုးသပ်ပြီး ဒီထောင်ချောက်ထဲ ဘယ်သူဝင်လာမလဲ စောင့်ကြည့်နေကြ သည်။ မိနစ်အချို့ ငြိမ်ဆိတ်သွား၏။ ထို့နောက် ဂျွန့် အသံ ထွက်လာသည်။
“ဟေ့ကောင်..မြတ်ကို၊ ရေခဲပေါက်ဆီဆိုတာ ဘယ်လိုဟာတုန်း”
“ဘုရားရေ… ရေခဲပေါက်ဆီ မသိတဲ့လူက ရှိသေးတယ်။ ရေခဲပေါက်ဆီဆိုတာ ရေခဲကို ခြစ်ခုံနဲ့ ခြစ်၊ ရေခဲ မွမွလေးတွေရတော့ ဆုပ်ပြီး၊ အဲဒီပေါ်မှာ အရောင်ဆိုးထားတဲ့ သကြားရည်တွေ အနံ့တွေ ဖြန်းပြီးတော့ ရောင်းတာ၊ ကျုပ်တို့ စမ်းချောင်းမှာ အဲဒါကို ရေခဲပေါက်ဆီလို့ ခေါ်တာ”
စိတ်ရှည်လက်ရှည် ရှင်းပြနေသော မြတ်ကို မျက်နှာပေါ်တွင် စိတ်မရှည်မှုများ အတိုင်းသားပေါ် နေသည်။
မိနစ်အနည်းငယ် ငြိမ်သက်သွားပြန်သည်။
အာခိမိဒိ ရေ၏ဖေါ့ဂုဏ်သတ္တိကို ရှာတွေ့သွားသလိုမျိုး အလန့်တကြား အသံတခု ထွက်လာသည်။ အသံရှင်သည် ဂျွန် ဖြစ်၏။ သူပြောလိုက်သည်မှာ
“ဟေ့ကောင်…ရေခဲပေါက်ဆီလို့ မကြားဖူးပါဘူးကွာ၊ မင်းပြောတာ ရေခဲခြစ်နေမှာပါ။ ထားပါ၊ မင်းပြောတဲ့ ရေခဲပေါက်ဆီတွေကို အဲလို လည်ရောင်းရင် အရည်ပျော်ကုန်မှာပေါ့” ဟုဖြစ်သည်။
မြတ်ကိုထံမှ “ခွီး” ကနဲ အသံတခု ထွက်ပေါ်လာသည်။ ကြိတ်ရယ်နေရာမှ ဖုံးမနိုင် ဖိမရ ပေါ်လာသော လေသံ ဖြစ်သည်။ ဂျွန်ကတော့ မြတ်ကို ဘာကြောင့်ရယ်သည်ကို နားမလည်နိုင်သလို စိုက်ကြည့်နေ၏။
ကျွန်တော့်ဇာတ်လိုက်ကျော် ဂျွန်သည် ထိုသို့သော ရိုးရှင်းမှုများကို ရှုတ်ထွေးအောင် ကြည့်မြင်တတ် သော်လည်း ရှုတ်ထွေးသော စနစ်များကိုမူ ရှင်းလင်းစွာ မြင်လွယ်တတ်သည်မှာ သူ၏ ထူးခြားသော စွမ်းရည် တခုဖြစ်သည်။
သူနှင့် ကျွန်တော် အတူတကွ မိုင်ထောင်ချီအဝေးသို့ ပျံသန်းဖူးခဲ့ကြ၏။ သူနှင့်ကျွန်တော်အတူတကွ ဘ၀တခုလုံးကို တွင်းနက်ကြီးထဲ ပစ်ထည့် ပုံအောခဲ့ကြဖူး၏။ သူနှင့်ကျွန်တော် အတူတကွ နှောင်ကြိုး အားလုံးကို ပယ်ဖြတ်ကာ ပင်လယ်အဆုံးရှိမည်ထင်ရာ ရွက်လွှင့်ခဲ့ဖူး၏။ ထူးဆန်းသည်မှာ ထိုအတူတကွ နှစ်ကာလများ အကြောင်းတွေးတိုင်း ပြင်းရှအားကောင်းသော မုန်တိုင်းတခု ကျွန်တော့် ရင်ကို ဗဟိုပြုလာတတ်၏။ အတွေးထဲမှာ မိုးမခပင်များ ညှို့ ညှို့စို့စို့ စိမ်းအုံ့နေတတ်၏။ တောင်ပေါ် လွင်ပြင်တခုက စပါးခင်းများ ရွှေရောင်ဝင်းမှည့် နေပုံကို မြင်ရောင်နေတတ်၏။
“အဲသလို စပါးတွေ မှည့်ချိန်မှာပေါ့…၊ ဟောဟိုက မိုးမခပင်တွေအောက်မှာ..” အစချီသော ဂျွန်၏ ပုံပြင်ပြောသံများကို ကြားယောင်နေမိတတ်၏။ ပြန်မရနိုင်တော့သော အတိတ်တို့သည် လွမ်းဆွတ်ဖွယ် ကောင်းသည်ဆိုလျှင် ဂျွန့်ကို ကျွန်တော်လွမ်းနေသည့် ဘယ်တော့မှ ဖုန်တက်မည်မဟုတ်သော အလွမ်းတို့သည် ကြေကွဲဖွယ်ကောင်းနေလိမ့်မည်။
မြင့်မားသော တောင်စဉ်တောင်ထွတ်များဆီသို့ မြွေလိမ်မြွေကောက် လမ်းကျဉ်းကလေးဖြင့် တက်သွားနေသော (သို့မဟုတ်) တရွေ့ရွေ့ဆင်းနေသော ကားတစီးပေါ်တွင် ဂျွန်နှင့်ကျွန်တော် ခရီးသည်များအဖြစ် အတူလိုက်ပါခဲ့ဖူးကြပါသလား။ လိုက်ခဲ့ကြဖူးသည်ဆိုလျှင် ကျွန်တောတို့ စီးမိသော ကားသည် သက္ကရာဇ်ဟု အမည်ရသော ကားတစီးသာ ဖြစ်ပါလိမ့်မည်။
အဖြူရောင် နှလုံးသားရှိပြီး လူသားချစ်စိတ် သည်းထန်သော ပညာတတ် လူချွန်တိုင်းကို အလွန် ချစ်ခင် အားကိုးတတ်သည့် ကျွန်တော့်အဖေသည် ဂျွန့်အကြောင်းကို အမြဲ တဖွဖွ ပြောတတ်၏။ ဂျွန့်ကို လွမ်းနေတတ်၏။ ယခုမူ ဂျွန့်ကိုတသသ လွမ်းနေတတ်သော အဖေ ကွယ်လွန်ခဲ့သည်မှာ ဆယ်စုနှစ် တခုကျော်ခဲ့ပြီ။ ဂျွန် ဘယ်ဆီမှာလဲ။ သူရော အဖေ့ကို သတိတရ ရှိနေမည်လား။ အဖေ အသက်ရှင်လျက် ရှိနေသည်ဟု ထင်နေဦးမည်လား။ လူမလာခင် အပြုံးတွေ အရင်လာတတ်တဲ့ ကောင်ကြီးဟု သူ့ကို ထောပနာခဲ့သော အဖေ့အသံများကို သူကြားယောင်နေဦးမည်လား။
ဂူလီယာ အမည်ရှိ ရုပ်ရှင်ဇာတ်ကား အကြောင်းအရာများ ခေါင်းထဲတွင် လျှပ်တပြက် ပေါ်ပေါက် လာခဲ့သည်။ မွေးလာသည့် ကလေးကို ကိုယ်ချစ်ခင်ယုံကြည်သော မိတ်ဆွေရဲဘော်တယောက်၏ အမည်မှည့်ခေါ်ခဲ့သော ဇာတ်ဝင်ခန်းက ထိုသတိရမှုကို ဖြစ်ပေါ်စေသည့် ပင်မအရင်းအမြစ် ဖြစ်ပေလိမ့်မည်။ ကျွန်တော်သမီးလေးကို ဂျွန်လတွင် မွေးဖွားခဲ့သော်လည်း ဂျွန်ပါသည့် အမည်ကို ကျွန်တော် မပေးဖြစ်ခဲ့ပါ။
ဟိုဝေးဝေးမှာ ရွှေရောင် လက်ပတ်နာရီတလုံး တလက်လက်တောက်နေသည်။ စိုင်းထီးဆိုင်၏ သီချင်းသံကို သဲ့သဲ့ကြားရပြန်သည်။ ထိုသီချင်းကို သူဆိုနေမည်လား။ သို့မဟုတ် သူရေးပေးဖူးသော စာတစောင်ထဲမှာ ပါသည့် စာသားများက သူ့အလိုလို အသံထွက်နေကြမည်လား။
“ရည်မှန်းချက်အတွက် ကြင်နာသူကို စွန့်ခဲ့တဲ့ သူရဲကောင်းတွေ ရှိခဲ့လဲကွယ် ငယ်ရွယ်သူမို့ အချစ်တခုသာ ကိုးကွယ်အားထားရာ ထင်မှတ်ယူမယ်”
ရာဇ၀င်ရှည် နှစ်သမိုင်းများတွင် ကြင်နာသူ အသီးသီးကို စွန့်ခဲ့သော သူရဲကောင်း ဘယ်နှစ်ယောက် ရှိခဲ့သည်လဲ။ ရမည်၊ ရောက်မည် မသေချာသော်လည်း လူသားအားလုံးအတွက်ဟူသော ယုံကြည်မှုဖြင့် နတ်ဒေ၀တာတို့၏ ပန်းတပွင့်ကို ဆွတ်ယူရန် ကြိုးစားခဲ့သူတို့၏ ဖ၀ါးများသည် ကြမ်းတမ်းရက်စက်မှုက ပေးသော ဒဏ်ရာများကြောင့် သွေးချင်းချင်း နီနေလိမ့်မည် ထင်သည်။
“ငှက်တွေဟာ ပျံရင်းသေတယ်၊ လူတွေဟာ ကြံရင်းသေတယ်”
ထိုစကားသည် ကျွန်တော်တို့ခေတ်က နာမည်အလွန်ကြီးခဲ့သော ရုပ်ရှင်ဇာတ်ကား တကားမှာ ဇာတ်ဝင် စကားဖြစ်သည်။
ထိုကားအမည်သည် “ပျံသာပျံပါ ထက်အာကာ”လား။ သိပ်မသေချာ။
ထိုဝတ္ထုသည် ဆရာမကြီး ခင်ဆွေဦး၏ ၀တ္ထုလား။ ဒါလည်း သိပ်မသေချာ။
သေချာသည်မှာ ထိုဇာတ်ကားတွင် စောမြသန္တာ ဟူသော မင်းသမီး သရုပ်ဆောင်ခဲ့သည်။ ထို ဇာတ်ဝင်စကားကို သူပြောကြားခဲ့သည်။ တီစကွဲယားတချောင်း ကိုင်ကာ စက်မှုတက္ကသိုလ် နောက်ခံပြု ဇာတ်လမ်း၏ စက်မှုကျောင်းသူအဖြစ် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကား ရုံတင်စဉ်မှာ ကျွန်တော် သည် ဆယ်တန်းဖြေဆိုရမည့် ကျောင်းသားတယောက် ဖြစ်ခဲ့သည်။ အင်ဂျင်နီယာ ကျောင်းတက်ချင် လွန်းသော စိတ်ဖြင့် ရုပ်ရှင်ရုံတွင် ပြားငါးဆယ် ရှေ့ဆုံးတန်းမှာ ၀င်ကြည့်ကာ ဇာတ်ဝင်စကားများကို ကက်ဆက်ဖြင့် ဖမ်းယူပြီး အိမ်ရောက်မှ အကြိမ်ကြိမ် ဖွင့်နားထောင်ခဲ့ဖူးသည်။ ကျွန်တော်သည် ပျံရင်းသေချင်သော ငှက်တကောင် အမှန်ပင် ဖြစ်ချင်ခဲ့၏။ ဂျွန် အမည်ရှိ ကျွန်တော့်ငှက်ကလေး ဘယ်ထိဝေးတဲ့ ခရီးကို ပျံသန်းထွက်ခွါသွားသည်လဲ။
ယခုရောက်နေသည့် အသက်အရွယ်တွင် ကြံစည်ခြင်းအမှုကို ပြုဖို့ ခက်ခဲနေပြီ ဖြစ်သော်လည်း မသေမချင်း ပျံသန်းနေရသေးသည့် အခြေအနေမှ မလွတ်မြောက်နိုင်သေးသည်မှာ ဂျွန်ရော ကျွန်တော် ကိုယ်တိုင် ပါဖြစ်သည်။
ဧပြီလ၏ နွေရက်များသည် မြေပြန့်လွင်ပြင်တွင် ပူအိုက်စပ်နေသော်လည်း တောင်တန်းများတွင် မပူ။
နှစ်ပေါင်းများစွာ အသွားအလာမဲ့သဖြင့် ပျက်စီးနေသော စစ်ကျန် ကတ္တရာလမ်းဟောင်းတခု ပေါ် တွင် ဂျွန်နှင့်ကျွန်တော် အေးဆေးစွာ လမ်းလျှောက်နေသည်ဟု စိတ်အာရုံတွင် ခံစားလိုက်မိပြန်သည်။ ထိုအချိန်သည် ညနေခင်း ဖြစ်ပုံရ၏။ ကျွန်တော်တို့ မျက်စိရှေ့တွင် တောင်ကုန်းတောင်ကမူများ ရှိသည်။ မျဉ်းသားသလို စီးဆင်းနေသော ချောင်းငယ်တခု ရှိသည်။ ထိုနေရာတွင် တချိန်က ကြီးကျယ်ခန်းနားခဲ့ ဖူးသော ထိုအရပ်၏ အတိတ်နှစ်များလည်း ရှိခဲ့သည်။
လွမ်းဆွတ်ခြင်း၊ သတိရခြင်း ဆိုသည်မှာ မြက်ဖျား နှင်းစက်နှင့် တူသလား။ ဖွဲဖွဲမှ သည်းသည်း ရွာချတတ်သော မုတ်သုန်မိုးနှင့် တူသလား။ နေမလာမီ အုံဆိုင်းစုဖွဲ့တတ်သော တောင်ပေါ်မြူများနှင့် တူသလား။ သို့မဟုတ် ကျောက်ဆောင်ကျောက်သားလို ခိုင်မတ်နေတတ်သည်လား။ ကျွန်တော်သရုပ် မခွဲတတ်ခဲ့။
သေသေချာချာကြီးကို ပြောနိုင်သည်မှာ ထိုရက်များ အတွင်း ကျွန်တော်ဂျွန့်ကို တခုတ်တရ လွမ်းနေခဲ့သည် ဆိုသည့်အကြောင်း။
ကျောက်ခေတ်ဂူဟောင်း တခုနှင့်တူသော ကျွန်တော်နေထိုင်သည့် (၂၁)ရာစု မြို့ပြ တိုက်ခန်းတခု ထဲမှာ ကျွန်တော် အသံကုန်အောင် ဟစ်လိုက်မိသည်။
“ငါ မင်းကို လွမ်းတယ် ဂျွန်”
ထိုအော်သံကို ဂျွန် မကြားနိုင်မှန်း ကျွန်တော်သိနေသည်။ ကျွန်တော့်သိမှုကို ကျွန်တော့အလွမ်း များက မသိနိုင်ခဲ့ကြ။
နက်ဖြန်မနက် နေသာဦးမည်လား။
ကျွန်တော်သည် ‘ဖာနန်ဒို’ အမည်ရှိ သီချင်းတပုဒ်ကို တီးခတ်သီဆိုနေမိပြီ။ ထိုမနက်၏ အလင်းများ သည် ကျွန်တော့် သံစဉ်နှင့် စာသားများ ဖြစ်ခဲ့၏။
ကျွန်တော့်သီချင်းသံသည် အလွမ်းတို့ဖြင့် စိုနေသည်။

commentinfo By: yethua8 at Aug 5, 2013
Comment #53

ကောင်းတယ်အမ

commentinfo By: nayzaw at Aug 10, 2013
Comment #54

အမရဲ့ကဗျာလေးက အရမ်းကောင်းပါတယ်။မိန်းကလေးတယောက်ရဲ့ခံစားချက်နဲ့ရေးထားတာဆိုပေမဲ့ နှလုံးသားရှိတဲ့လူတိုင်း ကြိုက်ကြမှာပါ။ကျွန်တော်ကတော့ အရမ်းကြိုက်တယ်။

commentinfo By: mgchitmin at Aug 17, 2013
Comment #55

မင်းချစ်သူ နီ့  မန့် တွေက ကြမ်းထှာ ကြိုက်လွန်းလို့  မသွားတယ်

commentinfo By: GuJohnHtet at Aug 21, 2013
Comment #56

အရမ်း​ကောင်းပါတယ်​ အဓိကဟာဘာလဲဆိုတာ​ထောက်​ပြ​ပေးနိုင်​တယ် l will be your listener .စိ​တ်​ကူး​ကောင်းတဲ့ကဗျာဆရာမ​လေးကြိုးစားအား​ပေး​နေမယ်​lonely wolf

commentinfo By: ကိုရဲ at Nov 20, 2013
Comment #57

အချစ်ဆိုတာဘာလဲ
ဟိုတစ်ချိန်တုန်းက ငါသိခဲ့တဲအချစ်ဆိုတာ
ရုပ်ရှင်တွေ ၀တ်ထုတွေထဲမှာ
လူသုံးများတဲ. စကားလုံးတစ်ခုပေါ့
အခုအချိန်မှာရော
အချစ်ဆိုတာဘာလဲ
အခုတော့အချစ်ကိုငါသိခဲ့ပြီ
အချစ်ဆိုတာ
ဖြူစင်တယ် ရိုးသားတယ်
သိမ်မွေ.တယ် နူးညံတယ်
ပိုင်ဆိုင်ချင်တယ် ဒါပေမဲ့ရယူခြင်းကင်းမဲ့တယ်
တစ်ခါတစ်လေမှာ
တူညီတဲ့နေရာမှာ တူညီတဲ့အရာတွေကိုရပ်ကြည်.ရင်း
တူညီတဲ့ ဘ၀လေးတစ်ခုကို တည်ဆောက်ချင်တယ်……..
အဲဒါအချစ်ပဲ
ငါကို အချစ်ဆိုတာ သိအောင်လုပ်ခဲ့တာ ဘယ်သူလဲ
ဒါပေမဲ့ ဒီကဗျာလေးက
ငါချစ်တဲ့သူအတွက်

commentinfo By: waimoethwin at Dec 15, 2013
Comment #58

အရမ်းကောင်းပါတယ်

commentinfo By: viloet at Dec 31, 2013
Comment #59

လမင်း
လမင်းရေ မင်းမရှိတဲ့ အချိန်တိုင်းဟါ တို့ အတွက်
တော့ အလင်းရောင် မရှိတဲ့ မဟူရာ ညတစ်ည လို့ပါ
ပေး လမင်းရဲ့ အလင်းရောင် မိတ္တာလေးတွေ့နဲ့
တ စက်ကလေးဖြစ်ဖြစ် ထွန်းလင်းပေးပါလား
လမင်းလေးရေ………………

တကယ်လို့ လမင်းသာ မရှိခဲ့ဘူးဆိုရင် တစ်
ကမ္ဘာလုံး မှောင်မှိုင်ပြီး တလော့က လုံး လူတွေ့ ရူး
သွားနိုငတယ် လမင်းရယ် ။
kyaw2

commentinfo By: kyawkyae at Feb 10, 2014
Comment #60

အား​ပေးသွားပါတယ်​။

commentinfo By: waiphyomauk at Feb 16, 2014
Comment #61

အရမ်းကြိုက်ပြီးတိုင်ဆိုင်နေလို့ကျေးဇူးတင်ပါတယ်

commentinfo By: yamin at Mar 5, 2014
Comment #62

ကြိုက်တယ်ဗျာ… အရမ်းကောင်းတယ် :) :)
ချီးကျူးပါတယ် :)

commentinfo By: လင်းအိမ်သင် at Mar 8, 2014
Comment #63

တော်ကြပါ တရ်ကဗျာတွေရင်ထဲကိုထိတရ် အခွင့်ကြုံရင်အဲဒီကဗျာတွေထက်ကောင်းတဲ့ကဗျာတွေတင်ပြချင်
တရ် ဒါပေမရ့် ဘယ်နားမှာရေးပြီးဘယ်နားမှာသွားတင်ရမှန်းမသိလို့ သိရင်ပြောကြပါ

commentinfo By: shiene at Apr 19, 2014
Comment #64

ကဗျာ​လေးကအရမ်းခံစားလို့​ကောင်းပါတယ်၊အရမ်းလည်းကြိုက်​တယ်

commentinfo By: La Yate Cho at May 20, 2014
Comment #65

Nice poem

commentinfo By: Anyataya at Jun 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment