Follow us on Facebook Follow us on Twitter Subscribe RSS Feed

Professional Authors

PoemsCorner Authors

ရှေ့ဆက်ခရီး အဝေးကြီး

နှုတ်ဆိတ်ဆိတ် တိုးတိတ်တိတ်ပဲ
ခပ်တုံးတုံး ငနဲတစ်ကောင် ကြေကွဲခဲ့တယ်
ဖွင့်ပြောခွင့်မရ ခပ်ရိုင်းရိုင်း လှည့်ထွက်ခွင့်မရတော့လည်း
ခေါင်းငုံ့မြိုသိပ် ဟန်လုပ်ရယ်မောရင်း
တအားကုန်းရှိုက်ဖွာလိုက်တာက အဆိပ်သင့်လေထုကြီး
လိပ်ပြာမလုံတဲ့ ယုံကြည်ချက်တစ်ခု
သိပ်ရှင်းစရာမလိုတဲ့ နားလည်မှုတွေ
အထပ်ထပ်ဆေးကြောလိုက်ပြီ ငါ့တလွဲအတွေးတွေ
ခပ်ပါးပါး ပေကျံနေသေးတာက ငါကိုယ်တိုင် ။
ပြင်မောင်းလုပ်နေကျ ငါ့အနာဂတ်ယာဉ်တက်မောင်းဖို့
ဖွတ်ချက်..ဖွတ်ချက်ဆိုတာလဲ နားဝင်ပီယံတစ်ခု
ခုတော့.. ငါကိုယ်တိုင်သုတ်သင်လိုက်ပြီ အရှုံးတွေ
ဆက်ခရီးနှင်ဖို့ တော့ ဘ၀အာမခံမလိုခဲ့ဘူး
ဆက်သွားရမှာကတော့ ငါ့ဘာသာပါ ….. ။    ။

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ခေါင်းငုံ့မြိုသိပ် ဟန်လုပ်ရယ်မောရင်း
တအားကုန်းရှိုက်ဖွာလိုက်တာက အဆိပ်သင့်လေထုကြီး
လိပ်ပြာမလုံတဲ့ ယုံကြည်ချက်တစ်ခု
သိပ်ရှင်းစရာမလိုတဲ့ နားလည်မှုတွေ
အထပ်ထပ်ဆေးကြောလိုက်ပြီ ငါ့တလွဲအတွေးတွေ
ခပ်ပါးပါး ပေကျံနေသေးတာက ငါကိုယ်တိုင် ။

commentinfo By: May Kha at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Contributors

Most Commentators

  • ei lay (11296)
  • အသဲကွဲမိုး (2666)
  • May Kha (1979)
  • poem.poem28 (1673)
  • လုလင်ငယ်သွေး (1112)