Professional Authors

အလွမ်း

ရာသီဥတုကတော့ တဖြည်းဖြည်းနဲ့ အေးလာပြီ
ကိုယ့်ရဲ့ အိမ်အပြန်လမ်းတလျှောက်မှာ
နှင်းမြူတို့  အုံ့  မှောင် ပြာ နွမ်း … ၊ ကိုယ် ..
ချမ်း .. လိုက်တာ ချစ်သူရယ် .. ၊
ဘာပဲပြောပြော
ဒီညကိုလည်း ကိုယ်အထီးကျန်စွာ
ဖြတ်သန်းရဦးမယ် .. ။
ပတ်ဝန်းကျင်မှာ
ဆောင်းလေရိုင်း တို့  တနင့်တပိုး စီးခတ်
ကိုယ့်အနာဂတ်ဟာ ဓားချက်တွေချင်း
ထပ် … ရင်း ပေါ့ကွယ် ။။။

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

ကြိုက်လွန်းလှပါရဲ့ဗျာ

commentinfo By: yaewintaung at Oct 5, 2011
Comment #2

ပတ်ဝန်းကျင်မှာ
ဆောင်းလေရိုင်း တို့  တနင့်တပိုး စီးခတ်
ကိုယ့်အနာဂတ်ဟာ ဓားချက်တွေချင်း
ထပ် … ရင်း ပေါ့ကွယ် ။။။

commentinfo By: May Kha at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment