Professional Authors

” အိမ်ပြေးမလေးရဲ့ ရယ်သံ “…(sharon )

စာမျက်နှာတွေတိုင်းမှာတိမ်ထူထပ်နေပါတယ်
မျှော်လင့် ခြင်းကသီးကင်းမှာပဲကြွေသွားပြီပဲ
မြို့ပြဇာတ်လမ်းတဲ့ လား
တကယ်တော့
ရိုးရိုးကကြိုးလေးတစ်ပုဒ်ပဲတင်ဆက်ခဲ့ တာပါ
တောင်းရိုးတွေကဝေဖန်ပြစ်တင်သံတွေဖုံးလွှမ်းနေခဲ့ ပြီ
အိပ်မက်ကိုအိပ်မက်အဖြစ်ပဲထားထားရတော့မလား
ဒီအတွက်
ငါကသာအရောင်ရင့် ခဲ့ ရတယ်
ဘဝစာမျက်နှာမှာ
အမေ့ခံ
ရူးချင်ယောင်ဆောင်နေတာ
နောက်ကျောဓားနဲ့ ထိုးတတ်သူတွေကြောင့် ပါ
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မာနတွေ
ဒီလိုနဲ့ ပဲ
ငါ့ ကျစ်ဆံမြီးလေးဖြည်းဖြည်းရှည်လာခဲ့ ပြီ
ခါးတယ်
ခါးလွန်းပါတယ်
ဘဝကိုအစာအိမ်အဖြစ်ပြောင်းမိတာလဲအခါခါ
ပွဲသာပြီးသွားတယ်
ယဉ်ကျေးမှု ခေါင်းစဉ်ကချိုမြမှုတွေမဲ့ နေဆဲ
ပညတ်သဘောသာမဟုတ်ရင်
ငါ့ ကဗျာ…..လှပပါတော့မလား
ပြန်ရစ်လို့ မရတော့တဲ့ ဇာတ်လမ်းလေးထဲမှာ
ချစ်စရာ..အိမ်ပြေးမလေးတစ်ယောက်
အထီးကျန်ခြင်းလမ်းခွလေးမှာ
ခပ်ပါးပါးလေး..ရယ်နေခဲ့ တယ်..

                                                         ရှာရွန်  22.9.2011 11:08 pm

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

ကောင်းတယ်ဗျာ…..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 3, 2011
Comment #2

စာမျက်နှာတွေတိုင်းမှာတိမ်ထူထပ်နေပါတယ်
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မာနတွေ
ဒီလိုနဲ့ ပဲ
ငါ့ ကျစ်ဆံမြီးလေးဖြည်းဖြည်းရှည်လာခဲ့ ပြီ
ဘဝကိုအစာအိမ်အဖြစ်ပြောင်းမိတာလဲအခါခါ
ပွဲသာပြီးသွားတယ်
အဲ စာသားတွေ ကြိုက်တယ်ဗျာ
အိမ်ပြေးမလေး ရဲ့  ရယ်သံကို နားထောင်သွာတရ် နော်

Comment #3

ဘယ်လိုလဲဟေ့…..ကိုလုလင်
အိမ်ပြေးမလေးရဲ့ ရယ်သံလေးက နားဝင်ချိုရဲ့ လား…. 🙂
ကျေးဇူးဗျနော် …

commentinfo By: sharon myorr myor at Oct 3, 2011
Comment #4

အားပေးသွားတဲ့ ဆရာသမားများအားလုံးကိုမျောကတကယ့် စိတ်ရင်းနဲ့ ကျေးဇူးတင်တယ်ဗျာ…

commentinfo By: sharon myorr myor at Oct 3, 2011
Comment #5

အားပေးသွားပါတယ်ဗျာ နောက်ဆုံးစာသားတွေ အကြိုက်ဆုံးပါဗျာ

commentinfo By: Demon at Oct 3, 2011
Comment #6

ဟုတ်ကဲ့ ဗျ
ကြိုက်ရင်ယူသွားဗျ..အိမ်ပြေးမလေးရဲ့ ရယ်သံကိုပေါ့  🙂

commentinfo By: sharon myorr myor at Oct 3, 2011
Comment #7

ဘဝစာမျက်နှာမှာ
အမေ့ခံ
ရူးချင်ယောင်ဆောင်နေတာ
နောက်ကျောဓားနဲ့ ထိုးတတ်သူတွေကြောင့် ပါ
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်…

ရေးဖွဲ့ထားတာကောင်းပါတယ်ဗျာ…ချီးကျူးပါတယ်..

commentinfo By: နွေဦးသစ် at Oct 3, 2011
Comment #8

ကဗျာထဲမှာ…ကလေးမလေးတစ်ယောက်ရယ်….
ရင့်ကျက်စတိမ်တိုက်တွေရယ်…..
ရယ်သံဖြူဖြူလေးတွေရယ်….. တွေ့ရတယ်…..။

ကြိုက်တယ်…….။

commentinfo By: terry at Oct 3, 2011
Comment #9

အင်းတိုတိုတုတ်တုတ်ပဲ မန့်တော့မယ် သေချာလိုက်ပြောရင် ကွန်းမန့်အရှည်ကြီးဖြစ်တော့မှာကို မရှရွန်ရေ ကဗျာကကောင်းတယ်ဗျာ ကြိုက်တယ် 🙂

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 4, 2011
Comment #10

ခုလိုဝေဖန်အကြံပေးတဲ့  ကဗျာညီအစ်ကိုမောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ
နောက်နောင်လဲအကြံပေးပညာပေးအားပေးစေလို ပါတယ်
အားလုံးကိုကျေးဇူးတင်လျှက်ပါ

commentinfo By: sharon myorr myor at Oct 4, 2011
Comment #11

ကောင်းတယ်
ရုပ်လဲချောတယ်
ကဗျာလည်းလှတယ်

commentinfo By: johnlin52nd of Daw Sain Aye at Oct 4, 2011
Comment #12

အားပေးသွားတယ်ဗျို့..အရေးအသားကောင်းတယ်

commentinfo By: အသဲကွဲမိုး at Oct 4, 2011
Comment #13

အမေ့ခံ
ရူးချင်ယောင်ဆောင်နေတာ
နောက်ကျောဓားနဲ့ ထိုးတတ်သူတွေကြောင့် ပါ
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်

commentinfo By: MyoZin at Oct 16, 2011
Comment #14

ကျေးဇူးတင်ပါတယ်ခင်ဗျာ
မမမိုး
ဂျွန်
ကိုမျိုးဇင်
ကျေးဇူးဗျာ

commentinfo By: sharon myorr myor at Oct 16, 2011
Comment #15

မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်………. (အရောင်တွေမဆိုးမိစေနဲ့ )

commentinfo By: May Kha at Oct 21, 2011
Comment #16

ဟုတ်ကဲ့ ပါမမ
အဖြူရောင်ထဲမှာပဲစီးဆင်းနေမှာပါ
ကျေးဇူးတင်ပါတယ်

commentinfo By: sharon myorr myor at Nov 8, 2011
Comment #17

မှတ်ဥာဏ်ထဲက ကလေးမလေးက ရိုးသားပါတယ်
မာနတွေ
ဒီလိုနဲ့ ပဲ
ငါ့ ကျစ်ဆံမြီးလေးဖြည်းဖြည်းရှည်လာခဲ့ ပြီ
ခါးတယ်
ခါးလွန်းပါတယ်
ဘဝကိုအစာအိမ်အဖြစ်ပြောင်းမိတာလဲအခါခါ
ပွဲသာပြီးသွားတယ်
ယဉ်ကျေးမှု ခေါင်းစဉ်ကချိုမြမှုတွေမဲ့ နေဆဲ

commentinfo By: poohmay at Mar 19, 2012
Comment #18

ကျနော့် ကဗျာကိုပြန်ဖတ်မိတယ်ဗျာ
ဝင်ရောက်ဖတ်ရှုသွားတဲ့ မောင်နှမတွေ ကို ကျေးဇူးတင်လျှက် မှတ်ညဏ် တချို့ ကို ပြန်တူးဖော်မိတယ်

commentinfo By: sharon myorr myor at Mar 21, 2012
Comment #19

ချစ်စရာ..အိမ်ပြေးမလေးတစ်ယောက်
အထီးကျန်ခြင်းလမ်းခွလေးမှာ
ခပ်ပါးပါးလေး..ရယ်နေခဲ့ တယ်..
ကောင်းတယ်ဗျာ…..တကယ်အားပေးသွားပါတယ်….။

commentinfo By: kaythari at Mar 21, 2012
Comment #20

ကျေးဇူး .. ကေ 🙂

commentinfo By: sharon myorr myor at Apr 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment