Professional Authors

ဟန်ဆောင်လမ်းခွဲ

နင်ထွက်သွားတော့မယ့် အချိန်
ငါပြုံးပြီး နှုတ်ဆက်ချင်ပေမယ့်
ဝဲတက်လာတဲ့ မျက်ရည်တွေကြောင့်
ငါကျောခိုင်းထားတာပါ ……………

အဝေးတစ်နေရာကိုသွားမယ့် နင့်ကို
လေဆိပ်အထိလိုက်ပို့ချင်ပေမယ့်
ရုန်းထွက်မသွားအောင် တားမိမှာစိုးလို့
ရှောင်ထွက်သွားတာပါ………………

ထွက်ခွာမယ့်ရက် နီးလာတိုင်း
နင့်လက်ကို တင်းကျပ်အောင် ဆုပ်ကိုင်ချင်ပေမယ့်
စိတ်မကောင်းဖြစ်မှာ စိုးရိမ်မိလို့
မျိုသိပ်ထားတာပါ……………………

နင်ထင်သလို သွေးအေးတဲ့ကောင်မလေး
ငါမဖြစ်ချင်ခဲ့ပါဘူး
ဒါပေမယ့် ငါကြောင့် တွေဝေမနေစေချင်လို့
အမြဲလို ဟန်ဆောင်နေတာပါ

ပြောချင်တာ မျိုသိပ်ရတာ
လက်တွေ့မှာ မလွယ်ပေမယ့်
ငါချစ်တဲ့ နင့်အတွက်
သည်းခံခဲ့တာပါ ………

တစ်နေ့နေ့တော့ ငါ့ရှိတဲ့နေရာကို
ပြန်လာမှာပါလို့ ပြောခဲ့ပေးတဲ့အတွက်
အရမ်းကျေးဇူးတင်ပါတယ် ………

In: ကဗျာ Posted By: Date: Oct 3, 2011
Comment #1

နင်ထွက်သွားတော့မယ့် အချိန်
ငါပြုံးပြီး နှုတ်ဆက်ချင်ပေမယ့်
ဝဲတက်လာတဲ့ မျက်ရည်တွေကြောင့်
ငါကျောခိုင်းထားတာပါ ……………

အဝေးတစ်နေရာကိုသွားမယ့် နင့်ကို
လေဆိပ်အထိလိုက်ပို့ချင်ပေမယ့်
ရုန်းထွက်မသွားအောင် တားမိမှာစိုးလို့
ရှောင်ထွက်သွားတာပါ………………

ထွက်ခွာမယ့်ရက် နီးလာတိုင်း
နင့်လက်ကို တင်းကျပ်အောင် ဆုပ်ကိုင်ချင်ပေမယ့်
စိတ်မကောင်းဖြစ်မှာ စိုးရိမ်မိလို့
မျိုသိပ်ထားတာပါ……………………

နင်ထင်သလို သွေးအေးတဲ့ကောင်မလေး
ငါမဖြစ်ချင်ခဲ့ပါဘူး
ဒါပေမယ့် ငါကြောင့် တွေဝေမနေစေချင်လို့
အမြဲလို ဟန်ဆောင်နေတာပါ

ပြောချင်တာ မျိုသိပ်ရတာ
လက်တွေ့မှာ မလွယ်ပေမယ့်
ငါချစ်တဲ့ နင့်အတွက်
သည်းခံခဲ့တာပါ ………

တစ်နေ့နေ့တော့ ငါ့ရှိတဲ့နေရာကို
ပြန်လာမှာပါလို့ ပြောခဲ့ပေးတဲ့အတွက်
အရမ်းကျေးဇူးတင်ပါတယ် ………

Khan Sar Chat Chin tuu tal naw………….. Arrr pay Tal Thwor naw………fri 😀

commentinfo By: Zin Zin at Oct 3, 2011
Comment #2

Nice Poem…………

commentinfo By: Zin Zin at Oct 3, 2011
Comment #3

really nice

commentinfo By: ei lay at May 28, 2012
Comment #4

ပြန်လာရင်ကောင်းတာပေါ့

commentinfo By: မေပျို at Jan 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment