Professional Authors

ရင်ရဲ့သံစဉ်

 

 

ရင်ရဲ့သံစဉ်

အချစ်ဆိုတာ

လရောင်လို လက်နဲ့ဆုပ်ဖမ်းလို့မရလည်း

ငါ့ရင်ဘက်ထဲမှာတော့ နင့်ကိုယ်ငွေ့လေးက

နွေးထွေးနူးညံ့မွှေးမြလို့………..

ငါ့ရင်ဘက်ကိုမီးခတ်ကြည့်လိုက်စမ်းပါ

လွမ်းဆွတ်မှုတွေကတောမီးလိုတရဲရဲ

အသည်းကွဲရာသီကတော့

ပြာကျတာတောင်နောင်တမရချင်ဘူး………

ချစ်တယ်…………

သိပ်ချစ်တယ်………..

ဘယ်အချိန်ဘယ်နှစ်ခါမေးမေး

ဝင်လေထွက်လေနဲ့ အချိန်အဆ

စိတ်တူကိုယ်မျှ နားတစ်ဖက်နဲ့

နှလုံးသားအိပ်တန်းတက်ချိန်နောက်မကျဖူးခဲ့……..

ချစ်တယ်……….

ဆာလောင်မွတ်ငတ်စွာချစ်ခဲ့တယ်…………

ငါ့ကိုယ်ငါပြန်မမေးခင်

နင့်ကိုငြိတွယ်ညွတ်ခနေတဲ့သံယောဇဉ်က

ငါ့ရင်မှာ ရုံတင်ပြမယ့်ရုပ်ရှင်ကားပါ…………..

ချစ်တယ်……………

တရှိုက်မက်မက်ချစ်ခဲ့တယ်………

ဘယ်ဥပမာဘယ်လိုပေးပေး

အဝေးဆုံးကဖြတ်လာရတဲ့မြစ်ဟာ

ငါပါ…………..

ချစ်တယ်…………….

ရူးသွပ်တဲ့အထိချစ်ခဲ့မိတယ်………

ဘယ်လောက်ထိပေါက်ပေါက်ရှာရှာချစ်ခဲ့ရလဲသိလား

နင့်လက်မောင်းသားပေါ်က

ကျောက်ဆေးထိုးထားတဲ့အမာရွက်လေးထိ

သတိတရနဲ့ချစ်ခဲ့မိတယ်…………..

ဒီထက်ပိုပြီးပြောရရင်……………

နင့်ကိုငါချစ်တာ

ငါ့ကိုယ်ငါချစ်တာမဟုတ်ဘူး……….

အဲ့ဒီစိတ်ကူးတွေအိပ်ယာထတော့

ငါ့အချစ် ၀ိညာဉ်ကအရှင်လတ်လတ်နဲ့

နင့်ထောင်ချောက်မှာညပ်မိနေတဲ့

           ကြွက်တစ်ကောင်ဖြစ်ခဲ့ပေါ့………။ ။

                                         

                                             ကြွက်စုတ်

In: ကဗျာ,Others Posted By: Date: Oct 3, 2011
Comment #1

အားပေးသွားပါတယ်.

commentinfo By: May Kha at Oct 3, 2011
Comment #2

ငါ့ရင်ဘက်ကိုမီးခတ်ကြည့်လိုက်စမ်းပါ

လွမ်းဆွတ်မှုတွေကတောမီးလိုတရဲရဲ

အသည်းကွဲရာသီကတော့

ပြာကျတာတောင်နောင်တမရချင်ဘူး………

commentinfo By: ရနံ့ at Oct 3, 2011
Comment #3

ဒီထက်ပိုပြီးပြောရရင်……………

နင့်ကိုငါချစ်တာ

ငါ့ကိုယ်ငါချစ်တာမဟုတ်ဘူး……….
ဒီထက်ပိုပြီးပြောရရင်……………

နင့်ကိုငါချစ်တာ

ငါ့ကိုယ်ငါချစ်တာမဟုတ်ဘူး……….
……………………………………………………………
အားပေးသွားပါတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #4

so much nice.
so much nice.
so much nice.

commentinfo By: ei lay at Feb 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment