Professional Authors

ဘ၀ဆိုတာ (၄/၂၀၀၈)

.သစ်ပင်တစ်ပင်အတွက်
အသီးမသီးတာ ဘ၀ ဆိုးခဲ့ပါသလား…။

ပန်းတစ်ပွင့် မှာ ရနံ့မရှိရင် သိမ်ငယ် နေခဲ့မလား။။
ကြယ်မရှိတဲ့ ညဟာ သာယာပါ့မလား။
ချစ်သူမရှိတဲ့လူဟာ ဆိုပြေပါ့မလား။
လွတ်လပ်မှု မရှိတဲ့ တိုင်းပြည်ဖွံ့ဖြိုးပါ့မလား။
အမေမရှိတဲ့ ခလေး နို့ဝပါ့မလား။

မိတ်ဆွေ
ငွေ မရှိတဲ့ ဘ၀ဆိုတာ
လူသားတစ်ယောက်အတွက်
အကြိမ်ကြိမ် သေဆုံးပြီးသားသစ်ပင်လို
အကြိမ်ကြိမ် သီးပွင့်ဖို့ မဖြစ်နိုင်ဘူး။

ကျွန်တော်လည်း ငွေကြေး ကိစ္စအတွက်နဲ့
ဘ၀ မှာ အကြိမ်ကြိမ် သေဆုံးဖို့အသင့်ပါပဲ…။

အငွေ့

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

သစ်ပင်တစ်ပင်ဟာ အကြိမ်ကြိမ်သေဆုံးဖို့မဖြစ်နိုင်သလို တစ်ကြိမ်သေပြီးရင်လဲ ဘယ်တော့မှအကြိမ်ကြိမ်သီးရိုးထုံးစံမရှိပါဘူး၊

commentinfo By: ဇင်းမင်း at May 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment