Professional Authors

အော်ဘာလေ

အောင် တာ ဘာ လေ တဲ့လဲ
ငါ အမျိုးအမည် မခွဲတတ်ဘူး

ကျပ် ၁၀ သိန်း ခေတ်က
အဖိုး ကထိုးတယ်…။
ငါ့ မြေး ရှင်ပြု ဖို့တဲ့…။

သေသာသွားတယ် အဖိုး
ထီမပေါက်ခဲ့ဘူး
ထီးပဲပေါက်ခဲ့

ကျန်ရစ်လွမ်းသူအဖွား..
အဖိုးဆန္ဒ အသက်ဝင်စေဖို့ တိုးလို့ထိုး
လောကကို မျက်ကွယ်ပြု
မပေါက်ခဲ့ပါဘူး။

ရပ်ကွက် အလှူ ဒုံလဘတ်ယူ ရှင်ပြုတော့
အမေ ငို အဖေ နေစရာ မရှိ။
သူများအလှူ မှာမှ သား ဆံချလို့
ဝမ်းသာတာက မပြည့်…။

ဒါတွေက လွမ်းစရာ အတိတ်
ထိထိပပ မရိုက်ခတ်လည်း
ငါလည်း သားရှင်ပြုဖို့ အရေး
ထီဆိုင် ပြေးလို့ ဘ ….အစ …..၀ အဆုံးရွေးပေးဖို့
ကောင်တာက စာရေးမ ကိုပြောနေရတုန်း။

အငွေ့

In: ကဗျာ Posted By: Date: May 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment