Professional Authors

ပျင်းဖို့ ကောင်းပါတယ်

” ပျင်းဖို့ ကောင်းပါတယ် “

နဂါးမှန်း သိအောင်
အမောက်ထောင်ပြဖို့ …….
လိုအပ်လို့လား ??
မလိုအပ်တာတွေ လုပ်ပြနေရတာ
ပျင်းဖို့ ကောင်းပါတယ်

မြေကြီးဆန်အောင် နေဖို့ ကြိုးစားတယ်
ကိုယ်တိုင် အပင်မဖြစ်နိုင်သေးသရွေ့

မြက်ပင်ဆန်အောင် နေဖို့ ကြိုးစားတယ်
အတွေးအခေါ်တွေ မာနေသေးသရွေ့

လက်နှစ်ဖက်လုံးကို မှောက်ထားဖို့ ကြိုးစားတယ်
လက်ဝါးဖြန့်ရတဲ့ နေ့တွေ မကုန်သေးသရွေ့

ကိုယ်ပြောချင်တာကို ပြောခွင့်မရတဲ့အခါ
ကဗျာဆရာဖြစ်ရတာလဲ
ဟုတ်ကဲ့ …………..
ပျင်းဖို့ ကောင်းပါတယ်။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Oct 1, 2011
Comment #1

ဒါဆို မြွေဟောက်မှန်းသိအောင် ပါးပြင်းထောင် လိုက်ရမလား………………

Comment #2

ကိုယ်ပြောချင်တာကို ပြောခွင့်မရတဲ့အခါ
ကဗျာဆရာဖြစ်ရတာလဲ
ဟုတ်ကဲ့ …………..
ပျင်းဖို့ ကောင်းပါတယ်။

Comment #3

မျှော်တော်ယောင် ခင်ဗျား။ မြွေဟောက်မှန်းသိအောင် ပါးပြင်းထောင်ချင်ရင်လည်း ထောင်ပါ။ တခါတလေတော့လဲ လိုအပ်တယ်ထင်တာပါပဲ။ ကျွန်တော်ကိုက ပျင်းတတ်လွန်းလို့ ဖြစ်မယ်။ အဲလိုလုပ်ရတာ ပျင်းတယ်။ 😀

commentinfo By: ChIr0N at Oct 1, 2011
Comment #4

ကိုယ်ပြောချင်တာကို ပြောခွင့်မရတဲ့အခါ
ကဗျာဆရာဖြစ်ရတာလဲ
ဟုတ်ကဲ့ …………..
ပျင်းဖို့ ကောင်းပါတယ်။…။

commentinfo By: SoFarAwayFromU at Oct 1, 2011
Comment #5

ကိုယ်ပြောချင်တာကို ပြောခွင့်မရတဲ့အခါ
ကဗျာဆရာဖြစ်ရတာလဲ
ဟုတ်ကဲ့ …………..
ပျင်းဖို့ ကောင်းပါတယ်။
..
ကွက်တိပါပဲ

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #6

hote de,,
a khu a yan pyin nay de,,
poem phat phoe dot ma pyin bu,,
he,,hem,

commentinfo By: ei lay at Feb 26, 2012
Comment #7

Life is meaningless now

commentinfo By: ei lay at Oct 15, 2012
Comment #8

Pyin twat tar dot ma hote par bu.
Loak chin tar tway loak kwint ma ya de a twat kyate p khan sarr nay ya Dar.
Ta khar ta lae ma hote de nyin so hmu tway ko kyauk lar tar

commentinfo By: ei lay at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment