Professional Authors

နာရီ

အတ္တ္တ္တတွေက တချောက်ချောက်မြည်
အသက်ရှုသံထက်
လောဘ သံပါတ်က ပိုလည်တယ်။
ဒုက္ခက နိုးစက်လိုပဲ
မကြာခဏ မြည်သံထွက်တယ်..။
ဒါပေမဲ့…..
ဒီဘ၀နာရီတွေအထဲမှာ
ရယ်သံလွင်လွင်တွေရှိတယ်။
ငိုသံညိုညိုတွေ ရှိတယ်။

တစ်အိအိ ရွေ့ လျားနေတဲ့
ရှင်သန်မှု စက္ကန့် သံတွေကြားထဲ
ဘယ်အရာမှ သယ်ဆောင်ခွင့်မရခင်
ငါ့……….
နာရီလက်တံတွေကို ရပ်မပစ်ပါနဲ့
လောကဓံရယ်…။

အငွေ့

In: ကဗျာ Posted By: Date: May 15, 2010
Comment #1

ကောင်းလိုက်တဲ့ ကဗျာလေး

ဆက်ရေးပါ အားပေးတယ်

commentinfo By: favourite2me at Jun 22, 2010
Comment #2

နည်းနည်း လေး

တော့ ကောင်းပါတယ် ဆက်မရေး ရင်ပိုကောင် တယ်
ok

commentinfo By: arbawk at Jun 26, 2010
Comment #3

arbawk ရေ…ကျွဲ ပါးစောင်းတီး မိသွားတဲ့ အတွက် ခွင့်လွတ်ပါဗျာ..။

commentinfo By: အငွေ့ at Jun 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment