Professional Authors

သဘာဝ၏ ပန်းချီကား (နွေဂိန်မာန်)

 

ရိုးတံမှကြွေ သစ်ရွက်တွေ

မြေခလေပေါ့ ဝပ်ဆင်းကန်တော့

အဖော်သစ်ရွက် အကုန်ကြွေပျက်

သစ်ကိုင်းခမျာ သနားစရာ။

ပြိုင်းပြိုင်းရိုးတံ အထီးကျန်

ကူညီအားပေး ရွှေငှက်လေး။

သံချိုထုတ်နှော ရွှေဥသြ။

အရိုးပြိုင်းမှန် သစ်လက်တံ

ဥသြငှက်က ဝင်နားပြန်

ပြာလွင်ကောင်းကင် နောက်ခံထား

ရေးဆွဲ ပန်းချီကား ပုံဖော်သဘာဝတရား။        

                   မျိုးသူထက်(17.12.2006)

In: ကဗျာ Posted By: Date: Sep 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment