Professional Authors

သက်တမ်းကုန်နေတဲ့………ဆုတောင်း (sharon )

အကန့် အသတ်နဲ့ လား
နှစ်နှစ်ကာကာ ပြုံးခဲ့ တာလဲ…..မင်းပဲ
အဖြူ လဲမဟုတ်
အနက်လဲမဟုတ်
စိုက်ပျိုးခြင်းမှာကိုက နိဒါန်းမှားခဲ့ ကြတာပါ
ရူးလည်းရူးစေတယ်
မူးလည်းမူးစေတယ်
သို့ သော်
အချစ်ဟာအချစ်ပဲလေ
ဒါပေမယ့်
မင်းအချစ်ကခါးလွန်းတယ်ကွယ်
ဖြတ်ကျော်ခဲ့မှု တိုင်းက
ရာသီဦးမပီသခဲ့ ဘူး
တဆိတ်တော့ အူကြောင်ကြောင်နိုင်လွန်းတယ်
နောင်တ
နှမြောသတမှု
အလွမ်းကြောင့် ကိုက်ခဲမှုက
ချုပ်ရိုးအထပ်ထပ်နဲ့ 
ဆေးမတိုးတော့ ဘူး
သင်္ခါရတရားလို့ လွှဲမချနဲ့ 
ဘဝက

နာကျင်တတ်မှလှတာပါ
စည်းခြားထားတဲ့ သံသယက
စစ်မှန်တဲ့ ဆက်နွယ်မှု ကိုခြစားပစ်ခဲ့ တာ
တကယ်တော့
ဇာတ်လမ်းသာဆုံးခဲ့ 
အဲဒီနေ့ က
 ကောင်းကင်မှာ…နေတစ်ခြမ်းလတစ်ခြမ်း
တောမကျွမ်းတဲ့ ငါ
အရောင်တွေထဲမှောက်ရက်လဲတယ်

ရင်ခွင်တစ်ခုလုံးကို အိတ်သွန်ဖာမှောက်
လူသတ်သမားအပြုံးမျိုး
အမှန်တော့ 
အဲဒီနေ့ ကအကြောင်း
အဲဒီနေ့ ကပဲ
မေ့ ပစ်ဖို့ ကောင်းတယ်
 
                                            ရှာရွန်    29.9.2011 8;35 pm

 

 

 

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

အဲဒီနေ့ က
ကောင်းကင်မှာ…နေတစ်ခြမ်းလတစ်ခြမ်း
တောမကျွမ်းတဲ့ ငါ
အရောင်တွေထဲမှောက်ရက်လဲတယ်
အဲစကားလုံးတွေ သဘောကျတယ်

Comment #2

မိုက်တယ်ဗျ !! Love it !!

commentinfo By: Mike.aung at Sep 29, 2011
Comment #3

အဲဒီနေ့ ကအကြောင်း
အဲဒီနေ့ ကပဲ
မေ့ ပစ်ဖို့ ကောင်းတယ်

ကောင်းပါတယ်…..သုံးသွားတဲ့အသုံးအနှုံးလေးတွေသဘောကျတယ်။

commentinfo By: terry at Sep 30, 2011
Comment #4

ဖြတ်ကျော်ခဲ့မှုတိုင်းက
ရာသီဦးမပီသခဲ့ ဘူး
မိုက်တယ်ဗျာ……..စာသားလေးက ကေ အားပေးသွားပါတယ်….။

commentinfo By: ကေသရီ at Sep 30, 2011
Comment #5

ကျေးဇူးးးးးးးဗျ
ကျေးဇူး
God bless u all ! 🙂

commentinfo By: sharon myorr myor at Oct 2, 2011
Comment #6

ဘ၀က နာကျင်တတ်မှ လှတာပါ………ဆိုတာလေးသဘောကျတယ်..

commentinfo By: Salai Peter at Oct 2, 2011
Comment #7

အဲဒီနေ့ ကအကြောင်း
အဲဒီနေ့ ကပဲ
မေ့ ပစ်ဖို့ ကောင်းတယ်…

ကောင်းပါတယ်ဗျာ..နာကြည်းစရာဆိုမေ့နိုင်ပါစေ…

commentinfo By: နွေဦးသစ် at Oct 2, 2011
Comment #8

ပီတာ..မျောနင့် ကဗျာကိုမျှော်နေမယ်
ကျေးဇူးအထူးတင်ပါတယ် ဗျာ..အားလုံးကို

commentinfo By: sharon myorr myor at Oct 3, 2011
Comment #9

ကောင်းတဲ့ကဗျာလေးပဲ..ညီမရေ…အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Oct 5, 2011
Comment #10

ကျေးဇူးမမ
မျောတကယ်အားတက်ရပါတယ် 🙂

commentinfo By: sharon myorr myor at Oct 5, 2011
Comment #11

အမှန်တော့ 
အဲဒီနေ့ ကအကြောင်း
အဲဒီနေ့ ကပဲ
မေ့ ပစ်ဖို့ ကောင်းတယ်

ူသိပ်မှန်တဲ့ အပိုဒ်ဗျာ ….. အကြိုက်ဆုံးပဲ။

commentinfo By: MyoZin at Oct 16, 2011
Comment #12

အချစ်ဟာအချစ်ပဲလေ
ဒါပေမယ့်
မင်းအချစ်ကခါးလွန်းတယ်ကွယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 31, 2011
Comment #13

အားပေးသွားပါတယ်..။
သင်္ခါရတရားလို့ လွှဲမချနဲ့ 
ဘဝက
နာကျင်တတ်မှလှတာပါ
စည်းခြားထားတဲ့ သံသယက
စစ်မှန်တဲ့ ဆက်နွယ်မှု ကိုခြစားပစ်ခဲ့ တာ…။

commentinfo By: taryar at Dec 14, 2011
Comment #14

မျောကဗျာကိုဖတ်ရှုအားပေးကြတဲ့
ကိုမျိုးဇင်
ငရဲလေးး 🙂
ကိုတာရာ….
ကျေးဇူးတင်ပါတယ်ဗျ….အကြံညဏ်များလည်းပေးစေလိုပါတယ်..

commentinfo By: sharon myorr myor at Jan 2, 2012
Comment #15

Great poem!!!!!!!!!!!! I love it.

commentinfo By: sakura at Jan 8, 2012
Comment #16

Nice! ထိတယ်:-)
အဲနေ့ကအကြောင်း
အဲနေ့ကပဲမေ့လိုက်ဖို့ကောင်းတယ်

commentinfo By: Acid Wine at Feb 17, 2012
Comment #17

အမ်
နွားမလေးး
ဘယ်တုန်းကရောက်လာခဲ့ တာလဲအွ..
ကျေးဇူး သယ်ရင်းး ခွီးးး ဒိရတယ်ကွာာာ
ငါ အက်စစ်ဆွေသောက်နေမိတာ အက်စစ်ရ 😛

commentinfo By: sharon myorr myor at Feb 17, 2012
Comment #18

မိုက်တယ်..

commentinfo By: poohmay at Mar 19, 2012
Comment #19

ကျေးဇူးပါ

commentinfo By: sharon myorr myor at Mar 21, 2012
Comment #20

🙂

commentinfo By: ei lay at Sep 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment