Professional Authors

PoemsCorner Authors

ချစ်ခြင်းဝသီ ပြည့်မှီမည် လော

မျက်ဝန်းရဲ့အတိမ်အနက်
မချိန်ဆတတ်တဲ့ငါ
လွမ်းဒဏ်ရာဟာ
အကြီးကြီးမို့
ဆရာဝန်တွေ
လက်မှိုင်ချ
ပြန်လွှတ်ရသည့် ငါ့ဘ၀..။
ချစ်ရသည့်မေပျို
ချစ်ခြင်းဆို ရန်
အနေက ကွာဝေးလွန်းသည်
အချစ်ရေ
မင်းက ဘာလို့
ထန်းပင်ပေါ်မှာမှ
တက်နေရတာတုန်း…..
ကြုံတုန်းကိုယ့် အတွက်
တစ်မြူလောက်…..
တစ်မြူမက
တို့နှစ်ဦး ကြား
တစ်ယူဇနာခြားမည်ထင့်ပါ
နားလည်သည့်ဟုထင်လည်း
ဘ၀င်ထဲ ၀ယ်
အစဉ်မအေး
ရတက်မငြိမ်းရသည့်မို့
မင်းအိမ်ရှေ့ကင်းလှည့်
ချောင်းကြည့်ရလွန်းလို့
ငါးတွေတောင်
ငါ့ကို သောက်မျစ်ကတ်ကုန်ပြီ…..။
ချစ်လို့ပါ မေ ချစ်လို့ပါမေ
မောင်ချစ်လို့ပါမေ လို့
ဆိုညည်းပြန်တော့
မူပိုင်ခွင့် ချိုးဖောက်
အဖောက်လွဲ အဖောက်ပြန်ကွဲ
အခု တော့ မောင်လေ
မင်းအတွက်နဲ့
တရားစွဲ ခံနေရတယ်လေ……။
တရားသူကြီးက
ငါ့ချစ်သူ
တရားလို ကငါ့ချစ်သူ
တရားခံ ကြမှ ငါ ဘာလိုဖြစ်နေရပါလိမ့်………။
သူက ပေါင်ချိန်မှ
မဟုတ်တာ
ဘယ်တိကျပါ့မတုန်း
ငါလည်းငါ့နှလုံးသား
ငါစိုးရိမ်မိတာပေါ့
သူက ပြီးတော့ ပေါင်ပေါင်လို
မျက်နှာမမဲ
ရုပ်မဆိုးဘူးလေ
ချောတဲ့ ဗျ
ဒါပေမယ့်
ခဲလေသမျှ သဲရေမကျပါရစေနဲ့ချစ်သူ
အမိန့်
နားလည်းမလည်
ထိုလူလည်အား
ကျွန်ုပ်အား
ရှေ့ဝယ်တစ်မျိုး
နောက်ဝယ်တစ်မျိုး
နည်းအမျိုးမျိုးသုံးကာ
ချစ်ခြင်းရယ်ဆို
ဖွင့်ကာပြိုပြသည့် သူ့ရင်ခွင်ကို
စာနာထောက်ထား
စဉ်သနားသဖြင့်
အမိန့်ချ မည်
သင့်ကို ကျွန်ုပ်ပြန်ချစ်သည်………။
တရားခံ မျက်လုံးမှာ မျက်ရည်စတွေနဲ့
ပျော်လို့ ကျသလား
ဝမ်းသာလို့ ကျသလား
ဝမ်းနည်းလို့ ကျသလား
စာမကျက်နိုင်လို့ ကျသလား
ဘာကြောင့် ကျမှန်း လည်း ကျွန်တော်မသိရိုးအမှန်…..။
(စာ……အမှတ် ၁၅၀၀ တွင် ဆက်ရူ့……………)

In: ကဗျာ Posted By: Date: Sep 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment