Professional Authors

Dating( ချိန်တွေ့ခြင်း)

နာရီတွေရဲ့
လည်သံ
အချိန်မှန်နှောက်ယှက်လို့
ငါ့ကို မင်းကို
နှစ်ဦးစလုံးကို
တွေ့ရတဲ့
ဒီအချိန်
ခဏတာဟာ
ကိုယ်တို့အတွက်
တစ်ဘ၀စာ
သက်သေများ
မျက်ရည်များအား
ခင်းကျင်းပြသ
သူမကို သူ့ကို
ကျွန်တ်ာက သူမကို
နွေးထွေးယုယ
ထိုခဏအား
စိတ်စဉ် ပျော်မြူး
ပီတိထူး ဖြင့်
နှစ်ဦးသားလည်း
ပျော်မြူးရသည်…..။
ရှေ့ရေးကို ကြိုတွေး
နှစ်ဦးသားလည်း
အနာဂါတ် အတွက်လည်း
ဆွေးနွေးကြသေးသည်….။
နီးမယ့်အချိန်
လက်ချိုးရည်တွက်
မှန်းချက်နဲ့ကိုက်ပါလေစ
နှမ်းထွက်တို့ရေ………။
ရာသီတွေမဟောင်း
အချိန်တွေမပြောင်းခင်
မဝေးစေဖို့
အားအင်ရယ်ထုတ်
ကြိုးကြိုးကုတ်ကုတ်
မောင်အလုပ်လုပ်နေပါလေရဲ့လေ…….။
ခွဲရ ဒဏ်ရာ
လွမ်းဒဏ်ရာအား
တစ်ဦးကို တစ်ဦးပြ
ချစ်ကြရလေသည်…..။
မည်မျှပင် အချိန်တွေ ပေါပါစေ
တို့ နှစ်ဦးတွေ့ စဉ်
ခဏတော့
ဒင်းတို့က ရှားပါလွန်းလှပေသည့်….။
အန္တရယ်ကင်မရာတွေကို
ရှောင်ရင်း တွေရသည့် ခဏ၀ယ်
တခြားဟာတွေ ပယ်ကာထား
ကိုယ့် ရင်ခွင်ထဲဝယ်
နားနား နေနေ မှေးစက်နေပါလားမေရယ်………။

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

ချိန်တွေ့ ရချေသေးရဲ့ 
သဘောကျလို့ ..သဘောကျလို့ 

commentinfo By: sharon myorr myor at Sep 29, 2011
Comment #2

ကိုဒေဝေါ ကဗျာတွေက တင်မိုး ကဗျာတွေနဲ့  ပုံစံ တူတယ်
ကောင်းတယ်ဗျ အားပေးနေပါတာယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment