Professional Authors

မီးထွန်းပွဲတော် နွှဲလို့ပျော်

၁၂လ ရာသီ
ပွဲတော်စည်လို့
ဖော်ရွှေရယ်ကင်း
ရွှေတော်သလင်းက
ကင်းချေရော့မယ်
ဝါတွေရယ်ကင်း
မိုးလေကင်းလွတ်
သီတင်းကယ် ကျွတ်တော့မယ်တဲ့……….။
သံစဉ်ရယ်မြိုင်
ဆီမီးထွန်းပြိုင်တဲ့
တို့ နိုင်ငံ
တို့ မြန်မာအလှ
ကမ္ဘာကသိအောင်
ထင်ဟပ်ပြတဲ့
ဒီ လ လေကွယ်….။
ဘုရားသွားသူသွား
ဘာဝနာပွားသူပွားနဲ့
ချစ်စရာ့လူမျိုး
ချစ်စရာ့ စိတ်ထား
ပိုင်ဆိုင်ထားသည့် အမျိုး….။
အလှူတွေစီ
ဘုရားတွေညီလို့
ဘယ်ဌာနေ ကြည့်ကြည့်ကွယ်
ဆီမီးရောင်စုံနဲ့ ရူမညီးတဲ့
တို့ မြို့တို့ ရွာ
ကျက်သရေဆောင်
စေတီပုထိုးများက
ရွှေရောင်လွှမ်းလို့ ချုံ ချေရောပြီ….။
ဘုရားရဲ့ နေ့မှာ
တရားကယ် မမေ့ဘဲ
တိုင်းနိုင်ငံ ပြည်အတွင်းမှာ
စည်ကားမြိုင်တဲ့
တရားပေးပွဲ
ကမ္ဘာမှာ မြန်မာကွလို့
လက်မထောင်နိုင်အောင်
လူညီတဲ့ ဒီပွဲ
နိဗာန်ကို သွားဖို့
နိုးဆော်တဲ့ ဗမာ့စိတ်ဓာတ်အံသြဖွယ်စွ….။
ကလေးတွေက
မုန့်ဖိုးရလို့ပျော်
မီးပန်းဆော့လို့ပျော်
လူကြီးတွေက
သိတတ်မှု့ကို ကြည့်ရင်းပျော်
ငယ်ရွယ်မှုကို သတိရရင်းပျော်
လူငယ်တွေကတော့
ဒီလ မှာ ပျော်တဲ့သူကပျော်
နိဗာန် လမ်းကို မျှော်တဲ့ သူကမျှော်နဲ့
ဆီမီးတွေရောင် စုံညီးတဲ့
သီတင်းကျွတ်ပွဲတော်……………………။

In: ကဗျာ Posted By: Date: Sep 29, 2011
Comment #1

ဖတ်ပြီး ကူးသွားပါတယ် နော် ………ပြိုင်ပွဲ တခု အတွက်ပါ …..ပြင်မယ့် အချိန်ရရင်လဲ နဲနဲ ပြင်လိုက်မယ် နော် .မရတော့ရင် လည်း ကော်ပီတိုင်းပဲ ပြိုင်လိုက်မယ် နော် ………………..ကျေးဇူး အရမ်းတင်ပါတယ် ………..တာ့တာ

commentinfo By: မောင်မောင် at Oct 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment