Professional Authors

လောက ရဲ့ အလှရှင်

ကျေနပ်တဲ့ ဘဝ
နေရခက်သတဲ့ လား
အမေ ပေးတဲ့ အသက်
အမေ ပေးတဲ့ ညဏ်နဲ့
ဒီလောက
ဒီမြေ
ဒီကမ္ဘာပေါ်
ထင်ထင်ပေါ်ပေါ်
မရှိပေမယ့်
ကျွန်တော်ရှိတာ
လူတစ်ချို့သိတယ် အမေ
လောက၏ သဘော
လူတွေရဲ့ မနော ကို
ငယ်သေးလို့လားမသိ
အခု ထိတော့ နားမလည်တာ
အမှန် ပါ အမေ
ဘ၀ ရဲ့ လှည့်စားမှု
လှည့်ဖျားမှု တွေဟာ
ကြောက်စရာ ကောင်းတာက
အမှန်ပါ
တစ်ခါတစ်ခါ
စကားပုံထဲကလို
ခလုတ်ထိမှ
အမိ တ မိလေတယ် အမေ…။
ဘ၀ မှာ
အမေ သင်ပေထားတဲ့အတိုင်း
သားလျှောက်လှမ်းခဲ့တယ်
အမေရင် ကထွက်လာတဲ့
ကျွန့်တော့်အဖို့
ဘယ်အရိပ် မှ
မအေးချမ်းနိုင်တော့တာ
အမှန်ပဲ အမေ…။
မိခင်ရဲ့ ချွေး
မိခင် ရဲ့ သွေးကို
တန်ဖိုးထားဖို့
သိခဲ့တာများ
နောက်ကျနေအုံးမလား….အမေ။
လောက ရဲ့အဦး
အထွတ်အမြတ်ထားရသော
ရတနာ ငါးပါးဝင်
မြတ်မိခင်ရေ
အပြင်လောကမှာ
အမေ နားလည်သလို
သားကို ဘယ်သူ့မှ
နားမလည် နိုင်ကြဘူးအမေ
အမေချီးကျူးသလို
ဘယ်သူ့မှ မချီးကျူးကြဘူးအမေ
အားငယ်တိုင်းလည်း
အမေ လို စိတ်ရှည်ရှည် နဲ့
မချော့နိုင်ကြဘူးအမေ
အမေ့မျက်ဝန်း
အမေ့ အသံ တွေဟာ
သားအတွက်တော့
သံစဉ် တွေပါတဲ့ စာသားတစ်ပုဒ်ပါပဲ အမေ
အဲ့ ဒီ သံစဉ် ကို
နားမထောင်ခဲ့တဲ့  သားကို
အမေ အပြစ် မတင်ခဲ့တာ အံသြမိတယ်လေ အမေ
လောက သုံးပါးအရှင် မြတ်စွာသခင်တောင်
နို့တစ်လုံးဖိုး သာ
ကျေခဲ့ပါလျှင်
သားလေလူမိုက်
ဒုစရိုက်ကြီးက
အဘယ်သို့ဆပ်
အဘယ်မျှ ကျေနိုင်မည်နည်း အမေ
ကျွန်တော့်ရဲ့ အမေ
ကျွန်တော် မှား မှား မှန် မှန်
အစဉ်အမြဲ  ရပ်တည် ခဲ့တဲ့
ကျွန့် တော့် ဘ၀ ရဲ့ တစ်ဦးတည်းသော
ဒိုင်လူကြီး လေ
အမေ ရဲ့ သစ္စာ
အမေ ရဲ့ စေတနာတွေကို
သားလေ အမြဲ
ဘာဝနာပွားရင်းသတိရမိတယ် အမေ
အမေကျေးဇူး
ဖော်ကျူးတော့မယ့်
ထို အဘိဓမ္မာနေ့ မှာ
သားအမေ့ ကို
ကြာစွယ် အစုံထိပ်မှာ မိုးလို့
ရှိခိုးပါရစေအမေ………..။

In: ကဗျာ Posted By: Date: Sep 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment