Professional Authors

ချစ်တဲ့ ကမ္ဘာမြေကြီး

” ချစ်တဲ့ ကမ္ဘာမြေကြီး “

A, B, C, D မတတ်ဘဲ
အရပ်ထဲ ဝင်ခဲ့သူပါ
အလုပ်အကိုင် ကဗျာဆရာ
ကိုယ့်ကျင့်တရားကို မျှားလို ချွန်ထားလို့
အဆိပ်နည်းနည်းတော့ ပါမယ်။

မရယ်ရတဲ့ ပြက်လုံးတွေ
ဝတ်ကျေတန်းကျေတောင် ပြုံးမပြချင်သူ
ကိုယ့်အကြောင်းတွေ လင်းဖို့
ကိုယ့်ကိုကိုယ် မီးထွန်းသင့်ရင် ထွန်းမယ်

အတိုက်အခံဆိုတာလည်း
တကယ်တော့ တိုက်စရာ ခံစရာရှိမှ မဟုတ်လား
ဒီနယ် ဒီတရိုး
ကြက်အိပ်ကြက်နိုး နေ့တွေ များလာခဲ့
ဦးနှောက်ကို ဖဲ့ဖဲ့ ပေးရတဲ့ သူတောင်းစားတွေ များလာခဲ့
သင်္ချိုင်းထဲမှာ အရိပ်လိုက်ရှာရတဲ့ ညတွေများခဲ့
ကဗျာဆရာပါ
ကမ္ဘာကြီးကို ချစ်တဲ့အကြောင်း ကဗျာမရေးဘူးတာကလွဲရင်
ရင်ဘတ်တခုလုံး ကမ္ဘာကြီးပေးတဲ့ ဒဏ်ရာအပြည့်နဲ့ပါ။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Sep 28, 2011
Comment #1

အရမ်းကောင်းတယ်ဗျာ….
facebook
မှာပါ shareလိုက်ပါတယ်…။
အားပေးနေတယ်…ဆက်ရေးဗျာ

commentinfo By: ကြယ်စစ်သည် at Sep 28, 2011
Comment #2

ကျွန်တော့် FB မှာလည်း တင်ထားပါတယ်ခင်ဗျာ။ တခုတော့ မေတ္တာရပ်ခံပါရစေ။ ကဗျာရေးသူ နာမည်လေးတော့ ပါအောင် ထည့်ပေးစေချင်ပါတယ်။ တချို့က ကဗျာကို မချစ်ဘဲ လုပ်တတ်လွန်းလို့ပါ။ ကျွန်တော်က ကိုယ်တွေ့ ခံခဲ့ရဖူးလို့ ပြောတာပါ ခင်ဗျာ စိတ်မရှိပါနဲ့

commentinfo By: chiron at Sep 28, 2011
Comment #3

ကဗျာဆရာပါ
ကမ္ဘာကြီးကို ချစ်တဲ့အကြောင်း ကဗျာမရေးဘူးတာကလွဲရင်
ရင်ဘတ်တခုလုံး ကမ္ဘာကြီးပေးတဲ့ ဒဏ်ရာအပြည့်နဲ့ပါ…ခံစားချက်ကအားပါလိုက်တာ…

commentinfo By: sharon myorr myor at Sep 28, 2011
Comment #4

Hna lone tarr hnit khan sarr twar par de

commentinfo By: ei lay at Apr 8, 2013
Comment #5

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

commentinfo By: ChIr0N at Apr 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment