Professional Authors

“ လမ်းခွဲ စကား ”

ငါ ရေးခဲ့တဲ့ ဇာတ်ကြောင်း
ငါ့ တစ်ယောက်ကောင်းယုံ
မဟုတ်တာကတော့
သေချာတယ်… ။

ဘယ်အရာမှ အစိုးမရတဲ့
ဒီလောကမှာ…
ငါ့ စိတ်ကို ပိုင်ဆိုင်ဖို့အထိတော့
နင် လောဘမကြီးသင့်ဘူးပေါ့… ။

နားလည်ပါ ကောင်မလေးရယ်…
နင် ဆိုတာ ငါ့ဘ၀မှာ
ရှိခဲ့တာလည်း…
အသေအချာပါပဲ… ။

ဒါပေမယ့်လေ…

လုပ်စရာတွေ အများကြီးကျန်တဲ့
တို့ နိုင်ငံ မှာ…
တစ်တပ်တစ်အား… နိုင်သလောက်တော့
ထမ်းသွားချင်သေးတယ်… ။

ငါ နင့်ကို နားလည်ပါတယ်… ။
နင် ငါ့ကို နားမလည်တာကိုလည်း
ခွင့်လွှတ်တယ်… ။

အချိန်တန်တော့လည်း
ရွက်သစ်တွေ ကြွေကျလို့
မြေခ ရတာပါပဲ… ။

နင့် ဘ၀ အကြောင်း
နင် ကောင်းမယ်ထင်ရင်
ပြင်ဆင်ခွင့်လည်း…
ပြုပါတယ်… ။

နင် သိထားဖို့ စကားတစ်ခွန်းတော့
အစွန်းမလွတ်ရင်လည်း
ပြောခဲ့ ချင်တယ်။
“ နင့် ကို ငါ ရင်ဘတ်ကြီး
တစ်ခုလုံးနဲ့ ချစ်ခဲ့ပါတယ် ”

In: ကဗျာ Posted By: Date: Sep 27, 2011
Comment #1

နင့် ဘ၀ အကြောင်း
နင် ကောင်းမယ်ထင်ရင်
ပြင်ဆင်ခွင့်လည်း…
ပြုပါတယ်… ။
ကောင်းတယ်အဲတာလေးက….

commentinfo By: PC at Sep 27, 2011
Comment #2

နင် သိထားဖို့ စကားတစ်ခွန်းတော့
အစွန်းမလွတ်ရင်လည်း
ပြောခဲ့ ချင်တယ်။
“ နင့် ကို ငါ ရင်ဘတ်ကြီး
တစ်ခုလုံးနဲ့ ချစ်ခဲ့ပါတယ် ”
ကြိုက်တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Sep 27, 2011
Comment #3

နင့် ဘ၀ အကြောင်း
နင် ကောင်းမယ်ထင်ရင်
ပြင်ဆင်ခွင့်လည်း…
ပြုပါတယ်… ။
ကြိုက်တယ်ဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 29, 2011
Comment #4

ဟုတ်…ကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: ကြယ်စစ်သည် at Sep 29, 2011
Comment #5

နင် သိထားဖို့ စကားတစ်ခွန်းတော့
အစွန်းမလွတ်ရင်လည်း
ပြောခဲ့ ချင်တယ်။
“ နင့် ကို ငါ ရင်ဘတ်ကြီး
တစ်ခုလုံးနဲ့ ချစ်ခဲ့ပါတယ် ”
အသုံးအနှုန်းလေးကကောင်းတယ်အကိုရေ…

commentinfo By: နွေဦးသစ် at Sep 29, 2011
Comment #6

ကျေးဇူးပါ နွေဦးသစ်ရေ….

commentinfo By: ကြယ်စစ်သည် at Oct 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment