Professional Authors

“ ကျွန်တော့ အတွေး ”

ငယ်စဉ်အခါကတော့
မမြင်တတ်ခဲ့ပါဘူး… ။
လက်ဖြန့်ယုံနဲ့
ရတဲ့အရာလေ။

ပြက္ခဒိန်တွေ ပြောင်းလို့
နေ့၊ ရက် တွေလည်းဟောင်းကုန်ပြီ။

ခိုင်မြဲအောင်ချည်နှောင်ပြီးမှ
ဟိုး အဝေးဆုံးကို ထောင်ပစ်လိုက်တဲ့နောက်
လိုက်လျောက်ပြီးမှ…
အဲ့ဒီ့ အရာကိုရတော့တယ်… ။

ငိုထားတဲ့ မျက်နှာတွေကိုနင်း
ရသမျှ လမ်းခင်းလျောက်သူတွေလည်း
အများသား… ။

ကြောက်စရာ ငရဲ ကိုတောင်
သူ့ အတွက်ဆို
အလည်ရောက်သွားသူလည်း
အများသား… ။

မှန်ကန်စွာတွေး
မှန်ကန်စွာရေး လို့
တိတိကျကျသုံးစွဲသွားသူတွေလည်း
အများသား… ။

အဲ့ဒီ့ အရာကတော့…
လူပြောသူပြောများတဲ့
“ ပိုက်ဆံ ” ဆိုတာပါပဲ… ။

ကျွန်တော်သာ…
တန်ခိုးရှင်တစ်ပါး ဖြစ်ခဲ့ရင်
အဲ့ဒီ့ အရာကို…
လူမရှိ၊ သူမရှိ ကျွန်းမှာ…
မီးတုတ်လို ထွန်းပစ်ချင်တယ်… ။

In: ကဗျာ Posted By: Date: Sep 27, 2011
Comment #1

ကောင်းတယ်ဗျ…
ကြောက်စရာ ငရဲ ကိုတောင်
သူ့ အတွက်ဆို
အလည်ရောက်သွားသူလည်း
အများသား… ။

Comment #2

ဟုတ်ကျေးဇူးပါ…ကိုလုလင်

commentinfo By: ကြယ်စစ်သည် at Sep 27, 2011
Comment #3

လူမရှိတဲ့ ကျွန်းမှာ မီးတုတ်လိုထွန်းချင်တယ်တဲ့
လှလိုက်တာ…
ဖိုးကြယ်…ကောင်းတယ်

commentinfo By: PC at Oct 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment