Professional Authors

ဒီဇင်ဘာအလွမ်းများ

ကြယ်တွေစုံတဲ့ ည

အဝေးကအိမ်ကို တမ်းတ

မပြန်နိုင်သေးတဲ့ ငါ………..

အကြိမ်ကြိမ် ဒဏ်ရာရရင်း

အဖန်တရာတေတဲ့ နှလုံးသားထဲ

အဝေးက အိမ်ကို လွမ်းဆဲပါ ……….။        

ကြယ်ရောင်တွေ ကွယ်ပျောက်သွားလဲ

ငါစဉ်းစားဆဲ ………..

အမေ – သားကို လွမ်းနေမလားဘဲ

ပြန်မလာအားတဲ့ သား အတွက်

ရတက်မအေးတဲ့ အမေ့ကိုလဲ

သား – ညတိုင်းရှိခိုးဆဲပါ ………..။            

အိပ်မပျော်တိုင်း အတွေးတွေထဲ ၀ဲလည်

အဖေလည်း ကျွန်တော့်ကို မျှော်နေမယ်

ယောင်ယမ်းတမ်းတ အော်ခေါ်တယ်မကြားလည်း

အိမ်ပြန်လာချင်တယ် တအားပဲ ………..။          

                           စစ်အေးငြိမ်း

 

In: ကဗျာ Posted By: Date: Sep 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment