Professional Authors

အလွမ်းပြေအဓိပတိမြေ

 

တို့များအတိက် အရိပ်တွေဟာ

တက္ကသိုလ်မှာ ပုံရိပ်တွေဖြစ်ခဲ့ပေမဲ့

တစ်နှစ်ကုန်လို့ ဌာနေကိုပြန်ကြရင်

ကျောင်းတော်ကြီးက တို့လိုပဲ မင်းကိုလွမ်းကြမှာပါ..။

 

နွေဥသြတွေလည်း တီတီတာတာ

တေးသွားသီဆိုလို့ ကန့်ကော်မြေနဲ့

အင်းလျားကန်သာ ခြောက်သွေ့စွာ

အထီးကျန်ရင်း ငါ…မင်းကို စောင့်မျှော်မိတယ်..။

 

နွေညရဲ့ သန်းခေါင်ယံမှာ

တေးသွားသံစဉ်များ ညည်းတွားရင်း

ကန်တော်မြေနီလမ်းပေါ် ငါတယောက်တည်း

ကျောင်းတော်ကြီးကို ငေးမောရင်း လွမ်းဆွတ်မိတယ်..။

 

မနေ့က တို့လျှောက်လှမ်းခဲ့တဲ့

ကျောင်းတော်သာ ကန်တော်မြေ

အဓိပတိလမ်း ဒီနေ့တော့

အလွမ်းတွေ ဖြစ်ခဲ့ပေါ့..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Sep 27, 2011
Comment #1

မင်းလူ စာအုပ်တွေ ဖတ်ကတည်း မိန်း ဆိုတဲ့  ရန်ကုန်တက္ကသိုလ် ကြီးကို အရမ်း အားကျ တက်ချင်ခဲ့တာ
အဆောင်နေကျောင်းသားဘ၀ ဆိုတာကိုလည်း အရမ်း သဘောကျခဲ့တယ်

Comment #2

အစ်ကိုလဲ အဲ့လိုလျှောက်ခဲ့ဖူးပြီး

အဲ့လိုမျိုးစောင့်ဖူးတယ် ထင်တယ်နော်

commentinfo By: Daw Shwe A at Oct 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment