Professional Authors

“လူ…..လို့ခေါ်သည်…” (ငါ)

လူလို့ခေါ်တယ်…နော်

ခေါင်းစဉ်တပ် သေချာမှတ်ထား  ကဗျာ

နင့်ရှေ့မှာ ရပ်နေတဲ့ “ငါ”ဆိုတာ   … “လူ”လို့ခေါ်တယ်

 

ဦးနှောက်နဲ့ တွေးတတ် … နှလုံးသားနနဲ့ဆွေးတတ်တယ်

နင့်အတွက်နဲ့ အဲံအလုပ်တွေ ခဏရပ်…..

နင့်ဘေးနား ရပ်နေတဲ့ကောင်……

 

ဘာတဲ့…..နင်ပြောတဲ့…အိပ်မက်တွေနူးညံ့..ခံစားချက်တွေ သိမ်မွေ့

မျှော်လင့်ချက်တွေ တပွေ့တပိုက်..ဟုတ်လား ကဗျာ?

ငါကရော “အရုပ်”လား သေချာကြည့်စမ်းပါဟ…….

ဒီ..ခုန်နေတဲ့ ဘယ်ဘက် ရင်ဘတ်တစ်ခြမ်းကရော”အ၇ုပ်”လား..

….

နင့်လောက်တော့ “ဘ၀မှာ” ဆိုပြီး ခေါင်းစဉ်တမ်….

နံပါတ်စဉ်တွေနဲ့ ချရေးပြတတ်တယ်…….

 

နင့်ကျမှ ပန်းတိုင်ရောက်အောင်လမ်းလျှောက်

တတ်သလား?

နင့်ကျမှ…..အမြင့်ရောက်အောင် မျှော်တတ်သလား…?

နင်နင်းထားတဲ့ ခြေဖ၀ါးအောက်က ငါ့နှလုံးသားမှ “လူ” လို့ နင်ခေါ်ဖို့ ခက်ခဲ့သလား ကဗျာ

 

နင့်ရှေ့က နင့်လမ်းကို ရှင်းပေးတဲ့ “ငါ”……..

နင့်ဘေးက နင်လိုရာ ဖြည့်ဆည်းပေးတဲ့”ငါ”……..

နင်နင်းတဲ့ ခြေလှမ်း ရင်ဘတ်ကိုလမ်းခင်းပေးတဲ့ “ငါ”

ခေါင်းစဉ်လေးတပ်…သေချာလေးမှတ်

ထား ကဗျာ

အဲံဒီ ငါဆိုတာလည်း….”လူ” လို့ခေါ်တယ်…..

In: ကဗျာ Posted By: Date: Sep 26, 2011
Comment #1

နင့်ရှေ့က နင့်လမ်းကို ရှင်းပေးတဲ့ “ငါ”……..

နင့်ဘေးက နင်လိုရာ ဖြည့်ဆည်းပေးတဲ့”ငါ”……..

နင်နင်းတဲ့ ခြေလှမ်း ရင်ဘတ်ကိုလမ်းခင်းပေးတဲ့ “ငါ”

ခေါင်းစဉ်လေးတပ်…သေချာလေးမှတ်

ထား ကဗျာ

အဲံဒီ ငါဆိုတာလည်း….”လူ” လို့ခေါ်တယ်…..
………………………………………………………………

သိမ်မွေ့တဲ့အရေးအသား…..ကောင်းတယ်…သားသား..

commentinfo By: အသဲကွဲမိုး at Sep 27, 2011
Comment #2

ကျေးဇူး အစ်မတော် 🙂

commentinfo By: သားသား at Sep 27, 2011
Comment #3

oh,,,,
daw daw lay ko lay sar twar p.
daw daw ko a nun tar khan p chit me pone pe naw,
nice poem

commentinfo By: ei lay at Nov 8, 2011
Comment #4

ဒီကဗျာ မကြိုက်ဖူးလို့ ပြောရင် ငယ် အတ္တကြီးရာ ကျမလား … 🙂 …

commentinfo By: Nge Lay at Nov 8, 2011
Comment #5

ha,,ha,,
ma nar lo phyit tar dot tay char twar tar pop nge lay ye,
just teasing naw.

commentinfo By: ei lay at Nov 8, 2011
Comment #6

မနာလိုလား … ဖြစ်ပါဘူး … မနာလိုစရာမှ မရှိပဲ … ရှိခြင်းရှိ မကျေနပ်တာပဲ ရှိတော့မပေါ့ … 🙂

commentinfo By: Nge Lay at Nov 8, 2011
Comment #7

ha,,ha,,

commentinfo By: ei lay at Nov 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment