Professional Authors

“ နေတစ်ထောင်လင်းလို့မှ လဆယ်စင်း မသာနိုင်ဘူး”

“နေတစ်ထောင်လင်းလို့မှ

လ ဆယ်စင်းမသာနိုင်ဘူး ”

ငါတို့မြေက သွေးပျက်စွာ ရေရွတ်တယ်။  

 

လေထဲမှာ ခြေချင်းလိမ်နေတဲ့

စာနာထောက်ထားမှုနဲ့

ချစ်ခြင်းတရားက

တစ္ဆေတွေလို

အရိပ်မဲ့နေတုံး

လူမြင်မခံတဲ့ အမှန်တရားက

မျက်နှာငယ်စွာ မြေကြီးပေါ်

တွားသွားနေကြတယ် ။  

(မတော်တဆ ခလုတ်တိုက်မိသူကို ချော်လဲစေတယ်)

 

ကဲ . . .

ဒီလိုအချိန်

ဆပ်ပြာပူဖေါင်းတွေကို ငေးကြည့်မလား . . .

တွားသွားသတ္တ၀ါကို ပဲ တူးဖေါ်ကြမလား . . .

 

RC-1814 ကျုပ်တို့ နှလုံးသည်းပွတ်ကို

နောက်တစ်ကြိမ် နင်းခြေမသွားခင်

ဒါမှမဟုတ်

ကြီးအာသီးတွေပေါက်ကွဲ

ကျုပ်မေးခွန်းကို

ထိခိုက် စွန်းပေမသွားခင်

ပဲ့တင်သံကို ကြားခွင့်ရလေမလား

ငါ့တို့မြေ ခမျာ မျှော်နေရှာဆဲ ။   

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

လူမြင်မခံတဲ့ အမှန်တရားက

မျက်နှာငယ်စွာ မြေကြီးပေါ်

တွားသွားနေကြတယ် ။ ။

Comment #2

ကောင်းမွန်သောအရေးအသားနဲ့..ကောင်းသောရည်ညွှန်းချက်…
ကျွန်တော်ဖတ်ရှု အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Sep 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment