Professional Authors

အချစ် က…ဘဝကိုရှပ်တိုက်သာလွဲစေတော့ တယ် ( sharon )

မျှော်လင့်ချက်တွေသိပ်မထားနဲ့ တဲ့ 
မင်းပြောလိုက်တာ
ညင်ညင်သာသာလေး
ငါ့ အသည်းတစစ်စစ်ကြွေတယ်
တစ်ကယ်ဆို
ပွင့် ဖတ်ရဲ့ သဘောတရားကိုငါကနားလည်ပြီးသား
မင်းနဲ့ ပက်သက်ရင်
မာနတွေကိုချောင်ထိုးထားခဲ့ တာလဲ
အိပ်မောကျနေလို့ မဟုတ်ဘူး
အိပ်မက်ထဲကလန့် မနိုးအောင် အိပ်ချင်ယောင်ဆောင်နေခဲ့ တာပါ
ခဏလေးဖြစ်ဖြစ်…မသိချင်ယောင်ဆောင်ထားပေးပါ

အဆိပ်ပြင်းတဲ့ အချစ်မှာ
ပျော်မွေ့ နေချင်သေးလို့ 
ငါ့ ကိုယ်ငါ
ကြိုးပြတ်သွားတဲ့ လေတံခွန်လိုကျင့် ကြံတယ်
မင်းစီးတဲ့ ဖိနပ်တစ်ရံလိုကျင့် ကြံတယ်
မင်းသောက်တဲ့ ကော်ဖီခါးခါးတစ်ခွက်လိုကျင့် ကြံတယ်
မင်းပတ်တဲ့ နာရီတစ်လုံးလိုလဲကျင့်ကြံတယ်
အချစ်က
ငါ့ အတွက်တော့ 
ဝမ်းနည်းခြင်းဒိုင်ယာရီစာအုပ်တွေ လက်ဆောင်အဖြစ်ပေးတယ်
ကြယ်တွေကိုငေးဖို့  ဂီတာအိုတစ်လုံးတော့ လိုတယ်
ချစ်သူကိုသီချင်းတစ်ပုဒ်ညည်းပြလိုက်တယ်
သံစဉ်ခါးသတဲ့ လေ
ပေကျံသွားတဲ့ ဒဏ်ရာကိုတော့အားနာတယ်
ရင်ဘတ်ဆာလောင်မှုကို မာနကထိန်းမထားနိုင်ဘူး
ဝင်သက်ထွက်သက်တိုင်းမှာ
သတိတရရှိလွန်းတော့ …အသက်ရှူဖို့ တောင်ကြောက်လာမိတယ်
 ဒီလိုနဲ့ ငါ့နေ့ တွေ
 မင်းအတွက် အလိုလိုခေါက်ရိုးကျိုးနေခဲ့ တယ်
                                                          ရှာရွန်   (23.9.2011  , 4 :14pm  )

 

 

 

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

လုလင် အားပေးသွားပါသည်

Comment #2

ဟုတ်ကဲ့ 
ရှာရွန် အားယူဆဲပါပဲ…..ကျေးကျေး

commentinfo By: sharon myorr myor at Sep 23, 2011
Comment #3

အိပ်မက်ထဲကလန့် မနိုးအောင် အိပ်ချင်ယောင်ဆောင်နေခဲ့ တာပါ
ခဏလေးဖြစ်ဖြစ်…မသိချင်ယောင်ဆောင်ထားပေးပါ
အဆိပ်ပြင်းတဲ့ အချစ်မှာ
ပျော်မွေ့ နေချင်သေးလို့ 
goodလိုက်လေဗျာ။….ပျော်မွေ့နေချင်သေးလို့ပါ။

commentinfo By: poem.poem28 at Sep 24, 2011
Comment #4

ပေကျံသွားတဲ့ ဒဏ်ရာကိုတော့အားနာတယ်
ရင်ဘတ်ဆာလောင်မှုကို မာနကထိန်းမထားနိုင်ဘူး
ဝင်သက်ထွက်သက်တိုင်းမှာ
သတိတရရှိလွန်းတော့ …အသက်ရှူဖို့ တောင်ကြောက်လာမိတယ်
ဒီလိုနဲ့ ငါ့နေ့ တွေ
မင်းအတွက် အလိုလိုခေါက်ရိုးကျိုးနေခဲ့ တယ်

အဲ့အပိုဒ်လေးမိုက်တယ်….ကြိုက်တယ်။

commentinfo By: terry at Sep 24, 2011
Comment #5

ဒီနေ့ ကစပြီး ဘာမှမစားတော့ဘဲနေလိုက်ရမလားးးးး
အရမ်းအားရှိသွားလို့ ပါ
ကျေးဇူးပဲကွာနော် အားလုံးကို

commentinfo By: sharon myorr myor at Sep 24, 2011
Comment #6

ကျွန်တော်တော့ တပုဒ်လုံးကိုကြိုက်တယ်…ကောင်းတယ်ဗျ
အားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #7

ကျေးဇူး…မမ 🙂

commentinfo By: sharon myorr myor at Sep 27, 2011
Comment #8

ဆြာကြီးကအဲလိုပြောတော့ကျုပ်ကရှက်မိတယ်ဗျာ…
အကြံညဏ်များပေးစေလိုပါတယ်ခင်ဗျ

commentinfo By: sharon myorr myor at Dec 26, 2011
Comment #9

so nice

commentinfo By: ei lay at Jan 3, 2012
Comment #10

chit de so yin mar na tway ma htar tar a kaung sone pe naw

commentinfo By: ei lay at Jan 9, 2012
Comment #11

အချစ်တွေ အောက် မာနတွေ အသက်ပျောက် တာ
ကြာပေါ့ အိရယ် 🙂

commentinfo By: sharon myorr myor at Aug 1, 2012
Comment #12

he,he,, 😛 chit myor yae
spinster loak hmar naw.
rofl. 😛
ma moe yae,,d hmar shint,,myor ka zan shaw aung loak nay par de,
ei par bu naw,

commentinfo By: ei lay at Aug 1, 2012
Comment #13

😛
a hman a tine so yin dot,,ei le myor ne tu tu be,, 😛
ma moe ma ti sae ne naw,,chit myor

commentinfo By: ei lay at Aug 1, 2012
Comment #14

အင်းပါကွယ် ( သူမြင်ရင်တော့မသိဘူးလို့ ဖြေမှာ) 🙂

commentinfo By: sharon myorr myor at Aug 1, 2012
Comment #15

😛 😛 😛
rofl,,ma moe ka ei ko chit loh de,,a pyit ma u bu,,,PASS
ths so much for make me happy,,chit myor
i love u more & more. 😛

commentinfo By: ei lay at Aug 1, 2012
Comment #16

🙂 🙂

commentinfo By: sharon myorr myor at Dec 5, 2012
Comment #17

😛
😛

commentinfo By: ei lay at Dec 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment