Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

ပုခက်လွှဲချင်း

မုန်တိုင်းကထန်၊ ချောင်းကလျှံ

ဝဲသံကကြွေး၊ လှိုင်းကဖွေး

ယီးလေလေ့၊ ယီးလေလေး။   ။

 

မိုးပေါက်ကနာ၊ ဖြုတ်ကလာ

လမ်းတာကဝေး၊ လေကအေး

ယီးလေလေ့၊ ယီးလေလေး။   ။

 

ဖော်ချင်းတို့ရေ၊ တို့တစ်တွေ

လှော်လေအပြေး၊ ယက်ဖွေးဖွေး

ယီးလေလေ့၊ ယီးလေလေး။    ။

 

နေမင်းဖန်ဝါ၊ ယွန်းတော့ရှာ

အိပ်ပါလူလေး၊ မေ့ရင်သွေး

ယီးလေလေ့၊ ယီးလေလေး။    ။

 

ငှက်မငှက်ဖို၊ သိုက်မြုံခို

သံချိုမကြွေး၊ အိပ်ပြီလေး

ယီးလေလေ့၊ ယီးလေလေး။    ။

 

ယနံ့မထုံ၊ ပန်းဝတ်မှုန်

ပန်းငုံမှာကွေး၊ အိပ်ပြီလေး

ယီးလေလေ့၊ ယီးလေလေး။    ။

 

လမင်းသော်တာ၊ ရောင်ခြည်ဖြာ

အိပ်ပါလူလေး၊ မေ့ရင်သွေး

ယီးလေလေ့၊ ယီးလေလေး။    ။

 

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Sep 23, 2011
Comment #1

want to more read

commentinfo By: Nyi Nyi at Apr 25, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment