Professional Authors

ဧရာဝတီ ငိုနေသည်

  • ဧရာဝတီ ငိုနေသည်


    ကျွန်တော် က ဧရာဝတီ အကြောင်း များများစားစား သိတာ မဟုတ်ဘူး

    ဧရာဝတီ ကို အထီး မှန်း အမ မှန်းလည်း မသိဘူး

    ဧရာဝတီ အသက် ဘယ်လောက်ရှိမှန်း လည်း မသိဘူး

    ဧရာဝတီ ကို ချစ်လား မေးရင်တော့ မချစ်ဘူးလို့ ပဲ ဖြေ ရမယ်

    ဒါပေမဲ့ …..

    ကျောသား ရင်သား မခွဲ

    လူမျိုး ဘာသာမရွှေး က ပြ အသုံးတော် ခံ တဲ့ ဧရာဝတီ

    သူ စီးဆင်းရာ တလျှောက်က ကလေး လူကြီး တွေ ချစ်တဲ့ /တန်ဖိုးထားတဲ့ ဧရာဝတီ

    သဘာဝ သယံ ဇာတ ရှုခင်း အလှပအတွေ အမြောက်အများနဲ့ လှပနေတဲ့   ဧရာဝတီ

    သူ့  သမိုင်း ကို သူ အကောင်းဆုံး ရေးခြယ်ထားနိုင်ခဲ့ ဧရာဝတီ

    ဘိုးဘွား  ဘီ ဘင် လက်ထက်က အမွေ ဖြစ်တဲ့ ဧရာဝတီ ကို

    ပျက်စီးအကျဉ်းတန် သွားမှာတော့ နှမြော တယ်..

    အခုလည်း…

    ဧရာဝတီ ရဲ့ ငို …ရှိုက်…သံ…..

    တစ်  စ  တစ် စ နဲ့  ကျယ်  လောင်  လာ  တာ

    ကျွန်တော် …ကြား ….နေ…ရ…တယ်။             ။(လုလင်ငယ်သွေး)

In: ကဗျာ Posted By: Date: Sep 23, 2011
Comment #1

ဧရာဝတီ ဟာ သတို့ သမီးတစ်ယောက်ပါ
နုနယ်ဖြတ်လတ်တဲ့  အပျိုစင်လေးပါ
အခုတော့….ခုတော့…..
…….ဧရာဝတီ ငိုနေသည်တဲ့
လုလင်ငယ်သွေးရေ …ကြက်သီးတွေထရင်း
အားပေးသွားပါတယ်

commentinfo By: စစ် စစ် at Sep 23, 2011
Comment #2

ကျွန်တော် က ဧရာဝတီ အကြောင်း များများစားစား သိတာ မဟုတ်ဘူး

ဧရာဝတီ ကို အထီး မှန်း အမ မှန်းလည်း မသိဘူး

ဧရာဝတီ အသက် ဘယ်လောက်ရှိမှန်း လည်း မသိဘူး

ဧရာဝတီ ကို ချစ်လား မေးရင်တော့ မချစ်ဘူးလို့ ပဲ ဖြေ ရမယ်

ဒါပေမဲ့ …..

ကျောသား ရင်သား မခွဲ

လူမျိုး ဘာသာမရွှေး က ပြ အသုံးတော် ခံ တဲ့ ဧရာဝတီ

သူ စီးဆင်းရာ တလျှောက်က ကလေး လူကြီး တွေ ချစ်တဲ့ /တန်ဖိုးထားတဲ့ ဧရာဝတီ

သဘာဝ သယံ ဇာတ ရှုခင်း အလှပအတွေ အမြောက်အများနဲ့  လှပနေတဲ့  ဧရာဝတီ

သူ့  သမိုင်း ကို သူ အကောင်းဆုံး ရေးခြယ်ထားနိုင်ခဲ့ ဧရာဝတီ

ဘိုးဘွား ဘီ ဘင် လက်ထက်က အမွေ ဖြစ်တဲ့ ဧရာဝတီ ကို

ပျက်စီးအကျဉ်းတန် သွားမှာတော့ နှမြော တယ်..

အခုလည်း…

ဧရာဝတီ ရဲ့  ငို …ရှိုက်…သံ…..

တစ် စ တစ် စ နဲ့  ကျယ် လောင် လာ တာ

ကျွန်တော် …ကြား ….နေ…ရ…တယ်။
.
တွေးစရာတွေ
ပညာတွေ
ဒီစာလေးအတွက်
ကျေးဇူး ပါ
ခံစားရတယ်

commentinfo By: sharon myorr myor at Sep 23, 2011
Comment #3

ကျွန်တော် က ဧရာဝတီ အကြောင်း များများစားစား သိတာ မဟုတ်ဘူး

ဧရာဝတီ ကို အထီး မှန်း အမ မှန်းလည်း မသိဘူး

ဧရာဝတီ အသက် ဘယ်လောက်ရှိမှန်း လည်း မသိဘူး

ဧရာဝတီ ကို ချစ်လား မေးရင်တော့ မချစ်ဘူးလို့ ပဲ ဖြေ ရမယ်

ဒါပေမဲ့ …..

ကျောသား ရင်သား မခွဲ

လူမျိုး ဘာသာမရွှေး က ပြ အသုံးတော် ခံ တဲ့ ဧရာဝတီ

သူ စီးဆင်းရာ တလျှောက်က ကလေး လူကြီး တွေ ချစ်တဲ့ /တန်ဖိုးထားတဲ့ ဧရာဝတီ

သဘာဝ သယံ ဇာတ ရှုခင်း အလှပအတွေ အမြောက်အများနဲ့  လှပနေတဲ့  ဧရာဝတီ

သူ့  သမိုင်း ကို သူ အကောင်းဆုံး ရေးခြယ်ထားနိုင်ခဲ့ ဧရာဝတီ

ဘိုးဘွား ဘီ ဘင် လက်ထက်က အမွေ ဖြစ်တဲ့ ဧရာဝတီ ကို

ပျက်စီးအကျဉ်းတန် သွားမှာတော့ နှမြော တယ်..

ကောင်းတယ်ဗျာာာာာ အားပေးဖတ်ရူခဲ့ပါတယ်

Comment #4

လုလင်..ငါလည်းအားပေးသွားတယ်နော်….

commentinfo By: misspoem at Sep 23, 2011
Comment #5

လုလင် မင်းက ဧရာဝတီ ကို ဘာလို့ မချစ်တာလဲကွ
ငါ သိချင်တယ် ပြောပြထားခဲ့ဦး…………

commentinfo By: sitayenyein at Sep 23, 2011
Comment #6

ကျွန်တော်မှ မဟုတ်ပါဘူး အခု ဧရာဝတီ ကို ချစ်တယ် နဲ့  ဘာဖြစ်တယ် အော်နေကြတဲ့ လူတွေလည်း
ဧရာဝတီ ကို ချစ်ကြမယ် မထင်ပါဘူးဗျာ….တချို့ ဆိုဧရာဝတီ ကို မြင်ဘူး ကြလားတောင်မသိပါဘူး
ကိုယ် အိမ်က ပစ္စည်း တစ်ခု ကိုပျောက်သွားမှာဆိုးတာ နှမြော တာ ဒီလောက်ပါပဲ
အဲလောက်ကို ချစ်တယ်ပြောလို့ ရမယ်ဆိုရင်တော့ ကျွန်တော်လည်း ဧရာဝတီကို ချစ်ပါတယ်ဗျာ
အားပေးမှု တွေကို ကျေးဇူး အထူးတင်ပါသည်

Comment #7

ကျွန်တော်.တော့…ဧရာဝတီကိုချစ်တယ်…..
ဘာပဲဖြစ်ဖြစ်..ကဗျာလေး…ရည်ညွှန်းချက်ကောင်းတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #8

ဧရာဝတီဟာ အမွေအနှစ်ပါ
ဧရာဝတီဟာ စစ်မှန်တဲ့သမိုင်းစာမျက်နှာပါ
ဧရာဝတီဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတပါ
ဧရာဝတီဟာ မြန်မာနိုင်ငံလူဦးရေအားလုံးနီးပါးရဲ့ အားထားမှီခိုရာပါ
ဧရာဝတီဟာ လမ်းပန်းဆက်သွယ်ရေးတစ်ခုပါ
ဒါ ကျွန်တော့်အမြင်ပါ . . .
ဒါကြောင့် ကျွန်တော်တော့ ချစ်တယ် ၊ (ဒါ့ထက်) မြတ်နိုးတယ်
ဒီလို အယူအဆ အတွေးအခေါ်တွေကို လေးစားပါတယ်
အားပေးပါတယ်

commentinfo By: mgchannaye at Sep 25, 2011
Comment #9

ကောင်းလိုက်တဲ့ မှန်လိုက်တဲ့ကဗျာ မောင်မြတ်သူအားပေးသွးပါကြောင်းး
လုလင်ငယ်သွေးရေ မောင်မြတ်သူလည်းဧရာဝတီကိုအထီးမှန်ူးအမမှန်းမသိသေးပါဘူး
ဒါပေမဲ့ ဒီကဗျာကနေ သူ့ငိုသံတွေကိုကြားလိုက်ရသလိုပဲ

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Sep 25, 2011
Comment #10

အခုလည်း…

ဧရာဝတီ ရဲ့  ငို …ရှိုက်…သံ…..

တစ် စ တစ် စ နဲ့  ကျယ် လောင် လာ တာ

ကျွန်တော် …ကြား ….နေ…ရ…တယ်။ အားပေးသွားပါတယ်ဗျာ

commentinfo By: PC at Sep 25, 2011
Comment #11

အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ

Comment #12

ကိုငှက်ကြီးကတော့ ဧရာဝတီဟာရာဇ၀င်များရဲ့ သတို့ သမီးတဲ့ ။
ကျုပ်တို့ ရဲ့ မိခငိတဲ့ ။။။။။။။။။။။
ကျုပ်ကတော့ ဧရာဝတီဟာဧရာဝတီပါပဲ
ဧရာဝတီရှိနေတဲ့ နိုင်ငံမှာဧရာဝတီသူ့ ဘာသာဆက်လက်ရှင်သန်စီးဆင်းနေတာမျိုးမြင်ချင်တယ်။

မင်းလူန

commentinfo By: kathitni1980 at Nov 3, 2011
Comment #13

လေးလေးစားစား မြတ်မြတ်နိုးနိုး….ဖြင့်

commentinfo By: နိုးဆက် at Apr 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment