Professional Authors

အချစ်ကရှေးဟောင်းပစ္စည်းမဟုတ်

အနားမှာ မန္တလေး FM ဖွင့်ထားတယ်

လက်ထဲမှာ ဘောပင် ကိုင်ထားတယ်

ပါးကိုလာကိုက်တဲ့ခြင်ကို လက်ဝါးနဲ့ယမ်းခါ

ငါ………အခု နင့်ကို သတိရနေပေါ့။

 

မော့ကြည့်လိုက်ရင် အိမ်ခေါင်မိုးကိုပဲ မြင်ရတယ်၊

မျက်စိမှိတ်မှ နင်ဟာ အာရုံထဲမှာပေါ်လာ

အလွမ်းဟာ နင့်ပုံရိပ်တွေကို ဖမ်းယူတဲ့ အင်တင်နာ၊

အမြဲတမ်းတော့ မဟုတ်၊

တစ်ခါတစ်ခါမှာတော့

အချစ်က ဓာတ်လိုက်တတ်တယ်. . .

ယုံစမ်းပါ…

ကျွန်တော်ဟာ ဆံပင်တွေထောင်သွားရတဲ့အထိ

ခဏခဏ ရှော့ခ်ရိုက်ခံရဖူးတယ်….။

 

တကယ်ကို သဘောကျမိတော့တယ်၊

ဘာဆိုဘာမှန်း မပြောပြတတ်အောင်

နှလုံးသားက ဆွံ့အနေတာမျိုး၊

နင်ဟာ အမြဲစိမ်းသစ်တောလား၊

နင်ဟာ ဖြူလွလွတိမ်တိုက်လား၊

တမြတ်တနိုး သတိရမိတော့တယ် . . .

ငါဟာ နှလုံးသားမရှိ ၊ အကြင်နာတရား မရှိတဲ့

လူရမ်းကားကြီး မဟုတ်ပါဘူး၊

ပါးကို လာကိုက်တဲ့ခြင်ကိုတော့

စိတ်မရှည်တာနဲ့   ရိုက်သတ်လိုက်မိတယ်. . . . . ။        ။

                                              နရီမင်းထက်(ဆေးတက္ကသိုလ်)

In: ကဗျာ Posted By: Date: Sep 21, 2011
Comment #1

ha ha- 😛
(ခုလိုစိတ်ရှည်တာသိရတော့ဝမ်းသာပါတယ်)
အားပေးသွားပါတယ်……

commentinfo By: May Kha at Sep 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment