Professional Authors

၂၀၁၀ – ၂၀၁၁

နေရစ်ခဲ့တော့ ၂၀၁၀
မင်းရဲ့ မကောင်းတဲ့
စိတ်ယုတ်၊ စိတ်ညစ်တွေ
ဖြစ်နိုင်ရင် သွေးကြောထဲမှာ
စီးဆင်းနေတဲ့
မင်းရဲ့ သွေးဆိုး၊ သွေးပုပ်တွေကို
ဖောက်ထုတ်လို့ရရင်
ဖောက်ထုတ်လိုက်ချင်ရဲ့…။
ရင်ဘတ်ထဲက
မင်းရဲ့ ကောက်ကျစ်တတ်တဲ့
နှလုံးသားတစ်စုံကို ဆွဲထုတ်ပြီး
ငါ့ကမ္ဘာရဲ့ အဝေးဆုံးတစ်နေရာမှာ
မြှုပ်နှံပြီး….
လက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ
၂၀၁၁ ရဲ့ ရင်ဘတ်ထဲကို
ငါ့ရဲ့
ကိုယ်ကျင့်တရားဆိုတဲ့ကောင်ကိုကျောပိုး၊
ရည်ရွယ်ချက်ရဲ့ ဖိနပ်ကိုစီးပြီး
တဖြေးဖြေး၊ တရွေ့ရွေ့နဲ့
တိုးဝင်ရဦးမယ်။။။။။။။။။။။။။
ငါ့ရဲ့ ထုံးစံအတိုင်း
ပြုံးပြုံးလေးပဲပေါ့………………..။

နှင်းဆီနက် -31 dEC 2010  5:00 PM

In: ကဗျာ Posted By: Date: Sep 21, 2011
Comment #1

အပြုံးနဲ့အနိုင်ယူပါတဲ့….. (အားပေးသွားပါတယ်)

commentinfo By: May Kha at Sep 21, 2011
Comment #2

good luck.

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment