Professional Authors

သူ့အမုန်းရဲ့တန်ပြန်အချစ်

အလွမ်းတွေနဲ့ ရင်မှာဖုံးလွှမ်း
ဝေဒနာတွေ သမုဒယကမ်းခြေမှာ
သောင်တင်သဲလို့ ပူပြင်းခြောက်သွေ့လို့
ချစ်သက်သေတွေ ရင်မှာခြွေခဲ့မိတယ်…။

အဆွေးတွေနဲ့ ငါ့နှလုံးသားမှာ
တင်ကျန်နေလျက် ပူဆွေးသောကတွေ
ဗလောင်ဆူရင်း ပူပြင်းခြောက်သွေ့လို့
ငါ့မေတ္တာတွေ ပေးဆပ်ခဲ့ဘူးတယ်…။

သောကတွေနဲ့ ရင်ခွင်မီးတောက်
နှလုံးသားမှာ ဝေဒနာတွေနဲ့
ရင်ကော့လို့ ပူပြင်းခြောက်သွေ့စွာ
ငါ့သစ္စာတွေ ပေးအပ်ဘူးတယ်…။

ဆွေးမြေးမှုတွေ ငါ့ဘ၀မှာ
ရင်နင့်စွာနဲ့ ကာရံမဲ့သော
ကဗျာတွေကို ရေးသားရင်းနဲ့
ငါ့အချစ်တွေ ရင်ဖွင့်ခဲ့ဘူးတယ်…။

ချစ်သမျှကို သရောသလို
ဥက္ခောပြုလို့ နှုတ်ဆက်အပြုံးနဲ့
ခရီးဆက်လေတော့ ငါ့ရင်မှာ
ဗလာဗလောင် ဆူနေပြီလေ………။

ငါ့မေတ္တာနဲ့ ခင်းကျင်းသောလမ်း
ငါ့ဘ၀ရဲ့ လောကဓံတွေကို
မင်း..တန်ပြန် သရောစာပြုကာ
တောက်ခေါက်သော အမုန်းတွေနဲ့ပေါ့..။

အခုတော့……အခုတော့
ငါ့နှလုံးသားက နာကြည်းမှုတွေက
တန်ပြန်မှုမရှိ ခွင့်လွတ်ရင်း
ငါ… မင်းကို တန်ပြန်ချစ်ခဲ့မိတယ်…။

အတိက်တွေတော့ ငိုငြီးသံတွေနဲ့
အလွမ်းအဆွေး ပူဆွေးသောကတွေ
ငြိမ်းသက်စေဖို့ ငါ့ရင်ကိုခွဲလို့
မေတ္တာတွေ သစ္စာတွေနဲ့ တန်ပြန်ကာချစ်ခဲ့တာပါ..။

တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 19, 2011
Comment #1

အရမ်းမိုက်တယ်နော်။
အားပေးသွားပါတယ်ဗျာ။

commentinfo By: yelaylover2010 at Sep 19, 2011
Comment #2

အခုတော့……အခုတော့
ငါ့နှလုံးသားက နာကြည်းမှုတွေက
တန်ပြန်မှုမရှိ ခွင့်လွတ်ရင်း
ငါ… မင်းကို တန်ပြန်ချစ်ခဲ့မိတယ်…။

commentinfo By: May Kha at Sep 19, 2011
Comment #3

ကောင်းလိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Sep 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment