Professional Authors

ဝါသနာ —- နရီထက်

ဟာဝိုင်ရီကျွန်းမှာ အပန်းဖြေချင်တယ်
အလွယ်သုံးအင်္ဂလိပ်စာဗျည်း…
မှတ်ရလွယ် စကားပြောနှင့်
ကျွန်းသူလှလှတွေကို စကားပြောကြည့်ချင်တယ်

အခွင့်အရေးနှင့် အဆင့်အတန်းတွေလား
သူတို့ ပြောတဲ့ အမေရိကာမှာ နေကြည့်ချင်တယ်
အကြွေးဝယ်ကဒ် များများ ကိုင်ချင်တယ်
ပျော်စရာအချိန်တွေနှင့်လား

အဆင့်တစ်မဟုတ်ရင်တောင် အဆင့်တစ်ဆယ်
ဝင်ချင်တဲ့ အင်္ဂလန်သူဌေးကြီးတွေလား
ငါ သိနေသလိုပဲ…

ရွန်မ်းမြို့ဟောင်းတစ်ပတ် အလည်သွားချင်တယ်
ခေတ်ပြိုင်သူရဲကောင်းတွေ ခေါင်းချသွားတဲ့နေရာလေးတွေပေါ့
တခမ်းတနားနှင့် အီတလီပန်းချီကားတွေက ဆန်းသစ်တယ်

မြို့ဝင်ပုံပြင်တွေ စင်တင်ကြည့်ချင်တဲ့ ငါအဖို့
အော်စီက ဒါဝင်ဇာတ်၇ုံမှာ
ပြဇာတ်တစ်ပုဒ်လောက်တော့ ကြည့်ခွင့်ရချင်တယ်

အလှဆုံးပန်းမြို့တော်တဲ့လား
နယူးဇီလန်က အော်စီနှင့် နီးတယ် ဆိုလားပဲ
ခရီးတစ်ထောက် ၀င်နားချင်တယ်

လက်တင်အာရဗစ် အကတဲ့လား
ဒါဆိုရင် ဒူဘိုင်းမှာ အခါမလွတ်ပဲ
ကချေသည်တွေရဲ့ အကအလှတွေကို လက်ခုပ်တီးချင်သေးတယ်

တိမ်လွှာကို ဆွဲခွာ…
မြေပြင်ကို လှန်ပစ်…
ဧရာဝတီကို မေးကြည့်တော့…
မင်းကို မမှတ်မိသေးဘူး….

သူဌေးကျွန်းနှင့် ငပလီက အလှမ်းဝေးတယ်
ခါကာဘိုရာဇီတောင် ဘယ်နေ့လဲ
အသဲရေကန် ဘယ်သွားနေလဲ…
လိုက်သွားချင်တယ်

အင်းလေးကျေးရွာ ငါ သွားချင်တယ်
မြန်မာပြည် အထက်အောက် စုန်ဆန်ကြည့်ချင်တယ်
ရှားရှားပါးပါး ပြောကြတယ်
သူတို့လည်း နေရာစုံ မရောက်သေးဘူးရယ်….။      ။

နရီထက်
( ၁၇ ၊ စက်တင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Sep 17, 2011
Comment #1

တိမ်လွှာကို ဆွဲခွာ…
မြေပြင်ကို လှန်ပစ်…
ဧရာဝတီကို မေးကြည့်တော့…
မင်းကို မမှတ်မိသေးဘူး….
အားပေးသွားတယ်အကိုကြီးရေ…

commentinfo By: myintmo at Sep 17, 2011
Comment #2

ဒိကဗျာ လေး ဖတ်လိုက်ရတော့ ကမ္ဘာ တပတ်ခရိး ထွက်လိုက်ရသလိုပဲ။တမျိုးလေး ဆန်းတယ်နော် ကိုကြိး

commentinfo By: thuya at Sep 17, 2011
Comment #3

good idea

commentinfo By: brave heart at Sep 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment