Professional Authors

……ကာရံမဲံ့တဲ့မျက်ရည်……..

မငိုပါနဲ………
ပြောပေမယ့်လည်းအခါခါကျတဲ့မျက်ရည်
ဘယ်တော့ဆုံးမလဲ
ချစ်ခြင်းရဲ.အစမှာ
ပျှော်ရွှင်ခဲ့တဲ့မင်းမျက်နှာ
အခုတော့…ကျောခိုင်းခဲ့ပြီလား
ငါ့ရင်ကို…..
ငါ့ရင်မှာထင်ကျန်နေတဲ့မင်းခြေရာ
ပြန်လာယူဖို.
ငါ………မတောင်းဆို
ဘယ်လောက်နာကျင်နေပါစေ
ငါခံစားပါ့မယ်
ဒီခြေအစုံဟာ
ငါ့နှလုံးသားရဲ.ထာဝရအနီးကပ်ဆုံး
မြှားတစ်စင်းဖြစ်ပါစေ
ငါ………မငြင်းပါဘူး
ပစ်လိုက်ပါ…..
ကာရံမဲ့တဲ့ကဗျာတစ်ပုဒ်ကို
ဖွဲ.ဆိုရင်း…မင်းပြန်လာခဲ့ဖို.တောင်းဆိုသူ
ဒီကောင်ကိုမချစ်ရင်နေပါ
ရင်ထဲကအလွမ်းကိုတော့
စာနာပါ
………..
ငါ့ရင်မှာလေ
ကွဲအက်နေတဲ့နှလုံးသားကို
ပိုင်ဆိုင်ထားပါတယ်
အခုတော့……..
တစ်စစီပဲ့ကြွေနေလေရဲ.
ထားပါလေ ငါ့ဘ၀နဲ.ငါ
နင်မစာနာချင်မနာပါနဲ.
အချစ်ကိုတောင်းတဆုံးသူက
အမုန်းလက်နှက်ကိုင်ဆောင်ထားသူကို
ချစ်ခဲံ့မိတဲ့ငါ့အပြစ်ပါ
ငါ ခံယူပါဦးမယ်
မင်းအမုန်းတွေကို……….
မျက်ရည်ချောင်းစီးမောင်းတီးလှူခဲ့တဲ့ငါ့အသဲကို
မြိန်ရှက်စွာစားသုံးပါ
မ၀သေးရင်လည်း
သောက်လိုက်ပါ…..ငါ့မျက်ရည်
ရော့!
မင်းအတွက်ငါ……….
သီးသန်.ဖယ်ထားတယ်
ဟိုး…….အဝေးကငှက်တစ်ကောင်
အတောင်ကျိုးပြီးကျလေသလား
မဟုတ်ပါဘူး
နှလုံးသားကိုမြှားထိလို.
ကျခဲ့တာပါ
မင်းသွားမကောက်ပါနဲ.
အဲဒါငါပါ
မင်း၇ဲ.အကြည့်တွေက
ငါ့ရင်ခွင်ကိုမြှားတစ်စင်းလို
ဖြိုခွင်းလို.ကျခဲ့တာပါ
သွားမကောက်ပါနဲ.
မင်းလက်တွေပေမှာစိုးလို.ပါ………..
နာကျင်စရာများတဲ့
အချစ်ပင်လယ်မှာ မျောလွင့်နေတဲ့ငါ့ကို
မေခလာနတ်သမီးမကယ်ရင်နေပါ
မင်းကမ်းတဲ့လက်တစ်စုံကို
မျှော်လင့်ရင်း………
ငါကျတဲ့မျက်ရည်ထဲမှာငါကူးခတ်နေရပြီ
အမြန်ကမ်းပါ
မင်းလက်တစ်စုံကို…………

In: ကဗျာ Posted By: Date: Sep 16, 2011
Comment #1

ဟိုး…….အဝေးကငှက်တစ်ကောင်
အတောင်ကျိုးပြီးကျလေသလား
မဟုတ်ပါဘူး
နှလုံးသားကိုမြှားထိလို.
ကျခဲ့တာပါ
မင်းသွားမကောက်ပါနဲ.
အဲဒါငါပါ
…………………..
ကြိုက်တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #2

“မင်းကမ်းတဲ့လက်တစ်စုံကို
မျှော်လင့်ရင်း………
ငါကျတဲ့မျက်ရည်ထဲမှာငါကူးခတ်နေရပြီ
အမြန်ကမ်းပါ
မင်းလက်တစ်စုံကို…………”

အရမ်းကောင်းတဲ့ စာသားဗျာ…..အားပေးသွားပါတယ်…။ ။

commentinfo By: ကေသရီ at Sep 17, 2011
Comment #3

mike de kwar.
heart hti de.
kyat ti taung hta de.
ngo le ngo chin lar de.

commentinfo By: ei lay at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment