Professional Authors

“ငါ့ ဘ၀”

ငါက နင့်အတွက် …
ဒုတိယ လူပါလေ …။
ငါနားလည် ပြီးသားပါ ။
ကျေးဇူး ပြုပြီး
ခဏခဏ မရှင်းပြပါနဲ့။
ခဏခဏ မပြောပါနဲ့။
ငါက စကတည်းကနောက်မှာပါ။
တစ်ခုပဲ နင်နားလည်
ငါဆိုတဲ့ ကောင်က
မွေးရာပါပေတေတေကို
တစ်ခါမှတန်း မစီဘူးလို့
နောက်ဆုံးတန်းမှာလည်း
ငါနေသား မကျခဲ့ပြန်ဘူး
မထူးပါဘူးလေ။
ငါကလည်း နင်ရေးမယ့်ကဗျာကျမှ
ကာရန်ညှိချင် မိတာကိုး …။
တကယ်တော့ …
မြို့ပျက်တစ်ခုပါပဲ
နင်တစ်ယောက် ရှိနေလို့
ငါအေးချမ်း တတ်ခဲ့တာပါ။
        

In: ကဗျာ Posted By: Date: Sep 15, 2011
Comment #1

ငါက နင့်အတွက် …
ဒုတိယ လူပါလေ …။
ငါနားလည် ပြီးသားပါ ။
ကျေးဇူး ပြုပြီး
ခဏခဏ မရှင်းပြပါနဲ့။
ခဏခဏ မပြောပါနဲ့။
ငါက စကတည်းကနောက်မှာပါ။
………………..

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #2

ငါက နင့်အတွက် …
ဒုတိယ လူပါလေ …။
ငါနားလည် ပြီးသားပါ ။
ကျေးဇူး ပြုပြီး
ခဏခဏ မရှင်းပြပါနဲ့။
ခဏခဏ မပြောပါနဲ့။:)
ဟုတ်ပဗျာ အလိုက်သိသင့်တယ်

Comment #3

အားပေးသွားတယ်နော်…….

commentinfo By: May Kha at Sep 16, 2011
Comment #4

ကျေးဇူးတင်ပါတယ်…ခင်ဗျာ

commentinfo By: ကြယ်စစ်သည် at Sep 16, 2011
Comment #5

အားလုံးအားလုံးကို
ကျေးဇူးတင်ပါတယ်…ခင်ဗျာ

commentinfo By: ကြယ်စစ်သည် at Sep 16, 2011
Comment #6

the first love is impossible to forget easily,,,
but,,,,
the end love is the most important.

commentinfo By: ei lay at Sep 18, 2011
Comment #7

တကယ်ပြောတာလား မအိလေး….
အားပေးတာပေါ့….
ကျေးဇူးပဲဗျာ

commentinfo By: ကြယ်စစ်သည် at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment