Professional Authors

အပြစ်တစ်ခုလို့ယူဆခဲ့ရင် နင်ခွင့်လွှတ်စေချင်

လက်ခံတဲ့ လက္ခဏာတွေအတွက်
မနက်ဖြန်အတွက် သက်သာရာရခဲ့ပေမယ့်
တစ်ရာမကတဲ့ လက်ကျန်ရက်တွေမှာတော့
ဆက်ရန်မဲ့ခဲ့ပြီပေါ့ ခင်ရေ…။

ချစ်ရသူအတွက် ရည်စူးလို့ပေါ့
စေတီဦးမှာ တောင်းဆုခြွေလိုက်တယ်..၊
ကောင်းမှုတွေရဲ့ အကျိုးများ
ခင်ခံစားရမယ် ထင်လို့လေ..။

မပြီးဆုံးသေးတဲ့ သံသရာမှာ
ဘဝတွေခြားနေလို့
အနီးဆုံးနဲ့ ပြန်လာကာ
ငါ့အနားရှိစေဖို့
အခုနေဝေးကြရတာ
အားတင်းထားပေါ့..။

ခင်မသိတော့တဲ့ ဘဝမှာ
ခင်မသိတော့တဲ့ ခဏမို့
အလှတစ်ချို့ အသစ်ရှာကာ
ဒီဘဝအဖို့ ချစ်နေတာကိုတော့
(ချစ်သူ…..)
နင်ခွင့်လွှတ်တော့….။    ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Sep 15, 2011
Comment #1

မောင်လေး…အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #2

မောင်ကြီး
အားပေးသွားတယ်နော်

မမ

ဆက်ကြိုးစား
မမ မောင်လေးနောက်မှာရှိတယ်

commentinfo By: virus at Sep 16, 2011
Comment #3

အားပေးသွားတယ်နော်……………FIGHTING 😛

commentinfo By: May Kha at Sep 16, 2011
Comment #4

har,,,,,,
tu tu be,,,
he,,he,,
whenever i remember,,,i pray.
whenever i miss,,i pray.

commentinfo By: ei lay at Sep 18, 2011
Comment #5

ခင်တဲ့လား… အမမသိတဲ့ နောက်တစ်ယောက်တဲ့လားေိခိ

commentinfo By: sandi at Nov 18, 2011
Comment #6

Miss so much.
Pray so much.
😛
😛
😛

commentinfo By: ei lay at Aug 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment