Professional Authors

ရင်ဖွင့်စာ ( FOR ZMMC )

မြက်တစ်ပင်နွမ်းလည်း

မြက်တစ်ပင်ပြန်လည်စိမ်းလန်းလာမှာပဲ

နွေဦးဆိုတာ

အမြဲတမ်းပုန်းနေနိုင်မတဲ့လား ။

ဒီလိုပဲ  ကိုတို့လည်း

နှင်းဆီနီနဲ့ လေညှင်းလေးရယ်

ဆန်းပြာလွန်းလှတဲ့ ညနေဆည်းဆာရယ်

ဒါတွေအားလုံးနဲ့ အတူ

လှပတဲ့ မိုးသားအဖြူအောက်မှာ

ကိုတို့ …. ပြန်လည်ဆုံဆည်းကြမယ် ။

 

ကဗျာကိုဖတ်ပြီး

ကဗျာကိုမြတ်နှိုးတတ်တဲ့ ချစ်သူ

ဝေးသောအရပ်မှာ

အလွမ်းမိုးတွေရွာနေလားဟင်  ။

 

ချစ်သူဖြစ်တည်ရာ

အဲဒီလောကတစ်ခုမှာ

မိုးတွေရွာချပြီဆိုရင်

အဲဒီမိုးစက်တွေဟာ

ကောင်းကင်ပေါ်က ထိုးဆင်းချလာတဲ့

ကို့ရဲ့အလွမ်းသီချင်းတွေပဲပေါ့

မိုးတိမ်တွေက တစ်ဆင့်

ကိုသတိရနေတဲ့အကြောင်း

ချစ်သူကို ရင်ဖွင့်ကြလိမ့်မယ်

နားသောတဆင်ပါနော်  … ချစ်တဲ့သူ

In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

အင်း….နားသောတဆင်နေတယ်နော်……
(စတာပါ…အရေးအသားတွေအရမ်းကောင်းလာတယ်.ကြိုးစားထား)

commentinfo By: May Kha at Sep 14, 2011
Comment #2

ဟုတ်ကဲ့ပါအမ မေခ .. ကျေးဇူးတင်ပါတယ်နော် .. 🙂

commentinfo By: chityellusoelay at Sep 14, 2011
Comment #3

wow,,,,,,,,,
wow,,,,,,,,
wow,,,,,,
wow,,,,,
really really romantic.

commentinfo By: ei lay at Sep 14, 2011
Comment #4

ဝေါ…မိုးတွေရွာချလိုက်ပြီ။
ipoh မြို့ကြီး ရေမြုပ်တော့မယ် ကိုလူဆိုးရာ။
ရေမကူးတတ်ဖူးဗျ။ 😀
မဇင်ချစ်တော့ အလွမ်းမိုးတွေ သည်းသည်းကြား
ပိုပိုချစ်သွားမယ် ထင်တယ်။ VZO ထဲက အသံကြားလိုက်တယ်။
:kiss တဲ့။ 😀

Comment #5

ကဗျာကိုဖတ်ပြီး

ကဗျာကိုမြတ်နှိုးတတ်တဲ့ ချစ်သူ

ဝေးသောအရပ်မှာ

အလွမ်းမိုးတွေရွာနေလားဟင် ။
မိုးတွေ များလို့  ရေတွေ ကြီးတာ ဒါကြောင့်ထင်တယ်
လုလင် အားပေးသွားပါတယ် ကောင်းတယ် လူဆိုး

Comment #6

ကိုစိုင်းကိုကျေးဇူးတင်ပါတယ်နော် .. အမောင်လုလင်ရေ .. ကျေးဇူးပဲကွာ .. 🙂

commentinfo By: chityellusoelay at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment