Professional Authors

*!* ဟိုက် *!*

ကိုယ့်ကမ္ဘာကိုဖြန့်ခင်းဖို့အတွက်


ကိုယ့်အထာနဲ့ကိုနေတာကောင်းတယ်


ဘာတစ်ခုမှလုပ်လို့မရတဲ့နေ့က


ကုလားထိုင်တစ်လုံးပေါ်


တစ်ကိုယ်လုံးကိုအပုံလိုက်တင်ပြီး


အပြင်ကိုငေးကြည့်မိခဲ့


အပြင်ဘက်မှာတော့ အားလုံးက


ဝါကျင့်ကျင့်အဖြူအမဲဓါတ်ပုံလိုခြောက်ခမ်းလို့


တိမ်ဆိုင်တွေလဲတဖြည်းဖြည်းပျောက်သွားကြပြီ


သံချေးတက်မျက်လုံးထဲ အရောင်တွေဖြူဖျော့လာ


ပြောင်းပြန်အရှိန်တွေပိုမြန်လာကြ…


မနေ့တုန်းကတော့


အရာရာသေသေသပ်သပ်ပြီးဆုံးတော့မလိုနဲ့


ပြဇတ်တစ်ပုဒ်ကိုမကျေမညက်မချင်း


အထပ်ထပ်ကနေရတာ ငြီးငွေ့ဖို့ကောင်းတယ်..


နောက်ထပ်နှစ်တွေ ခပ်များများဟာ


သူ့အလိုလိုသွားနေတဲ့နာရီဒိုင်ခွက်တွေပေါ့…


ဟိုက်…


ခုမှကြည့်မိတယ် ကိုယ်လုံးပေါ်မှန်ကြီးက


ငါ့ရဲ့ ပုထုဇဉ်အဖြစ်ကိုမလိုတမာအကြည့်တွေနဲ့ ကြည့်လို့ ။   ။


 

ဒီလူ(တောင်တွင်းကြီး)

http://htoonaingwint.multiply.com/

In: ကဗျာ Posted By: Date: Sep 13, 2011
Comment #1

ကိုယ့်ကမ္ဘာကိုဖြန့်ခင်းဖို့အတွက်

ကိုယ့်အထာနဲ့ကိုနေတာကောင်းတယ်

commentinfo By: May Kha at Sep 13, 2011
Comment #2

” ကိုယ့်ကမ္ဘာကိုဖြန့်ခင်းဖို့အတွက်

ကိုယ့်အထာနဲ့ကိုနေတာကောင်းတယ် ” ကြိုက်တယ်ဗျာ

commentinfo By: k nge lay at Sep 13, 2011
Comment #3

:)….

commentinfo By: Demon 13 at Sep 13, 2011
Comment #4

ခုမှကြည့်မိတယ် ကိုယ်လုံးပေါ်မှန်ကြီးက

ငါ့ရဲ့ ပုထုဇဉ်အဖြစ်ကိုမလိုတမာအကြည့်တွေနဲ့ ကြည့်လို့ ။ ။

ကောင်းဗျာ

commentinfo By: အသဲကွဲမိုး at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment