Professional Authors

စစ်အသွင်ခိုးအချစ်

 

ငါ့လက်ထဲက ထွက်ခွာသွားသော

ကျည်ဆန်တစ်ချက်ဟာ အာကာဝေဟင်

ကောင်ကင်ပြင်ကို ထိုးဖောက်လို့

လမင်းရဲ့ ဗဟိုတည့်တည့်ကို

မှန်သွားသော်လည်း လမင်းဆီက

ပြန်ကျလာတဲ့ ငါ့ကျည်ဆန်ဟာ

အရာမထင် ပျောက်ဆုံးခဲ့ပြီ…။

                                                                       

ကျည်ချက်တိုင်းမှာ ပစ်မှတ်တွေနဲ့

ပြေးပေါက်မဲ့သော စက်ကွင်းတွေထဲ

ငါဟာ မင်းရဲ့ သားကောင်ဖြစ်ခဲ့

မင်းအကြည့်တွေရဲ့ ဒုန်းကျည်စက်ကွင်းမှာ

ထိချက်ပြင်းသော ဒုန်းကျည်အစတွေကြောင့်

အငိုက်မိကာ သေဆုံးသွားရသော

ငါ့နှလုံးသား ကျဆုံးခန်းသို့

မင်းအရှေ့မှာ ရောက်ခဲ့ရပြီ…။

 

စနိက်ဘာကို ဟန်ရေးပြကာ

ငါမာန်ဝံနေသော အစောင့်ကျသောည

မင်းက ပြောက်ကျားသူလျှိုလို

အငိုက်ဖမ်း အနိုင်တိုက်ချင်ခဲ့

ရာဇာဝင်တွင်သော သူလျှိုတွေထဲ

ထိပ်တန်းသူလျှို မင်းလေးကိုတော့

ငါ့နှလုံးသား ခဝါချကာ

ထောင့်ငါးရာ လက်နက်နဲ့ ပြည်ဗုံးက

လက်နက်ချခဲ့တာ မင်းကို ချစ်လို့ပါကွာ..။

 

ဌာနေမှာပျော် လှမယ်လေးကို

ပြန်မြင်ယောင်လာ ငါ့အဖြစ်က

စစ်သွေးကြွနေသော အရိုင်းစိတ်နဲ့

အမှားတွေးစဉ် သူလျှိုအသွင်

စနိက်ဘာနဲ့ ပစ်ခွင်းကာ

ငါ့နှလုံးသာမှာ ဒဏ်ရာတွေတော့

အသက်မက ရခဲ့ပြီပေါ့..။

 

စစ်ပြေငြိမ်းသော တို့နှစ်ယောက်စစ်ပွဲ

အာရတ်နဲ့ အမေရိက အစ္စရေးနဲ့ ပါလစ်စတိုင်း

စစ်ပွဲကြီးတွေ ပစ်စဲခြင်းများ

ရပ်တန့်သလို ငြိမ်းချမ်းယူခဲ့သလို

ငါတို့နှစ်ယောက်ရဲ့ စစ်ပွဲများက

ဌာနေအဝေး တစ်မြေဝေးနဲ့

ငြိမ်းချမ်းရေးများ ရရှိသော်လည်း

အနေနီးဖို့က ဝေးကွာနေမြဲပေါ့..။

 

မသေခြာသော ဘဝစစ်ထဲ

တိုက်ပွဲခေါ်သံ စစ်မက်သံက

မင်းနဲ့ငါ့ကြား နှလုံးသားလမ်းခြားသလို

စိန်ခေါ်နေသည့် စစ်ကြေငြာသံက

ရင်တွင်းသူပုန်ထလို့ ခံစားချက်စစ်မိန့်နဲ့

သူလျှိုစစ်နတ်သမီးကို ထောက်လှမ်းရေးအဖြစ်

ငါ့ဦးနှောက်နယ်နိမိတ်ကို ခြေခြင်းထပ်ကာ

မေတ္တာသီတင်းကို မင်းရယူခဲ့တယ်..။

 

ငါ့ဘဝစစ်သမိုင်းမှာ အလံကျသော

စစ်ရှုံးခြင်းဆိုတာ ဗလာနတ္ထိပါ

အကြိမ်တစ်ရာမက စစ်ပွဲတွေကိုတိုက်

ဘဝတိုက်ပွဲတွေကို ချီတက်တိုက်ခိုက်ရင်း

အခန့်မသင့်သော ငါ့နှလုံးသားတံဆိပ်

မင်းရှေ့ရောက်မှ လဲကျခဲ့ရသလို

ထိုးစစ်တိုက်စစ် ခံစစ် ပြောက်ကျားစစ်နဲ့

စစ်နည်းတစ်ရာ မင်းထံပါးမှာတော့

ငါ့ဟာ အမှုတော်ထမ်းသာ ဖြစ်ခဲ့ရပြီ..။

 

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 12, 2011
Comment #1

ငါ့ဘဝစစ်သမိုင်းမှာ အလံကျသော

စစ်ရှုံးခြင်းဆိုတာ ဗလာနတ္ထိပါ

အကြိမ်တစ်ရာမက စစ်ပွဲတွေကိုတိုက်

ဘဝတိုက်ပွဲတွေကို ချီတက်တိုက်ခိုက်ရင်း

အခန့်မသင့်သော ငါ့နှလုံးသားတံဆိပ်

မင်းရှေ့ရောက်မှ လဲကျခဲ့ရသလို

ထိုးစစ်တိုက်စစ် ခံစစ် ပြောက်ကျားစစ်နဲ့

စစ်နည်းတစ်ရာ မင်းထံပါးမှာတော့

ငါ့ဟာ အမှုတော်ထမ်းသာ ဖြစ်ခဲ့ရပြီ..။

commentinfo By: May Kha at Sep 13, 2011
Comment #2

စစ်ပြေငြိမ်းသော တို့နှစ်ယောက်စစ်ပွဲ

အာရတ်နဲ့ အမေရိက အစ္စရေးနဲ့ ပါလစ်စတိုင်း

စစ်ပွဲကြီးတွေ ပစ်စဲခြင်းများ

ရပ်တန့်သလို ငြိမ်းချမ်းယူခဲ့သလို

ငါတို့နှစ်ယောက်ရဲ့ စစ်ပွဲများက

ဌာနေအဝေး တစ်မြေဝေးနဲ့

ငြိမ်းချမ်းရေးများ ရရှိသော်လည်း

အနေနီးဖို့က ဝေးကွာနေမြဲပေါ့..။
အရမ်းကောင်းတယ်။အားပေးသွားပါတယ်။

commentinfo By: yelaylover2010 at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment