Professional Authors

ငါနင့်ကိုလွမ်းနေမိဦးမယ်

စီကာစဉ်ကာမပြောချင်တော့ဘူး
ပစ်စလတ်ခတ်ထားခဲ့ခြင်းမှာ
ဒီအသည်းတစ်စုံပဲ လောင်မြိုက်
သဘောမတူပဲ စတေးခံခဲ့လိုက်တယ်
မတရားဘူးလို့တောင်မှ မ ပြော ချင် တော့ပါဘူး
ဒီခပ်မဲ့မဲ့အပြုံးအောက်မှာ အဆုံးသတ်လိုက်တယ်
ပြီးတော့….ခပ်တိုးတိုးရှိုက်သံကို မောဟနဲ့ဖုံး
မလုံ့တလုံ မျက်နက်ဝန်းနဲ့
မရဲတရဲ ခိုးခိုးကြည့်မိခဲ့တယ်
ဆုံးရှုံးမှုက ငါ့အတွက်ကျ ရက်စက်လိုက်တာ
သေရာပါမက်မောပါတယ်ဆိုမှ
တစ်စက္ကန့်စာ အကြည့်တစ်ချက်တောင်မရခဲ့ဘူးလေ
ဘာစကားမှ မဆိုနိုင်ခဲ့ခြင်းကတော့
ဆွံ့အယောင်ဆောင်ခဲ့ခြင်းပေါ့
သူနဲ့ငါ့ရဲ့အတိတ်က ငါ့ရဲ့အနာဂတ်ကိုသတ်တယ်
ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
မတူညီပုံများ တက်တက်စင်အောင် လွဲမှားတယ်

အသည်းကျွမ်းပုံပြင်တစ်ပုဒ်ပါ

ခပ်အအမျက်ရည်တစ်ချို့ရယ်
ခပ်ဆွေးဆွေးအလွမ်းမာတိကာရယ်
ခပ်ပျော့ပျော့ကောင်မလေးတစ်ယောက်ရယ်

အရောင်ထွက်နေတဲ့မာနတစ်စုံရယ်
ခပ်ရင့်ရင့် နိဂုံးရယ်
ခပ်မာမာကောင်လေးတစ်ယောက်ရယ်

ကြက်ခြေခတ်X

In: ကဗျာ Posted By: Date: Sep 11, 2011
Comment #1

သူနဲ့ငါ့ရဲ့အတိတ်က ငါ့ရဲ့အနာဂတ်ကိုသတ်တယ်
ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
မတူညီပုံများ တက်တက်စင်အောင် လွဲမှားတယ်

Comment #2

သေရာပါမက်မောပါတယ်ဆိုမှ
တစ်စက္ကန့်စာ အကြည့်တစ်ချက်တောင်မရခဲ့ဘူးလေ…………

commentinfo By: May Kha at Sep 12, 2011
Comment #3

ပစ်စလတ်ခတ်ထားခဲ့ခြင်းမှာ
ဒီအသည်းတစ်စုံပဲ လောင်မြိုက်
သဘောမတူပဲ စတေးခံခဲ့လိုက်တယ်
မတရားဘူးလို့တောင်မှ မ ပြော ချင် တော့ပါဘူး။

commentinfo By: yelaylover2010 at Sep 12, 2011
Comment #4

ခပ်တုံးတုံး…ဒေါ်မိုး….ခပ်ပျောက်ပျောက်..ကောင်မလေးကိုအားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #5

အရောင်ထွက်နေတဲ့မာနတစ်စုံရယ်
ခပ်ရင့်ရင့် နိဂုံးရယ်
ခပ်မာမာကောင်လေးတစ်ယောက်ရယ်

commentinfo By: ရနံ့ at Sep 16, 2011
Comment #6

ကောင်း၏…။

commentinfo By: SoFarAwayFromU at Oct 16, 2011
Comment #7

ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့

commentinfo By: MyoZin at Oct 16, 2011
Comment #8

သေရာပါမက်မောပါတယ်ဆိုမှ
တစ်စက္ကန့်စာ အကြည့်တစ်ချက်တောင်မရခဲ့ဘူးလေ
စကားလုံးတွေက သေလို့ရတယ်ဗျာ အားပေးသွားတယ် ။

commentinfo By: X - ray at Oct 16, 2011
Comment #9

comment တွေထဲမှာ ကဗျာတစ်ပုဒ်လုံးလည်း ကုန်ရောပဲ။

ကြက်ခြေခတ်X
(အရင်က ရေးခဲ့တဲ့ကဗျာတွေကို အလွမ်းပြေဝင်ဖတ်တာ)

Leave Comments

Name*

Email*
Website
Email me whenever there is new comment