Professional Authors

မဆုံဆည်းသရွှေ့ .. ( FOR ZMMC )

ကြယ်ရောင်တွေမှိန်မှေး

လရောင်တွေ ဝေးလို့

မသဲမကွဲ အမြင်တွေထဲ

ေ၀၀ါးနေဆဲပါ

အလွမ်းတွေကို သီကုံး

စာစီကာ ဆုံးမှာမဟုတ်တော့

အချိန်တွေသာ ကုန်ဆုံးတယ်

တကယ်တော့ ကိုဟာ ချစ်သူရဲ့

အကြည့်လေးတစ်စုံမှာတောင်

ရုန်းထွက်ဖို့ခက်ခဲနေတာပါ ။

နေချင်တာချစ်သူရဲ့အနားမှာမို့ 

သေရင်တောင်ပစ်မသွားပါနဲ့ 

လွမ်းရမှာကြောက်လို့ပါ ချစ်သူ ။

မျှော်လင့်နေတဲ့အိပ်မက်တွေအတွက်

တစ်ခဏတာလေးဖြစ်ဖြစ်တော့

ဆုံဆည်းချင်ပါတယ် ချစ်သူ

တကယ်တမ်း လွမ်းရရင်

ကို့နှလုံးသားကြမ်းပြင်ထက်မှာ

မျက်ရည်စလေးတွေ

ထစ်ချုန်းမိုးလို စိုကာရွှဲသွားပေမယ့်

တဒင်္ဂလေးလို့ မထင်လိုက်ပါနဲ့

အဲတာ ချစ်နဲ့မဆုံဆည်းသရွှေ့ပဲ ..။။။

In: ကဗျာ Posted By: Date: Sep 9, 2011
Comment #1

အမြန်ဆုံးဆုံဆည်းပါစေနော်……….

commentinfo By: May Kha at Sep 9, 2011
Comment #2

နေချင်တာချစ်သူရဲ့အနားမှာမို့ 

သေရင်တောင်ပစ်မသွားပါနဲ့ 

လွမ်းရမှာကြောက်လို့ပါ ချစ်သူ ။
ကောင်းလှချေလား..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 9, 2011
Comment #3

ဟား မိုက်တယ်ဗျာ အရေးအသားတွေက အရင်ကဗျာတွေနဲ့မတူဘူး ပိုဖတ်လို့ကောင်းသလိုဘဲ အားပေးသွားတယ် လူဆိုးရေ ။

commentinfo By: X - ray at Sep 9, 2011
Comment #4

ဘာပဲပြောပြောခုလိုပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ … ။

commentinfo By: chityellusoelay at Sep 10, 2011
Comment #5

wow…
wow…
ko lu soe doe ka dot kwar,,,
lay sar par de.
lay sar par de.
myan myan ne par say naw.

commentinfo By: ei lay at Sep 10, 2011
Comment #6

လူဆိုးရေ..မမိုး အားပေးသွားတယ်နော်

commentinfo By: အသဲကွဲမိုး at Sep 16, 2011
Comment #7

မမိုးကိုကျေးဇူးအများကြီးတင်ပါတယ်နော် … 🙂

commentinfo By: chityellusoelay at Sep 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment