Professional Authors

ကောင်လေးရေ……… ဘယ်တော့မှ

ကောင်လေးရေ ……

နင့်ကိုအရမ်းချစ်တဲ့ငါ…
အခြေအမြစ်မရှိ နင့်ရဲ့စွပ်စွဲချက်တွေက
ငါ့မာနကို စော်ကားလိုက်သလိုပဲ
နင့်ပြောတဲ့စကား အဲံ့လောက်ပြင်းထန်မယ်လို့
ဘယ်တော့မှ မထင်ထားမိဘူး

အနေဝေးရင် သွေးအေးတယ်လို့
နင်ပြောရအောင် အဲ့လိုဝေးအောင်
နင်ပဲဖန်တီးခဲ့တာလေ…
ဝေးတိုင်းတာ သွေးအေးကြေးဆို
နင့်ကိုငါ ဘယ်တော့မှ ချစ်မိမှာမဟုတ်ဘူး

ငါက မိန်းမသားပါ
နင်ထက် ပိုသ၀န်တိုတတ်ပါတယ်
ဘယ်သူတွေ ဘယ်လိုပြောပြော
နင့်ကို ယုံကြည်စိတ်နဲ့
ဘေးစကားလို့ လျစ်လျူရှိတဲ့ငါ
ငါ့ကျတော့ ပြောင်းပြန်ဖြစ်နေပါလား…

နင်တွေးချင်သလိုတွေး
ထင်ချင်သလိုထင်နိုင်တယ်
ငါပြောရဲတာကတော့
ဘယ်တော့မှ နင့်ကိုသစ္စာမပျက်ခဲ့ဘူး………

In: ကဗျာ Posted By: Date: Sep 9, 2011
Comment #1

ကြောက်တောင်..ကြောက်တယ်ဗျ..ကဗျာဖတ်ပြီးတော့
မာန်တွေပါနေသလိုပဲ…နော်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 9, 2011
Comment #2

good

commentinfo By: May Kha at Sep 10, 2011
Comment #3

wow,,
kwat ti pe,,,
kwat ti pe,,,
he,,he,,
thz so so much,,

commentinfo By: ei lay at Sep 10, 2011
Comment #4

read again.
this is my 20 time.

commentinfo By: ei lay at Dec 17, 2011
Comment #5

အားပေးတဲ့အတွက် ကျေးဇူးပါပဲ အိလေး

commentinfo By: linn at Dec 18, 2011
Comment #6

u r welcome,fri.

commentinfo By: ei lay at Dec 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment