Professional Authors

ချစ်သူပျောက်ကို လိုက်ရှာနေတဲ့ မှတ်ပုံတင် ( မင်းခိုက်စိုးစန် )

(၁)
စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတလေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး….

(၂)
သူမရဲ့ နဖူးကို ထိတယ်ဆိုရုံကလေး ငါနမ်းခဲ့တာပါ…။

(၃)
ဒါနဲ့များ…
အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလက
ရှည်လျားလှချည်လားကွယ်…..
ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာ
ငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်….

(၄)
ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊
ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ….
(မှတ်ပုံတင်တစ်ခုက
သူ့ပိုင်ရှင်ကို လိုက်ရှာနေပုံ
အို….လူတွေကို ပြောပြရင်တောင်
ယုံနိုင်စရာ မရှိပါဘူးကွဲ့)
ငါဆိုတဲ့ကောင်ကလည်း၊ မင်းအတွက်နဲ့
သူများတံတွေးခွက်ထဲ ရောက်ရင်တောင်
ပက်လက်တော့ အမျောခံမှာ မဟုတ်ဘူး၊
မင်းဆီကို လက်ပစ်ကူးပြီး လာခဲ့မယ်

(၅)
စံပယ်ပွင့်ရေ…
အချစ်တွေ ဖျားနာသွားတဲ့အထိ
ငါ့အပေါ်ရွာချလိုက်ပါကွယ်
နှင်းဆီအဖြူတစ်ပွင့် ထိုးစိုက်ထားတဲ့ နံနက်ခင်းနဲ့အတူ
ချစ်သူပြန်လာမယ်…..တဲ့
ရွာလှည့်ပါ……လာခဲ့ပါ……
အချစ်ရေ…
မင်း နောင်တ မရစေရပါဘူးကွယ်။

မင်းခိုက်စိုးစန်

Comment #1

I like it so much

commentinfo By: angel rain at May 15, 2010
Comment #2

မင်းခိုက်စိုးစန် ရဲ့ ပရိတ်သတ်တစ်ရောက်ပါ
စာတွေကို ကြိုက်တယ်

commentinfo By: ju ju at Jun 2, 2010
Comment #3

ဟေ့ ရှင့်ကိုသနားလို့တဲ့ စပါယ်မိုးတွေ ရွာချလိုက်တယ်

commentinfo By: soe at Jun 23, 2010
Comment #4

အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလက
ရှည်လျားလှချည်လားကွယ်…..
ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာ
ငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်….

commentinfo By: Natthamee at Nov 25, 2011
Comment #5

so so nice,
really excellent.
really perfect

commentinfo By: ei lay at Mar 18, 2012
Comment #6

အချစ်တွေ ဖျားနာသွားတဲ့အထိ
ငါ့အပေါ်ရွာချလိုက်ပါကွယ်
နှင်းဆီအဖြူတစ်ပွင့် ထိုးစိုက်ထားတဲ့ နံနက်ခင်းနဲ့အတူ
ချစ်သူပြန်လာမယ်…..တဲ့
ရွာလှည့်ပါ……လာခဲ့ပါ……
အချစ်ရေ…
မင်း နောင်တ မရစေရပါဘူးကွယ်။
တော်လိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #7

Super Super like
Extremely like.

commentinfo By: ei lay at Oct 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment