Professional Authors

“ငါ မင်း ပြန်လာမယ့်ရက်ကို မျှော်နေပါတယ်”(မျှော်တော်ယောင်)

သိပြီးသားကို
မသိချင်ယောင်ဆောင်
မေးနေမှတော့
မပြောချင်လဲ
ပြောရတော့မှာပေါ့။

ရှိပြီးသား အဖြေကို
မသိချင်ယောင်ဆောင်
မေးနေမှတော့
မဖြေချင်လဲ
ဖြေရတော့မှာပေါ့။

မမေးချင်ဘဲ မေးတာထက်
မသိချင်ဘဲ မေးတာက
ပိုဖြေရခက်လို့
မဖြေချင်ဘဲ ဖြေရမှာထက်
ဖြေချင်လွန်းလို့ ဖြေလိုက်မယ်
“ငါ  မင်း ပြန်လာမယ့်ရက်ကို မျှော်နေပါတယ်”။

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

အမြန်ဆုံးပြန်လာပါစေလို့ဆုတောင်းပေးပါတယ်…….

commentinfo By: May Kha at Sep 8, 2011
Comment #2

ဖြေချင်လွန်းလို့ ဖြေလိုက်မယ်
“ငါ မင်း ပြန်လာမယ့်ရက်ကို မျှော်နေပါတယ်”။
အရမ်းကောင်းပါတယ်ဗျာ……စာသားလေးက…။

commentinfo By: ကေသရီ at Sep 8, 2011
Comment #3

အားပေးနေပါတယ်

commentinfo By: Village chat kyi at Sep 8, 2011
Comment #4

he,,he,,
ma ti chin yaung saung nay tar hote par bu..
kha na kha na kyar chin loh par,
be lout nar htaung nar htaung koh a twat ma yoe naing bu lay.
he,,he,,

commentinfo By: ei lay at Sep 10, 2011
Comment #5

ma ti chin yaung saung ma nay par ne,
lwan hla p.
hint,,hint,,

commentinfo By: ei lay at May 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment