Professional Authors

ဆင်ဆာအမှတ် နံပါတ်တစ်…. ခေါင်းဆောင်အခန်း နံပါတ် ရှစ် – နရီထက်

အပြောကျယ်ကျယ် ပင်လယ်ပြာပြာရယ်
ဒီကမ္ဘာမြေပြင် လှည့်ပတ်ကြည့်တော့
နေတစ်စင်း နှင့် အလုပ်ရှုပ်နေတယ် မဟုတ်လား

အကူမပါပေမဲ့….
ရီမုတ်ကွန်ထရိုနှင့် အသံတိတ်ခလုတ်တွေက
ကမ္ဘာမြေပြင် ရေလွှမ်းမယ့်နေ့သစ်တွေအတွက်
တစ်ချို့နိုင်ငံတွေက…
လျှို့ဝှက် သဘောင်္တစ်စင်း ဆောက်နေကြပြီးကွယ်..

ကုဒ်နံပါတ်တွေအတွက် သဘာဝတရားက
ဘာသာပြန်… ပြန်ပြန်ပေးနေရတော့
ကောင်းကင်ကြီးက…
ဆဲလ်တွေ ပေါက်ထွက်ကုန်နေပြီးရယ်..

မာယာနှင့် အကြင်နာ..
မဟူရာ မေတ္တာတွေက
ထိုင်ခုံ လှလှတွေကြားမှာ
လျှပ်စစ်ထိုင်ခုံက ခမ်းခမ်းနားနားကြီးပါလား…

ခေါင်းနှင့် ပန်း တစ်ထပ်တည်း မကျတဲ့
လက်ခုပ်ထဲမှာ….
တာထွက်ဖို့အတွက် မြှောက်ပန်းလှန်နေကြတာ
အရှုံးဆိုတာ ပွဲပြီးမှ သိကြရမယ် မဟုတ်လား…

ရိုလ် မဖြုတ်ချင်ပေမဲ့…
အဆောင်အယောင်တွေက လက်တွဲဖြုတ်တော့
အဆင့်ဆိုတာ…
နင်ရော…
ငါရော…
လိုချင်ကြတယ် မဟုတ်လား…။      ။

နရီထက်
( ၀၇ ၊ စက်တင်ဘာလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Sep 7, 2011
Comment #1

ခေါင်းနှင့် ပန်း တစ်ထပ်တည်း မကျတဲ့
လက်ခုပ်ထဲမှာ….
တာထွက်ဖို့အတွက် မြှောက်ပန်းလှန်နေကြတာ
အရှုံးဆိုတာ ပွဲပြီးမှ သိကြရမယ် မဟုတ်လား…

commentinfo By: May Kha at Sep 7, 2011
Comment #2

….အပြောကျယ်ကျယ် ပင်လယ်ပြာပြာရယ်
ဒီကမ္ဘာမြေပြင် လှည့်ပတ်ကြည့်တော့
နေတစ်စင်း နှင့် အလုပ်ရှုပ်နေတယ် မဟုတ်လား

အကူမပါပေမဲ့….
ရီမုတ်ကွန်ထရိုနှင့် အသံတိတ်ခလုတ်တွေက
ကမ္ဘာမြေပြင် ရေလွှမ်းမယ့်နေ့သစ်တွေအတွက်
တစ်ချို့နိုင်ငံတွေက…
လျှို့ဝှက် သဘောင်္တစ်စင်း ဆောက်နေကြပြီးကွယ်..
..
ကြိုက်တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #3

မာယာနှင့် အကြင်နာ..
မဟူရာ မေတ္တာတွေက
ထိုင်ခုံ လှလှတွေကြားမှာ
လျှပ်စစ်ထိုင်ခုံက ခမ်းခမ်းနားနားကြီးပါလား…
:good

Comment #4

ခေါင်းနှင့် ပန်း တစ်ထပ်တည်း မကျတဲ့
လက်ခုပ်ထဲမှာ….
တာထွက်ဖို့အတွက် မြှောက်ပန်းလှန်နေကြတာ
အရှုံးဆိုတာ ပွဲပြီးမှ သိကြရမယ် မဟုတ်လား…

ရိုလ် မဖြုတ်ချင်ပေမဲ့…
အဆောင်အယောင်တွေက လက်တွဲဖြုတ်တော့
အဆင့်ဆိုတာ…
နင်ရော…
ငါရော…
လိုချင်ကြတယ် မဟုတ်လား…။ ။အဲ့ အပှဒ်လေးတွေ ကို ကြိုက်တယ်နော်

commentinfo By: thuya at Sep 9, 2011
Comment #5

ခေါင်းနှင့် ပန်း တစ်ထပ်တည်း မကျတဲ့
လက်ခုပ်ထဲမှာ….
တာထွက်ဖို့အတွက် မြှောက်ပန်းလှန်နေကြတာ
အရှုံးဆိုတာ ပွဲပြီးမှ သိကြရမယ် မဟုတ်လား…
ဒီအပုဒ်လေးကိုအကြိုက်ဆုံးဘဲ..

commentinfo By: myintmo at Sep 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment