Professional Authors

ဒုတိယလူ၏ရင်ဖွင့်စာ(genius)

“နည်းနည်းလောက် ခံစားပေးကြပါ။”

ကျွန်တော်…
ဘယ်လိုရင်ဆိုင်ရမှာလဲ?
ကျွန်တော်…
ဘယ်လိုပြုံးပြရမှာလဲ?
ကျွန်တော်…
ဘယ်လိုမေ့ပစ်ရမှာလဲ?
သူနဲ့ပက်သက်ခဲ့ဖူးတယ်ဆိုတဲ့အသိ
သူ……………………………အသိ
အဲဒီ…အသိပေါင်းများစွာနဲ့တင်
ကျွန်တော်
ဒူးထောက်လက်မြှောက်လို့ရပါပြီး။
သူနဲ့ပတ်သက်ရင်
အရာရာရင်ဆိုင်ရဲပေမယ့်
………………………….
ကျွန်တော်…
ရှုံးနိမ့်ခဲ့ဖူးသလိုလို
ကျွန်တော်…
အားနာမိသလိုလို
သလိုလို….သလိုလို
ဘယ်လိုခံစားရတယ်ဆိုတာ
ပြောပြချင်ပေမယ့်
ပြောလို့မတတ်ပါဘူး။
ဒါပေမယ့်
တစ်ခုတော့ ရှိတာပေါ့။
ဒုတိယနေရာက
ဒုတိယလူတွေသာရှိခဲ့ရင်
ကျွန်တော်…
ဘယ်လိုခံစားရတယ်ဆိုတာကို
သိနိုင်ပါလိမ့်မယ်။

“ရင်ဖွင့်စာ” ကိုဖတ်ပြီး ဖြစ်ပေါ်လာတဲ့ခံစားမှုများကို ချရေးသွားလို့ရပါတယ်။

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

…………………………
ဖြစ်တတ်ပါတယ်
အလွန်အကျွံချစ်မိတဲ့အခါ……….
အားပေးလျှက်ပါ..မောင်လေး

commentinfo By: အသဲကွဲမိုး at Sep 6, 2011
Comment #2

ခေါက်ထားလိုက်ကွာ……….
ဒုတိယလူနေရာမှာ အကြာကြီးမနေနဲ့ကွ…………

commentinfo By: sitayenyein at Sep 6, 2011
Comment #3

သူ…………………………………အသိ ဆိုတဲ့ နေရာမှာ ကဗျာက နည်းနည်း ပေါ့သွားတယ်နော်။

Comment #4

အားပေးတဲ့ညီအစ်ကိုမောင်နှများကျေးဇူးပါ။

commentinfo By: poem.poem28 at Sep 6, 2011
Comment #5

ဝေဖန်တဲ့ သူက ဝေဖန်တာကို လစ်လျူရှုတာ မကောင်းပါဘူး။ ဝေဖန်တာ မကြိုက်ရင် comment ကတွေကို ပြန်ဖျက်ပေးပါ့မယ်။

Comment #6

ဗျာ…….မဟုတ်ပါဘူး။အဲလိုသဘောမျိုးနဲ့မဟုတ်ရပါဘူး။
အကိုပြောတာကိုလက်ခံပါတယ်။ဘယ်လိုပြန်ပြောရမှန်း…မသိလို့ပါ sorry ပါ လစ်လျုရှုတာမဟုတ်ပါဘူး။

commentinfo By: poem.poem28 at Sep 6, 2011
Comment #7

လိမ္မာ လိုက်တာ…………………။မျှော်တော်ယောင်က အဲ့ဒီ့ သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ဖတ်ရတာ တစ်မျိုးဖြစ်နေလို့ပါ။ စိတ်မဆိုးပါနဲ့နော်။တောင်းပန်ပါတယ်။စိတ်ကသိ ကအောက် ဖြစ်သွားရင်…………..။

Comment #8

ကိုယ်ချင်းစာပါတယ်…. တခုတော့ပြော ချင်ပါတယ်….
အချစ်ကိုအချစ်လိုပဲချစ်ပါ….. အချစ်ကိုသီးသန့်လေးချစ်တတ်ပါစေ……

commentinfo By: May Kha at Sep 6, 2011
Comment #9

ကျွန်တော်အထင်တော့……ခံစားမှု့ ဆိုတာမှန်ဘီလူးနဲ့ တူတယ်…
ဆွဲကြည့်ရင်ကြည့်သလောက် ကြီးလာမှာပဲ….
လျှော့ချချင်ရင်တော့….ကိုယ့်ကိုကိုယ်သနားရင်တော့ မှန်ဘီလူးကနေ
မျက်လုံးကိုခွာလိုက်ပါ…….ညီအကိုလို ခင်လို့ အကြံပေးတာပါ….
အားပေးသွားပါတယ်…..။

commentinfo By: terry at Sep 6, 2011
Comment #10

သူနဲ့ပက်သက်ခဲ့ဖူးတယ်ဆိုတဲ့အသိ
သူ……………………………အသိ
အဲဒီ…အသိပေါင်းများစွာနဲ့တင်
ကျွန်တော်
ဒူးထောက်လက်မြှောက်လို့ရပါပြီး။

ခံစားပေးလို့ရပါတယ်….ရဲမင်းရေ….ကိုယ်ချင်းလည်းစာတယ် တကယ်…
ဘယ်တတ်နိုင်မှာလဲနော် သူ့ကို ချစ်မိမှတော့….သူပေးသမျှ အရာရာ ကိုချစ်တတ်ရမှာပေါ့လေ…..။

commentinfo By: ကေသရီ at Sep 6, 2011
Comment #11

ဒုတိယ လူ ဆိုတာ ထက် နောက်ဆုံးလူ ဖြစ်အောင် လုပ်ပေါ့ 

Comment #12

ခံစားချက်နယ်လွန်တဲ့လူတိုင်းဖြစ်တက်တယ်ညီလေး .. ။

commentinfo By: chityellusoelay at Sep 6, 2011
Comment #13

ဒုတိယလူဆိုတာတော့ မကောင်းပါဘူး ဒါပေမယ့် အဓိက က နောက်ဆုံးအချစ်ကိုရဖို့ဘဲလေ ဟုတ်တယ်ဟုတ် ဘယ်သူမဆို ပထမဆုံးအချစ်ထက် နောက်ဆုံးအချစ်ကိုဘဲ ပိုလိုလားတောင့်တာကြတာမလား အဲ့တော့ ကိုgenius လည်းချစ်တဲ့သူဆီက နောက်ဆုံးအချစ်ကိုရနိုင်ပါစေဗျာ ကဗျာလေးကောင်းသဗျ အားပေးသွားတယ် ။

commentinfo By: X - ray at Sep 7, 2011
Comment #14

i agree with ko lu lin & x-ray.

commentinfo By: ei lay at Sep 10, 2011
Comment #15

ကိုယ်ချင်းစာပါတယ်
ကိုက်တိုင်လညိးခံစားနေ၇ပါတယ်။သူ့ကိုမြန်မြန်မေ့နိုင်ပါစေလို့ဆုတောင်းပေးးပါတယ်
ဒါပေမယ့်လူတယောက်ကိုမေ့နိုင်ဖို့ဆိုတာဘယ်လိုမှမလွယ်တဲ့အရာတခုပါ
ဒုတိယလူတယောက်ဖြစ်ရတာ ရင်ကွဲမတတ်ခံစားရပါတယ်

commentinfo By: susuhlaing at Jan 14, 2012
Comment #16

ခံစားအားပေးကြတဲ့ညီအစ်ကိုမောင်နှမများအားလုံး…
ကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Jan 14, 2012
Comment #17

phyit hma phyit ya lay,,susuhlaing ye.
no.2 phyit dar bar phyit loh tone,,no.1 phyit dot yaw bar tway po kaung nay loh tone.
a chit hmar a yae ma par tar tway sin sar nay yin a yae g tar tway loak phoe nout kya nay late me.
da ke chit de so yin e dar tway ko ga u sike sa yar ma lo par bu,
nout sone a chit phyit aung kyoe sar pop.
koh ku to kan ka thu ne saw saw ma tway ke bu lay,,dar ko let khan ya hmar pop.
a tin a kyat g no.1 loak chin loh be ya ma le kwe.
sate ko hlauk par naw.
sate pyaw aung nay par kwe.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment