Professional Authors

စကားများလွန်းတဲ့ ကိုယ့်ချစ်သူ(မျှော်တော်ယောင်)

ပုရစ်သံလို ဆူဆူညံညံ
လူသူရှေ့မရှောင်
စကားပြောတတ်တဲ့
မင်းအကျင့်ကြောင့်
ကျောက်ရုပ်တစ်ရုပ်လို
ငါ နှုတ်စိပ်နေရတဲ့ ရက်ပေါင်း
မနည်းမနောပဲ………………..။

ယမကာဆိုင်သွားပြီး
ဘီယာမှာသောက်စရာမလိုဘူး။
ပါးစပ်က အမြှုတ် တစီစီထွက်အောင်ပြောချက်က
ကုန်းနေရေနေ  ဂဏန်းကတောင်
မင်းကို ဘွဲ့ကြီးကြီး ချီးမြှင့်လောက်ရဲ့……………….။

သြော်……….ဒါနဲ့များ
ငါ့ကို မပွင့်တပွင့် အုံ့ပုန်းတွေဆို
လှည့်မကြည့်ချင်လောက်အောင်
မုန်းတယ်ဆိုပြီး ထားခဲ့တဲ့
ချစ်သူရေ………………………..

အေး………………..
အုံ့ပုန်းခုန်လို့ မြေတုန်ရင်
ပက်ကြားအက်ထဲ ကျနေမှဖြင့်
နွားခြေရာခွက်ထဲက  ဖားသူငယ်လို
မျက်လုံးလေးပြူးပြီး
အုံအင် အုံအင် နဲ့ ကြည့်နေရမယ်။

In: ကဗျာ Posted By: Date: Sep 6, 2011
Comment #1

ဟားးးးးးးးးးးးး
မိုက်လှချေလားဗျာ…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 6, 2011
Comment #2

ကျေးဇူးပါ။

Comment #3

မျှော်တော်ယောင် ကဗျာ တွေ ကောင်း တယ်
မျှော် ရလွန်း လို့  ထင်တယ် 😛

Comment #4

ကောင်းတယ်ဗျာ..
သိပ်မမျှော်နဲ့……လည်ပင်းကြီးရှည်နေမယ်
စ တာ ပါ

commentinfo By: အသဲကွဲမိုး at Sep 7, 2011
Comment #5

အုံအင် အုံအင် ဘာလဲဟ အုံးအွမ် အုံးအွမ် ဟုတ်ဝူးလား ( နောက်တာပါ ) ကဗျာလေး လန်းချက်ကကမ်းကုန်ဘဲ အားပေးသွားပါတယ် ။

commentinfo By: X - ray at Sep 7, 2011
Comment #6

hle ma kyi chin lout aung mone de so dot u ka daw daw soe loh lar hin?
he,,he,,

commentinfo By: ei lay at Sep 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment