Professional Authors

သို့…မေမေ။

သို့…မေမေ။

 

 

မေမေ..

သားအနားမှာ   ငွေတွေ….

သား ဘ၀အတွက်   အဖြေတွေ………။

 

သိက္ခာကို ခ၀ါချ 

ကိုယ်ကျင့်ကိုသာ  “”ဖျက်ချ”” ရရင်

ငွေပုံကြီးရဲ့  ကြား

သား  ပျောက်သွားမလား…..မေမေ…..။

 

ရိုးသားမှု့ကို  ချောင်ထဲထိုး

မိနစ်တိုင်းမှာသာ  “”ခိုး””ရရင်

လိုတာထက်ကို ပိုဝင်

ငွေတွေကြားမှာ  သားပျှော်ရွှင်မလား ….  မေမေ……….။ 

 

ကိုယ်ချင်းစာတရားကို   အိမ်သာမှာထား

တွေ့သမျှ  ဘ၀တွေကို “”လဲစား””

ဝိသမာ လောဘသား အဖြစ်

ဘ၀ကို တွင်တွင်နှစ်ရင်း…………..

စည်းစိမ်ပုံကြီးပေါ်မှာ  သား တက်ထိုင်….

သား ဘ၀က ခိုင်မာမလား…မေမေ…………။

 

မေတ္တာကို  ခုတုံးလုပ်

သစ္စာကို ဖြဲစုတ်လို့

မိန်းမလှလေးတွေကို  “”လှည့်ဖြား””……

နယ်စပ်မှာ  ရောင်းစား

များလှတဲ့   အသပြာတွေ နား….

သားပုံက   ခန့်ညားမလား  မေမေ…………။

 

ဝေဒနာရှင်တွေရဲ့  ကျန်းမာရေး

ထောက်ထားပေးပြီး

နာမည်ကြီး ဆေးတွေကို  အတုထုတ်

သား  “မီလျံနာ”” လုပ်ရမလား….မေမေ…။

 

 

ဒါမှမဟုတ်….

သိက္ခာကို  အရောင်ထုတ်

ရိုးဂုဏ်ကို ကဗျာ လုပ်လို့

“”နွမ်းပါး””တဲ့ သဏ္ဍန်…..

“”ဆင်းရဲ”” တဲ့ ဟန်နဲ့

ကိုယ်ကျင့်တရားကို   ကောင်းအောင်ထား

“”စာနာမှု့”” များနဲ့၊

“”ကိုယ်ချင်းစာ””  သော…လူ

“”စာရေးသော  သူ””  သောကများရဲ့အပူ…

မနားတမ်း  သားယူရမလား…..မေမေ……….။

 

မေမေ..

သားအနားမှာ   ငွေတွေ….

သား ဘ၀အတွက်   အဖြေတွေ………။

 

 

 

ကကြီး။ [email protected](22.6.11)

In: ကဗျာ Posted By: Date: Sep 5, 2011
Comment #1

ရိုးသားမှုကို ချောင်ထဲထိုး
မိနစ်တိုင်းမှာသာ “ခိုး” ရရင်
လိုတာထက်ကို ပိုဝင်
ငွေတွေကြားမှာ သားပျော်ရွှင်မလား… မေမေ…..။ တကယ်မိုက်တဲ့စာသားတွေဘဲဗျာ ပညာလည်းပါတယ် အားပေးသွားပါတယ် ။

commentinfo By: X - ray at Sep 6, 2011
Comment #2

ကောင်းတယ်ဗျာ အရေးအသား မိုက်တယ်

Comment #3

သိက္ခာကို အရောင်ထုတ်

ရိုးဂုဏ်ကို ကဗျာ လုပ်လို့

“”နွမ်းပါး””တဲ့ သဏ္ဍန်…..

“”ဆင်းရဲ”” တဲ့ ဟန်နဲ့

ကိုယ်ကျင့်တရားကို ကောင်းအောင်ထား

“”စာနာမှု့”” များနဲ့၊

“”ကိုယ်ချင်းစာ”” သော…လူ

“”စာရေးသော သူ”” သောကများရဲ့အပူ…

မနားတမ်း သားယူရမလား…..မေမေ……….။

အရမ်းကောင်းတယ် အတွေးအခေါ်တွေက…….အားပေးသွားတယ် …….ကကြီးရေ……

commentinfo By: sitayenyein at Sep 6, 2011
Comment #4

ပည်သူတွေကို ပေးငတ်

သားပါးစပ်မှာ…. အသားတုံး ကပ်ဖို့

အာဏာတွေကို ဆွဲကိုင်…..

ဗိုလ်ချုပ်ကြီး စတိုင်…ထုတ်

“”သား …..

“”စစ်ဗိုလ်ချုပ်…..””
.မြန်မာပြည်မှာ လုပ်ရမလား…..မေမေ….။

commentinfo By: May Kha at Sep 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment