Professional Authors

အဆိုးဆုံး ရလာဒ်

ငါဟာ လောဘလမ်းရဲ့ အဆိုးဆုံးသခင်

ငါဟာ ဒေါသလမ်းရဲ့ အဆိုးဆုံးမုန်းတိုင်

ငါဟာ မောဟလမ်းရဲ့ အဆိုးဆုံးအမှောင်

ငါဟာ အတ္တရဲ့ အဆိုးဆုံးဖခင်

ငါဟာ သောကရဲ့ အဆိုးဆုံးမိဖုရား

ငါဟာ ပရိဒေဝရဲ့ အဆိုးဆုံးမီးအဟုန်

ငါဟာ ဒုက္ခရဲ့ အဆိုးဆုံးခမည်းတော်

ငါဟာ ဥပါယာသရဲ့ အဆိုးဆုံးမယ်တော်

ငါဟာ ဗျာပါဒရဲ့ အဆိုးဆုံးအတွင်းဝင်

ငါဟာ ဥပါဒါန်ရဲ့ အဆိုးဆုံးတရားသူကြီး

ငါဟာ ဝေဒနာရဲ့ အဆိုးဆုံးဆရာဝန်

ငါဟာ အားလုံးသော အကုသိုလ်ရဲ့ နတ်ဆိုး

အတိက်ဆိုးလွန်းလို့ အာကာဝေဟင်မှာ

မိုးမှောင်ကျသော မိုးသားတွေပြည့်နှယ်

သဘာဝလျှပ်စီးတွေကြား စက်သေနတ်သံတွေ

ပစ်ချသော မိုးကြိုးနျူးကလီးယား လက်နက်က

ပစ်မှတ်ကောင်းသော လက်ချက်ဖြင့်

ရင်ခွင်ကို ထိုးခွင်းခဲ့ပြီ

အို ဘယ့် အကုသိုလ်ရှင်……သေလွန်ခဲ့ပြီ…ငရဲပြည်..။

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Sep 4, 2011
Comment #1

အဆိုးဆုံး ထဲက လွတ်မြောက်နိုင်ပါစေ…………………..

Leave Comments

Name*

Email*
Website
Email me whenever there is new comment