Professional Authors

ပြယုဂ်

အားနာတတ်တဲ့ စိတ်ဓါတ်
မရှိတတ်ဘူးဆိုရင်
ကမ္ဘာကို တစ်နေ့ နှစ်ပတ် ပတ်ခိုင်းချင်တယ်။…

အတုယူတာနဲ့ အတုခိုးတာအကြား
စိတ်ဓါတ်တွေ အောက်တန်းစား မဆန်ဖို့
ကိုယ့်ကို ကိုယ် ပြန်ဆန်းစစ်ဖို့ လိုနေပြီ။…

စကားငွေ့တွေ အများအပြားသုံး
ငြိမ်းချမ်းရေး အယောင်ဆောင် တိုက်ပွဲအတွက်
အာပုပ်စော်နံတာကို လက်ခံရဲကြလား။…

အထက်ပါအကြောင်းနဲ့ အောက်ပါဖြစ်စဉ်
‘လု’ ယက်တိုးဝင် ‘လူ’ ဖြစ်ချင်စိတ်များ
‘လူး’ လှိမ့်ကြိုးစားလည်း
အသိလေးထား ဖြည်းဖြည်းတော့သွားပေါ့။…

ကဲ! ……………
အကြည်ဓါတ်ရတိုင်း တစ်ခါမေး..
ငါ့…………….အတွေးတွေ
လူ ဆန်သေးရဲ့လား။…

In: ကဗျာ Posted By: Date: Sep 2, 2011
Comment #1

ကဲ! ……………
အကြည်ဓါတ်ရတိုင်း တစ်ခါမေး..
ငါ့…………….အတွေးတွေ
လူ ဆန်သေးရဲ့လား။…
ကောင်းတယ်ဗျာ

Comment #2

အတုယူတာနဲ့ အတုခိုးတာအကြား
စိတ်ဓါတ်တွေ အောက်တန်းစား မဆန်ဖို့
ကိုယ့်ကို ကိုယ် ပြန်ဆန်းစစ်ဖို့ လိုနေပြီ။…

စကားငွေ့တွေ အများအပြားသုံး
ငြိမ်းချမ်းရေး အယောင်ဆောင် တိုက်ပွဲအတွက်
အာပုပ်စော်နံတာကို လက်ခံရဲကြလား။…

commentinfo By: May Kha at Sep 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment