Professional Authors

တွေဝေနှင်း

နှင်းပွင့်ကြွေကျ ညတာရှည်မှာ
လွမ်းရက်မောတောင် ကြွေကာပြုန်းကျ
ဒီအချိန်ရောက်မှ ရင်မှာတမ်းတသတဲ့လား…
လာပါကွယ် လာပါရယ်လို့
သူခေါ်ကာ ကိုယ်လာတော့
ရင်ကဆိုတဲ့ အသိတရား
တွေဝေကာရယ် နေဦးမလား
နှင်းပွင့်တွေနှင့် ထားရစ်ခဲ့သူ…
မျှော်တော့မျှော်မည်
မျှော်ပေမယ့်လည်း ဖြစ်မလာမည်
သိတော့သိသည် ဒီအသိ
တွေဝေနှောင်းရစ် ရင်ကအသည်း
ဖွင့်ပြောကောင်း မပြောကောင်း
နှစ်ရှည်လကြာ ကာလတာရှည်မျော
ပြောပြရဖို့ မဟန်သာပြီ
သြော်…အချစ်ဦးရယ်
ရင်ထဲမှာတော့ နှင်းစက်တွေနှင့်
ခိုက်ခိုက်တုန်သည်..

3.1.08
Second Two

In: ကဗျာ Posted By: Date: May 12, 2010
Comment #1

ဖတ်ရှုအားပေးသွားပါတယ်ချင့်

commentinfo By: snowpan at Jun 10, 2010
Comment #2

ကြိုက်သွားပြီ

commentinfo By: snow at Jan 31, 2011
Comment #3

နှင်းပွင့်ကြွေကျ ညတာရှည်မှာ
လွမ်းရက်မောတောင် ကြွေကာပြုန်းကျ
ဒီအချိန်ရောက်မှ ရင်မှာတမ်းတသတဲ့လား…
လာပါကွယ် လာပါရယ်လို့
သူခေါ်ကာ ကိုယ်လာတော့
ရင်ကဆိုတဲ့ အသိတရား
တွေဝေကာရယ် နေဦးမလား
နှင်းပွင့်တွေနှင့် ထားရစ်ခဲ့သူ…
မျှော်တော့မျှော်မည်
မျှော်ပေမယ့်လည်း ဖြစ်မလာမည်
သိတော့သိသည် ဒီအသိ
တွေဝေနှောင်းရစ် ရင်ကအသည်း
ဖွင့်ပြောကောင်း မပြောကောင်း
နှစ်ရှည်လကြာ ကာလတာရှည်မျော
ပြောပြရဖို့ မဟန်သာပြီ
သြော်…အချစ်ဦးရယ်
ရင်ထဲမှာတော့ နှင်းစက်တွေနှင့်
ခိုက်ခိုက်တုန်သည်..

commentinfo By: thang thang at Oct 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment