Follow us on Facebook Follow us on Twitter Subscribe RSS Feed

Recent Comments

Professional Authors

နယူးတန်လည်း…မှားပြီ(genius)

လိုချင်ပါတယ်
မင်းဆီက တန်ပြန်အချစ်တွေ။

လိုချင်ပါတယ်
မင်းဆီက တန်ပြန်ဂရုစိုက်မှုတွေ။

လိုချင်ပါတယ်
မင်းဆီက တန်ပြန်လေးနက်မှုတွေ။

လိုချင်ပါတယ်
မင်းဆီက တန်ပြန်ကြင်နာမှုတွေ။

လိုချင်ပါတယ်
မင်းဆီက တန်ပြန်သတိရမှုတွေ။

လိုချင်ပါတယ်
မင်းဆီက တန်ပြန်လွမ်းဆွေးမှုတွေ။

လိုချင်ပါတယ်
မင်းရဲ့တန်ပြန်သက်ရောက်မှုတွေ။

လိုချင်ပါတယ်…။
လိုချင်ပါတယ်……..ဗျာ။
လုပ်ပါဦး…
နယူးတန်ရယ်…
ခင်ဗျားရဲ့..သီအိုရီ
ကျွန်တော့်အတွက်
မှားနေလို့ပါ။

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

လိုချင်ပါတယ်…။
လိုချင်ပါတယ်……..ဗျာ။
လုပ်ပါဦး…
နယူးတန်ရယ်…
ခင်ဗျားရဲ့..သီအိုရီ
ကျွန်တော့်အတွက်
မှားနေလို့ပါ။ ( ဟုတ်တယ်……နယူတန်ကိုအိမ်မှာကျုရှင်သင်ပေးရမယ်)

commentinfo By: May Kha at Sep 1, 2011
Comment #2

မှန်လိုက်လေခြင်း ရဲမင်း ရယ်….
အဲ နယူတန် ရဲ့ သီအိုရီ က လုံးဝ ဆန့်ကျင်ဘက်ကျနေတယ်….။
အားပေးသွားပါတယ်….။
ကဗျာလေးကကောင်းတယ်…။

commentinfo By: ကေသရီ at Sep 1, 2011
Comment #3

အားပေးသွားတယ်……

commentinfo By: terry at Sep 1, 2011
Comment #4

hae,,,hae,,,ko poem…
it depends on u.
no doubt with universal truth lay.ha,,ha,,,
u’ll get what u give.
everything is up to u.
if u want,u must try.

come on,,fri.
don’t give up.
u can do well.
don’t feel depress.

commentinfo By: ei lay at Sep 1, 2011
Comment #5

လုပ်ပါဦး…
နယူးတန်ရယ်…
ခင်ဗျားရဲ့..သီအိုရီ
ကျွန်တော့်အတွက်
မှားနေလို့ပါ။
ကောင်းဗျာ..နယူးတန်ကြားရင် ထိုင်ငိုမှာဘဲဗျ! 🙂

commentinfo By: ဖိုးနမ်း at Sep 1, 2011
Comment #6

i agree with ko phoe nan.
he,,he,,
ko poem ko wine sa nay kya p.
ko poem g ngo dot me.

commentinfo By: ei lay at Sep 1, 2011
Comment #7

အားပေးတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ်။

commentinfo By: poem.poem28 at Sep 2, 2011
Comment #8

လိုချင်ပါတယ်…။
လိုချင်ပါတယ်……..ဗျာ။
လုပ်ပါဦး…
နယူးတန်ရယ်…
ခင်ဗျားရဲ့..သီအိုရီ
ကျွန်တော့်အတွက်
မှားနေလို့ပါ။

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #9

လုံးဝကိုမိုက်တယ်

commentinfo By: မြတ်လေး at Feb 27, 2012
Comment #10

ဒါကြောင့်ပြောတာပေါ့ – မြန်မာစာမှာက လောကကြီးကိုတောင် ပြောင်းပြန်ပြန်လို့ရသေးတာ။
လောကကြီးက ပြောင်းပြန်လှန်လိုက်ရင် ကလောဖြစ်သွားတယ်မဟုတ်လား ။
အဲဒါကြောင့် ကိုကိုနယူတန်ကို အကြုံမှာလိုက်ချင်တာက ဘယ်အရာမဆို တစ်သတ်မှတ်တည်း မဟုတ်ဘူး
လုပ်လို့မရဘူး ။။။

commentinfo By: winhtainlin at Feb 25, 2013
Comment #11

လိုချင်ပါတယ်…။
လိုချင်ပါတယ်……..ဗျာ။
လုပ်ပါဦး…
နယူးတန်ရယ်…
ခင်ဗျားရဲ့..သီအိုရီ
ကျွန်တော့်အတွက်
မှားနေလို့ပါ။…d sar tharr lay ko noe..fb status lay mhar tin kwint pay pr naw…poem.poem..lay sar hlaut…^^

commentinfo By: shwezin myatno at May 24, 2013
Comment #12

ရပါတယ်…အားပေးတဲ့သူငယ်ချင်းများကိုလည်း ကျေးဇူးပါ

commentinfo By: poem.poem28 at May 26, 2013
Comment #13

Like!

commentinfo By: အရိပ် at May 26, 2013
Comment #14

အသုံးချလိုက်တဲ့အား အတွက် တူညီပြီး ပြောင်းပြန်ဦးတည်ချက်ရှိတဲ့ တွန်းကန်အား ပြန်လာပါတယ်။
Each action has an equal and opposite reaction.
မီးသတ်သမားတွေ မီးသတ်ပိုက်ကို သုံးလေးယောက် ၀ိုင်းကိုင်ပြီး မီးသတ်တာကို မြင်ဖူးကြမှာပါ။ မီးသတ်ပိုက်က ထွက်လာတဲ့ ပြင်းထန်တဲ့ ရေရဲ့ အားကြောင့်
မီးသတ်ပိုက်က နောက်ကို ပြန်ကန်ထွက်ပါတယ်။
Mass နဲ့ density ကိုလည်း ထည့်တွက်မှာဖြစ်မှာပေါ့။
ဥပမာ အားဖြင့် လူတစ်ယောက်ကို ကားတိုက်လို့ရှိရင် ကားက လူရဲ့ Reaction ကြောင့် ဘာမှ မဖြစ်ပေမယ့် လူကတော့ ကားရဲ့ Action ကြောင့် အကြီးအကျယ်ခံရနိုင်ပါတယ်။
ဒီနေရာမှာ တစ်ခု ထပ်ဖြည့်ပြီး ပြောချင်တာက နယူတန်ရဲ့ တတိယနိယာမဟာ သံလိုက်အား (Magnetic Force) ပါဝင်တဲ့ အရာဝတ္ထု နှစ်ခုရဲ့ ထိတွေ့မှု (Interaction) မှာ မှန်ကန်မှု မရှိပါဘူး။ နယူတန်ရဲ့ နိယာမတွေဟာ ဒြပ်ထု ကြီးမားတဲ့ အရာဝတ္ထုတွေမှာ သာ မှန်ကန်ပါတယ်။ အက်တမ်ထဲမှာ ရှိတဲ့ အမှုန်အမွှား (Particles) တွေရဲ့ ရွေ့လျားမှုဟာ နယူတန်ရဲ့ နိယာမကို မလိုက်နာပါဘူး။

ဒီတော့ ဒြပ်ထုချင်း သိပ်သည်းမှုချင်း ကွာနေလို့ ဖြစ်ပါလိမ့်မယ်။
နယူတန်မမှားပါဘူး .. .. ခံစားချက်ချင်းမတူတဲ့ လူတစ်ယောက်ကို မှားပြီးချစ်မိသွားလို့ ပါ။

commentinfo By: king Fisher at Aug 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment