Professional Authors

ငါအဖြေမရှာနိုင်တဲ့ ပဟေတိ

ငါဟာ နင့်လောက်မချစ်တတ်ပါဘူး
နင်အမြဲပြောခဲ့တာပါ …
ဟုတ်မှာပါ … နင်အနေနဲ့ပေါ့ …

နင့်ကိုချစ်လို့

စွန့်စားခဲ့တာတွေက …
နင့်အတွက် ဘာမှ မဟုတ်လောက်ဘူး

နင့်ကိုချစ်လို့

လုပ်ပေးခဲ့တာတွေက
နင့်အတွက် ဘာမှ စာမဖွဲ့လောက်ပါဘူး…

နင့်ကိုချစ်လို့

ငါပေးခဲ့တဲ့ အချစ်တွေက
နင်အတွက် နဲနေဦးမှာပါ….

ဒါပေမဲ့ …..
ငါ့ကမ္ဘာမှာ ငါ့စံနဲ့တိုင်းရင် ..
အဲ့ဒါတွေက အကြီးကြီးတွေ …
တခြားတယောက်အတွက် ငါမလုပ်ပေးနိုင်တာတွေ
တခြားတယောက်အတွက် မပေးနိုင်တဲ့ အချိန်တွေ
ငါအရမ်းချစ်တဲ့သူငယ်ချင်းတွေကို နင်အတွက် လျှော်ခဲ့တာတွေ
အားလုံး အားလုံး … ပေါ့

တကယ်အချစ်စစ်မှာ … တယောက်နဲ့တယောက်
မတင်းတိမ်နိုင်တာ … သဘာဝလား …

ငါ ပဟေတိ တွေ ဖြေနိုင်ခဲ့တယ် …
ဒီတခုရဲ့ အဖြေကို တော့ ရှာမတွေ့ဘူး….

ကဗျာချို

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

တကယ်ချစ်မိရင်အားလုံးကိုနားလည်ပေးနိုင်တယ်.

commentinfo By: May Kha at Sep 1, 2011
Comment #2

ကဗျာလေးဖတ်ပြီး……
တစ်ခုခုကိုတွေးမိလာတယ်…….
ကောင်း၏

commentinfo By: terry at Sep 1, 2011
Comment #3

hote de,,,
ma tin: tane naing bu.
e dar a yan chit loh.
e dar a chit a twat pay sat ya hmu tway pe.
naung ta ya nay p so yin dot ma hote tay bu naw.

commentinfo By: ei lay at Sep 1, 2011
Comment #4

ဟုတ်တယ် … ဟုတ်မယ် … သူတို့နှစ်ယောက်က တယောက်နဲ့တယောက် အချစ်ကို ထပ်ထပ်လိုချင်နေကျတာ

commentinfo By: ကဗျာချို at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment